ကိုယ်ပိုင် Esports အဖွဲ့အစည်းကို တည်ထောင်လိုက်ပြီဖြစ်တဲ့ ဘာစီလိုနာစတား ဂရစ်ဇ်မန်း

ကိုယ်ပိုင် Esports အဖွဲ့အစည်းကို တည်ထောင်လိုက်ပြီဖြစ်တဲ့ ဘာစီလိုနာစတား ဂရစ်ဇ်မန်း

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နိုင်ငံသား နာမည်ကျော် ဘောလုံးသမား တစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်း (Griezmann) အနေနဲ့ ကိုယ်ပိုင် Esports အဖွဲ့အစည်းဖြစ်တဲ့ Grizi Esport ကို တည်ထောင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Grizi Esport ကို ပြင်သစ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း အဖြစ် တည်ထောင်ခဲ့တာဖြစ်ပြီး CSGO, Fortnite, League of Legends, Rainbow Six Siege, FIFA စတဲ့ နာမည်ကျော် Esports ကဏ္ဍတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Grizi Esport အဖွဲ့အစည်း ကိုယ်စားပြု လက်အောက်ခံ အသင်းတွေမှာ ဝင်ရောက် ကစားချင်တဲ့ ကစားသမားတွေရဲ့ CV Form တွေကို စတင် လက်ခံနေပြီ ဖြစ်သလို Grizi CSGO အသင်း အတွက် ကစားသမားတွေကိုလည်း စတင် ရှာဖွေနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Grizi Esport အဖွဲ့အစည်း လက်အောက်ခံ အသင်းတွေကို ပြင်သစ်နိုင်ငံသား ပရိုဖက်ရှင်နယ် Esports ကစားသမားတွေနဲ့သာ ဖွဲ့စည်းသွားမှာလား ဒါမှမဟုတ် နိုင်ငံတကာ ကစားသမားတွေနဲ့ ဖွဲ့စည်းသွားမှာလား ဆိုတာကိုတော့ လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူများကတော့ Grizi Esport အဖွဲ့အစည်း လက်အောက်ခံ အသင်းတွေမှာ နိုင်ငံခြားသား ကစားသမားတွေကို မြင်တွေ့သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ Grizi CSGO အသင်း အနေနဲ့ နာမည်ကျော် CSGO ကစားသမားတွေကို ခေါ်ယူပြီး Tier-S CSGO အသင်းအဖြစ် တစ်ခါတည်း ရပ်တည်သွားမှာ မဟုတ်ဘဲ Tier-A, Tier-B CSGO အသင်းအဖြစ်သာ ရပ်တည်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကနေမှ တဖြည်းဖြည်းချင်း အောင်မြင်တဲ့ CSGO အသင်း တစ်သင်း ဖြစ်လာအောင် ပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Grizi CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေနဲ့ ပတ်သတ်ပြီး သိရှိရခြင်း မရှိသေးတာကြောင့် Grizi Esports အဖွဲ့အစည်း အနေနဲ့ အောင်မြင်တဲ့ CSGO အသင်း တစ်သင်းကို တည်ထောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle