DC Fandome မှာ မိတ်ဆက်သွားခဲ့တဲ့ Batman: Gotham Knights ဂိမ်းသစ်

DC Fandome မှာ မိတ်ဆက်သွားခဲ့တဲ့ Batman: Gotham Knights ဂိမ်းသစ်

ကဲ ဒီတစ်ခေါက်မှာတော့ ဆြာဘတ်ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် Batman ဂိမ်းအသစ်ကို DC Fandome ကနေ ပြသခဲ့ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Batman ဂိမ်းအသစ်မှာ ဆြာဘတ်ကိုယ်တိုင် ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ Trailer လေးကိုကြည့်လိုက်ကြရအောင်ဗျာ။

Gotham Knights Official Trailer

Batman အကြောင်းပြောရမယ်ဆိုရင်တော့ Arkham Knights မှာ Batman ဘယ်သူဆိုတာကို Gotham တစ်မြို့လုံးသိသွားခဲ့ပါတယ်။ အဲ့တာကြောင့် Batman က Knight Fall Program ကိုအသက်သွင်းလိုက်ပြီး Bat Cave ကော၊ သူ့ Mansion ကောကိုပါ ဖောက်ခွဲပစ်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သေသွားပုံရပါတယ်။ ဒါကြောင့်မို့ ဒီ Batman ဂိမ်းအသစ်မှာ Bruce Wayne ရဲ့ မသေခင် Pre-recorded Message နဲ့အတူ Trailer ကို စ တင်ထားပါတယ်။

Batman ရဲ့ Legacy ကိုဆက်ခံမယ့် သူရဲကောင်းတွေကတော့ Robin၊ Nightwing၊ Batgirl နဲ့ Red Hood တို့ဖြစ်ကြပါတယ်။ ဒီဂိမ်းမှာ ထူးခြားတာတစ်ခုက Mission တစ်ခုကို Multiplayer Co-Op အနေနဲ့ နှစ်ယောက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက်လည်း Ability တွေတူကြမှာမဟုတ်ပါဘူး။ Robin ဆိုရင် Teleport တွေဘာတွေလုပ်ပြသွားတာကို တွေ့မြင်နေရပါတယ်။

Gameplay ကိုတော့ IGN ကနေ ၇ မိနစ်စာလောက် ပြသသွားပါတယ်။ Spoiler ကြောက်ရင်တော့ မကြည့်တာပိုကောင်းပါတယ်။ ဒါပေမယ့် Gameplay ပုံစံဘယ်လိုလဲဆိုတာ သိရှိလိုတယ်ဆိုရင်တော့ အောက်က Video လေးကို နှိပ်ကြည့်နိုင်ပါတယ်။

Gameplay ပိုင်းကို တစ်ချက်ပြောကြမယ်ဆိုရင်တော့ Batman: Gotham Knights ဟာ Batman: Arkham Knights ပုံစံမျိုး Graphics နဲ့ Gameplay ပုံစံကအရမ်းကြီးကွာသွားတယ်ဆိုတာမျိုးမရှိပါဘူး။ အရင် Batman ဂိမ်းတွေလိုမျိုးပဲ ပုန်းလျှိုးကွယ်လျှိုးသွားရတာတွေ၊ Puzzle တွေဖြည်ရတာနဲ့ Combat Style ကလည်းဘာမှသိပ်မပြောင်းလဲသွားသလိုခံစားရပါတယ်။ အဲ့တာလေးတွေက အားနည်းချက်လို့ကြည့်မယ်ဆိုရင်တော့ Batman ဂိမ်းတွေက ထွက်လာတိုင်း ဒီလိုပုံစံတွေချည်းပဲဆိုတော့ ဒီတစ်ခုလည်းဘာမှထူးမသွားလို့ အားနည်းချက်လို့ပဲပြောပါရစေ။

Story ပိုင်းကတော့ ဘာတွေဘယ်လိုတွေရှုပ်မယ်ဆိုတာ မသိသေးသလို၊ Batman ဂိမ်းတွေရဲ့ အဓိကပင်တိုင်က Story မှာပဲရှိတော့ ကျွန်တော်တို့ ကောင်းတယ်၊ မကောင်းဘူး သေချာကြီးတော့ တပ်အပ်ပြောလို့မရသေးပါဘူး။ ဒါကြောင့်မို့ Batman: Gotham Knights ဂိမ်းဟာ မျှော်လင့်ထားတဲ့အတိုင်း တကယ်မိုက်တဲ့ဂိမ်းပဲဖြစ်လာမလား၊ အရင်ဂိမ်းတွေလိုပဲထူးမခြားနားနဲ့ Story ကြီးကလည်း သိပ်မမိုက်ဘဲ စုတ်ချာသွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Batman: Gotham Knights ကို PS4, PS5, Xbox One, Xbox Series X နဲ့ PC တို့မှာ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး၊ ၂၀၂၁ မှာတော့ တွေ့မြင်ရမယ်လို့ ကြေညာထားပါတယ်။ ဘယ်နေ့လောက်မှာ ထွက်ရှိလာမယ်ဆိုတာကိုတော့ အတိအကျမကြေညာသွားခဲ့ပါဘူး။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle