သာမန်ကမ်းခြေတွေနဲ့ မတူတဲ့ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားကမ်းခြေများ

သာမန်ကမ်းခြေတွေနဲ့ မတူတဲ့ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားကမ်းခြေများ

ခရီးထွက်တဲ့သူတွေထဲမှာမှကမ်းခြေကို ခရီးထွက်ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အတွက် မြင်နေကျကမ်းခြေမျိုးမဟုတ်ဘဲ ထူးထူးခြားခြားဖြစ်တဲ့ ကမ်းခြေလေးတွေကို ဒီတစ်ခါမှာ စုစည်းဖော်ပြေးပါမယ်။ ဘာလို့ ဒီလိုထူးထူးခြားခြားလေးတွေ စုစည်းဖော်ပြေးရတာလဲဆိုတော့ သမရိုးကျကြီးပဲ သွားနေရတာထက် ဆန်းပြားတာလေးကို သွားကြည့်ရင် စိတ်လည်း အြပောင်းအလဲဖြစ်သလို ကမ္ဘာပေါ်မှာ ဒီလိုနေရာတွေရှိပါလား၊ ဒီလိုအလှတရားလေးတွေလည်း ရှိပါလားဆိုတာကို သိပြီး ခရီးသွား ဖီလင်အသစ်လေးကို ခံစားနိုင်စေချင်လို့ပါ။ ကဲ…..ဘယ်လောက်လှပြီး ဘယ်လိုထူးခြားဆန်းပြားတဲ့ ကမ်းခြေလေးတွေ ဖော်ပြပေးမလဲဆိုတာ ဆက်ကြည့်ကြည့်လိုက်ကြရအောင်။

Maldives ရဲ့Vaadhoo ကျွန်းမှာရှိတဲ့ Glow In The Dark Beach
ဒီကမ်းခြေကို စိတ်ကူူးယဉ်ဆန်ချင်စရာကောင်းလောက်အောင် လှပတယ်လို့ ညွှန်းဆိုရင်တောင် ပိုမယ်လို့ မထင်ပါဘူးနော်။ ဘာကြောင့် အဲဒီလို ပြောရတာလဲဆိုတော့ ကမ်းခြေဟာ ကမ်းခြေနဲ့ မတူဘဲ ကောင်းကင်ပေါ်မှာ ကြယ်လေးတွေ လင်းလက်တောက်ပနေတာနဲ့ တူလို့ပါ။ အဲဒီလို ကမ်းခြေပေါ်မှာ ကြယ်လေးတွေ လင်းလက်တောက်ပနေသလို လင်းလက်နေရတာက Bioluminescent Phytoplankton ကြောင့်ပါတဲ့။ မသိရင် ရေပေါ်မှာ မီးအလင်ပြပွဲ ကျင်းပနေသလိုပါပဲ။

Glow-In-The-Dark Beach

USA ရဲ့ California မှာရှိတဲ့ Glass Beach
California မှာရှိတဲ့ Glass Beach က တစ်ကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ဒီကမ်းခြေဖြစ်ပေါ်လာပုံရဲ့ နောက်ကွယ်မှာလည်း လူသိပ်မသိတဲ့ အကြောင်းတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်အကြာတုန်းက အဲ့မှာနေထိုင်တဲ့ဒေသခံတွေက ရေထဲကို သူတို့ရဲ့ အမှိုက်တွေ၊ အိမ်အသုံးအဆောင်ပစ္စည်းအဟောင်းတွေ စွန့်ပစ်လေ့ရှိကြပါတယ်။ ဒီနေ့ခေတ်ကမ်းခြေမှာ မြင်နေရတဲ့ Glass တွေက အမှိုက်တွေ၊ အိမ်သုံးအသုံးအဆောင်တွေကနေ ပြောင်းလဲလိုက်တဲ့ Glass တွေဖစ်ပြီး အမှိုကနေ အဖိုးမဖြတ်နိုင်တဲ့ အလှတရားတွေရှိတဲ့ ကမ်းခြေအဖြစ်ကို အသွင်း ပြောင်းလာတယ်လို့ ပြောရမလိုပါပဲ။ အစပိုင်းတုန်းကတော့ အမှိုက်တွေနဲ့ ပြည့်နေတဲ့ စွန့်ပစ်ခံကမ်းခြေဖြစ်ခဲ့ပြီး ကမ်းခြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တားဆီးပိတ်ပင်ပြီး သန့်ရှင်းရေးတွေ ပြန်လုပ်ပြီး ထိန်းသိမ်းလိုက်ရာမှ တလက်လက်တောက်ပတဲ့ ကမ်းခြေအဖြစ်ကို ပြောင်းလဲသွားကာ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ် ကျော်ကြားလှပါတယ်။ အခါအခွင့်ရရင် ဒီကမ်းခြေက Glass တွေ လှမလှ သွားကြည့်ဦးမှာပါနော်။

Glass Beach

Mexico ရဲ့ Marieta ကျွန်းမှာရှိတဲ့ Hidden Beach
ဒီကမ်းခြေလေးဟာ Mexico ကမ်းရိုးတန်းရဲ့ မိုင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ Peurto Vallarta အပန်းဖြေမြို့လေးက Marieta ကျွန်းပေါ်မှာ တည်ရှိတာပါ။ ကမ်းခြေလေးရဲ့ နာမည်က Playa Del Amor ဖြစ်ပြီး ဘာသာပြန်လိုက်ရင် အချစ်ကမ်းခြေလို့ အဓိပ္ပါယ်ရပြီး ဒီကမ်းခြေကိုတော့ လူအတော်များများက Hidden Beach ဆိုပြီးပဲ သိကြပါတယ်။ ဘာကြောင့် Hidden Beach ဆိုပြီး လူသိများရတာလဲဆိုတော့ ဂူတစ်ခုရဲ့အတွင်းထဲမှာ ဖုံးကွယ်ပြီး တည်ရှိနေကာ အပေါ်မှာ ကြီးမားတဲ့ အမိုးပွင့်ကြီးရှိပြီး အဲဒီအမိုးပွင့်ကြီးကနေ နေရောင် ကောင်းကောင်းဝင်ရောက်ပြီး လှပတဲ့ ကမ်းခြေအဖြစ် တည်ရှိနေတဲ့အတွက်ကြောင့်ပါ။ ဖန်လိုကြည်လင်တဲ့ရေတွေ၊ လှပတဲ့သဲသောင်ပြင်တွေကြောင့် Mexico ရဲ့ ထူးခြားတဲ့ နေရာတစ်ခုအဖြစ်နဲ့ စာရင်းဝင်နေတာလည်း သိပ်တော့ အံ့သြစရာမရှိပါဘူး။

Hidden Beach

Bahamas က Pink Sand Beach
ပျားရည်ဆမ်းခရီးထွက်ဖို့ ဒီနေရာကို စုံတွဲတွေ စုပြုံရွေးကြတာ ဒီကမ်းခြေရဲ့ လှပတဲ့ အလှတရားတွေကြောင့်ဆိုတာကိုတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူးနော်။ ကမ်းခြေမှာရှိတဲ့ သဲသောင်တွေဟာ ဘယ်ကမ်းခြေက သဲသောင်တွေနဲ့မှ မတူဘဲ ပန်းရောင်သမ်းနေပါတယ်။ ရေပြာပြာလေးနဲ့ ပန်းရောင်သန်းနေတဲ့ ကမ်းခြေဆိုတော့ မိန်းကလေးတွေအကြိုက် ဓာတ်ပုံရိုက်လို့ရတဲ့ နေရာကောင်းဖြစ်ပြီး မတူညီတဲ့ အရောင်နှစ်ခုက အလွှာနှစ်ခုလို ပေါင်းစပ်နေတာကြောင့်လည်း မြင်လိုက်သူတိုင်းဟာ ဒီကမ်းခြေကို လာပြီး သဲသောင်က ပန်းရောင် ဟုတ်မဟုတ် ကိုင်ဖူးချင်တဲ့ စိတ်တော့ ဖြစ်မှာ အသေအချာပါပဲ။

Pink Sand Beach

Australia ရဲ့ Shark Bay မှာရှိတဲ့ Shell Beach
Australia ရဲ့ Shark Bay မှာရှိတဲ့ Shell Beach မှာဆိုရင်တော့ ခရုခွံ သန်းပေါင်း အမြောက်အမြား ဖုံးအုပ်တည်ရှိနေတာကို တွေ့ရမှာပါ။ ခရုခွံတွေအမြောက်အမြားဖုံးလွှမ်းနေတဲ့ ကမ်းခြေမျိုးဟာ ကမ္ဘာပေါ်မှာ ဒီကမ်းခြေအပါအဝင် စုစုပေါင်းနှစ်ခုပဲ ရှိပါတယ်။ အဲ့ကမ်းခြေမှာရှိတဲ့ ခရုခွံမျိုးစိတ်တွေကတော့ Cockle မျိုးစိတ် Fragum Erugatum မျိုးနွယ်ဝင်တွေ ဖြစ်ကြပါတယ်။ ဒီဒေသမှာရှိတဲ့ ပင်လယ်ရေဟာ ရာသီဥတုဒဏ်ကြောင့် သာမန်ပင်လယ်ရေတွေထက် အငန်ဓာတ် ပိုမြင့်ပါတယ်။ ဒီကမ်းခြေရဲ့ အလှကို ခရုခွံလေးတွေက ပံ့ပိုးပေးထားတာ ဖြစ်ပေမယ့် ဒီကမ်းခြေမှာ လမ်းလျှောက်ပြီး သွားမယ်ဆိုရင် ဘယ်လိုသွားရမလဲဆိုတာကိုတော့ စာရေးသူလည်း မပြောတတ်ပါဘူးနော်။

shell beach shark bay

US ရဲ့ California မှာရှိတဲ့ Bowling Ball Beach
California ရဲ့ Mendocino ပင်လယ်ကမ်းခြေတစ်လျှောက်မှာ စက်ဝိုင်းပုံသဏ္ဍန်လုံးဝန်းတဲ့ ကျောက်တုံးကြီးတွေ ရေထဲမှာ ပေါ်နေတာကို တွေ့ရမှာပါ။ ဒီလို လုံးဝန်းတဲ့ ကျောက်တုံးကြီးတွေ ပေါ်နေတဲ့ ကမ်းခြေကို လာလည်ဖို့ အကောင်းဆုံးအချိန်က ဒီရေကျနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲ့ဒါမှ အံ့သြဖွယ်ဖြစ်ပေါ်နေတဲ့ လုံးဝန်းတဲ့ ကျောက်တုံးလေးတွေ ပေါ်လောလေးပေါ်နေတာကို တွေ့ရမှာမို့လို့ပါ။ အဲ့ကျောက်တုံးလေးတွေ တစ်ခုနဲ့ တစ်ခုအပေါ် ခုန်ကူးပြီး လမ်းလျှောက်ရင်တော့ ရေပေါ်မှာ လမ်းလျှောက်နေတဲ့ ခံစားချက်မျိုးရရှိစေမှာမို့ ရေပေါ်လမ်းလျှောက်ကြည့်ချင်လိုက်တာလို့ စိတ်ကူးရှိတဲ့သူတွေ တစ်ခါလောက်တော့ အရောက်သွားကြည့်သင့်ပါတယ်။

Bowling Ball Beach

Greece ရဲ့ Zakynthos ကျွန်းမှာရှိတဲ့ Navagio Beach
Navagio Beach (သို့) နာမည်ကြီး သဘောၤပျက်ကမ်းခြေဟာ ဆန်းဆန်းပြားပြားခရီးသွားတဲ့သူတွေကြားမှာ အလွန်ကျော်ကြားပြီး Greece မှာ လူအများစု ဓာတ်ပုံလာရိုက်ကြတဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့ သဘောၤပျက်ကမ်းခြေဆိုပြီး နာမည်ကြီးတာလဲဆိုတော့ ကမ်းခြေမှာ သဘောၤပျက်ကြီးရှိနေတာကို ရည်ရွယ်ပြီး ပေးထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။အဲ့သဘောၤပျက်ကြီးကို အရင်တုန်းကလူတွေက ဆေးလိပ်၊ ဝိုင်နဲ့ အမျိုးသမီးတွေကို မှောင်ခိုသယ်ယူပို့ဆောင်ဖို့အတွက် အသုံးပြုခဲ့ကြတယ်ဆိုပြီး လူတွေက ယုံကြည်ထားကြပါတယ်။ ဘယ်လိုပဲ ယုံကြည်ထားကြပါစေ လူတွေဟာ ဒီကမ်းခြေကို ရောက်လာရင် ဒီသဘောၤပျက်ကြီးကို နောက်ခံထား ရိုက်ပြီးမှ ပြန်သွားတတ်ကြတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုလို ဖြစ်နေပါပြီ။

Navagio Beach
ကဲ…ဒီကမ်းခြေတွေအကြောင်းကို ဖတ်ရှုပြီးသွားရင်တော့ ကမ္ဘာပေါ်မှာ လှပမှုတွေ၊ လျှို့ဝှက်ဆန်းကြမ်းမှုတွေနဲ့ ပြည့်နေတဲ့ ကိုယ်တွေ မသိသေးတဲ့ ကမ်းခြေအလှတွေ၊ ထူးခြားဆန်းပြားမှုတွေရှိတဲ့ ကမ်းခြေတွေ အများကြီးရှိနေတယ်ဆိုတာကို ကောင်းကောင်းကြီး သိသွားလောက်မယ်လို့ ထင်ပါတယ်နော်။ ဒီကမ်းခြေတွေ အကုန်လုံးကို ကိုယ်တွေ အခုမသွားနိုင်သေးပေမယ့် ဒီဆောင်းပါးကနေ တစ်ဆင့် ကမ်းခြေကို သွားလည်လိုက်တယ်လို့ ယူဆပြီး စိတ်ဖြေလိုက်ကြရအောင်နော်။

Photo Credit: HuffPost, wpmisc.com , Travel Blog – Evaneos, So Perth , geocaching.com

Reference – brightside.me

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle