ပထမဆုံး 10K MMR ပြည့် တောင်အမေရိက ကစားသမားဖြစ်လာခဲ့တဲ့ Scofield

ပထမဆုံး 10K MMR ပြည့် တောင်အမေရိက ကစားသမားဖြစ်လာခဲ့တဲ့ Scofield

တောင်အမေရိက အခြေစိုက် Beastcoast Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Elvis “Scofield” De La Cruz Pena ကတော့ ပထမဆုံး 10K MMR ပြည့် တောင်အမေရိက ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Scofield အနေနဲ့ Beastcoast Dota2 အသင်းမှာ Pos4 ကစားသမား အဖြစ် တာဝန်ယူ ကစားလျက် ရှိပေမယ့်လည်း 10K MMR ကို တက်လှမ်းတဲ့ ခရီးစဉ်မှာတော့ Core Hero တွေဖြစ်တဲ့ Juggernaut, Anti-Mage, Invoker, Slark, Morphling စတဲ့ Hero တွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Scofield အနေနဲ့ Beastcoast Dota2 အသင်းကို ရောက်ရှိတဲ့ အချိန်မှသာ နာမည်ရလာခဲ့ပေမယ့်လည်း ပရိုဖက်ရှင်နယ် Dota2 လောက အထဲကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် Dota2 လောက အထဲကို စတင် ရောက်ရှိစဉ် အချိန်မှာ Union Gaming မှာ ကစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ Infamous, Thunder Predator စတဲ့‌ တောင်အမေရိက အခြေစိုက် အင်အားကြီး Dota2 အသင်းတွေမှာ ကူးချည်သန်းချည် ကစားခဲ့ပါတယ်။

The International 2019 ပြိုင်ပွဲမှာ Infamous နဲ့အတူ ထိပ်ဆုံး (၈) သင်း စာရင်းဝင်တဲ့ အထိ စွမ်းဆောင်နိုင်ခဲ့သလို 2019-2020 DPC ရာသီမှာလည်း MDL Chengdu, Leipzig Major စတဲ့ Major ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Scofield အနေနဲ့ 10K MMR ပြည့် ပထမဆုံး တောင်အမေရိက ကစားသမား စံချိန်ကို ရယူနိုင်ခဲ့ပြီ ဖြစ်သလို နောက်ထပ် တောင်အမေရိက အခြေစိုက် ကစားသမားတွေဖြစ်ကြတဲ့ Thunder Predator Dota2 အသင်းမှ Mjz ၊ Beastcoast Dota2 အသင်းမှ Wisper ၊ NiP Dota2 အသင်းမှ Lelis တို့ အနေနဲ့လည်း 10K MMR ပြည့် တောင်အမေရိက ကစားသမားဆိုတဲ့ စံချိန်ကို ရယူဖို့ ကြိုးစားလျက် ရှိကြတာကြောင့် ဘယ်ကစားသမား အနေနဲ့ ဒုတိယမြောက် 10K MMR ပြည့် တောင်အမေရိက ကစားသမားဆိုတဲ့ စံချိန်ကို ရယူသွားနိုင်မယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle