သူတို့တွေ နာမည်မကြီးခင်က ဘာတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ကြလဲ

သူတို့တွေ နာမည်မကြီးခင်က ဘာတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ကြလဲ


“အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုတဲ့ စကားပုံအတိုင်း သင်ရောက်နေတဲ့နေရာကို မငြီးငြူဘဲ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အောင်မြင်မှုတွေဆီကို အဆင့်ဆင့်တက်လှမ်းဖို့ အခွင့်အရေးတွေ လူတိုင်းမှာ ရှိကြပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေတောင်မှ ဒီလိုပုံစံနဲ့ပဲ အောင်မြင်လာခဲ့တာပါ။

Whoopi Goldberg

နာမည်ကြီး Ghost ရုပ်ရှင်ကားထဲက ဇာတ်ပို့ကြီး Whoopi ွGoldberg တစ်ယောက်ကတော့ အဲ့ရုပ်ရှင်ထဲကအတိုင်း ဝိညာဉ်တွေ၊ နာနာဘာဝတွေကို အပြင်မှာ မြင်၊ မမြင်တော့မသိဘူး။ ဒါပေမယ့် သူအရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်က ရုပ်ရှင်ကားထဲက သူ့ဇာတ်ကောင်နဲ့ အနည်းငယ်ဆက်စပ်မှုရှိတယ်လို့ ပြောရမလိုပါပဲ။ သူလုပ်ဖူးတဲ့ အလုပ်ကတော့ တခြားမဟုတ်ပါဘူး။ အလောင်းတွေကို အလှပြင်ပေးရတာပါ။


Chris Hemsworth

Chris Hemsworth ဟာ အရင်တုန်းက Pharmacy မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူ Pharmacy မှာလုပ်တုန်းက နို့ညှစ်စက်တွေကို သွားပွတ်တံနဲ့ပွတ်တိုက်ပြီး သန့်ရှင်းရေး လုပ်ခဲ့ရတာမျိုးတောင်ရှိပါတယ်။ သူ့အတွက်တော့ အဲ့လိုလုပ်ရတာ စိတ်ထဲတစ်မျိုးဖြစ်ပါတယ်တဲ့။


Megan Fox

နာမည်ကျော်မင်းသမီး Megan Fox ကို မင်းသမီး မဖြစ်ခင်တုန်းက ဘာလုပ်ခဲ့ဖူးတယ်လို့ ထင်ပါသလဲ။ သူမလုပ်ဖူးတာကတော့ တခြားမဟုတ်ပါဘူး။ သီးစုံ Smoothie ရောင်းတဲ့ဆိုင်ရှေ့မှာ ငှက်ပျောသီးဝတ်စုံဝတ်ပြီး ဈေးရောင်းပေးခဲ့ရတာဖြစ်ပါတယ်။


Steve Buscemi

ဇာတ်ပို့နေရာတွေမှာ အကောင်းဆုံးသရုပ်ဆောင်တတ်တဲ့ Steve Buscemi တစ်ယောက်ကတော့ သရုပ်ဆောင်လောကထဲမဝင်ခင်က မီးသတ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ ၈၀ ခုနှစ်တွေတုန်းက New York City Fire Department မှာ လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် 9/11 တိုက်ခိုက်ခံရမှုအပြီးမှာလည်း အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့အတွက် NYC Fire Department နဲ့ အတူ ပါဝင်ကူညီပေးလုပ်ဆောင်ခဲ့ပါသေးတယ်။


Eva Mendes

Sexy ခပ်ကျကျ မင်းသမီးတစ်ဖြစ်လဲ မော်လ်ဒယ်အဖြစ်ပါ နာမည်ကြီးတဲ့ Eva Mendes ကတော့ အရင်က Shopping Mall မှာ Hot Dog ရောင်းခဲ့ဖူးပါတယ်။ ဒီမင်းသမီးချောကို Hot Dog ရောင်းခဲ့ဖူးတယ်လို့ပြောရင် ဘယ်သူယုံမှာလဲနော်။


Harrison Ford

လက်သမားဆရာကြီးဖြစ်ခဲ့ဖူးသူ Harrison Ford တစ်ယောက်ကတော့ သူလက်သမားလုပ်နေရင်းနဲ့ နာမည်ကြီးအမေရိကန်ဒါရိုက်တာ George Lucas နဲ့အတူ တွေ့ဆုံဖို့ အခွင့်အရေးရှိခဲ့တဲ့အထိပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေဟာ အတိတ်က အကြောင်းတွေဖြစ်သွားပါပြီ။


Hugh Jackman

X – Man မင်းသားကြီးကတော့ ပါတီတွေမှာ လူအများပျော်ဖို့အတွက် ဖျော်ဖြေပေးရတဲ့ ဂျိုကာအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူက ပါတီတစ်ခုအတွက် ဒေါ်လာ ၅၀ ယူပြီး လုပ်ခဲ့တာပါ။


Rachel McAdams

မင်းသမီးချော Rachel McAdams ကတော့ McDonald’s မှာ သုံးနှစ်တောင် အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူမပြောတာကတော့ “ကျွန်မဟာ အရမ်းကောင်းတဲ့ ဝန်ထမ်းတစ်ယောက်တော့ မဟုတ်ပါဘူး အအေးဖျော်စက်ကိုလည်း ပျက်အောင်လုပ်ခဲ့ဖူးပါသေးတယ်” လို့ အင်တာဗျူးတွေမှာ အမှတ်တရအေနေဲ့ ပြန်ပြောလေ့ရှိပါတယ်။


Mick Jagger

နာမည်ကြီးရော့ခ်အဆိုတော်ဖြစ်တဲ့ Mick Jagger ကတော့ သူနာမည်မကြီးခင်အချိန်တုန်းက စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ဆေးရုံအကူတစ်ယောက်အဖြစ် လုပ်ခဲ့ပါတယ်။


Sean Connery

ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး Sean Connery ကတော့ သူ့နာမည်ကို လူမသိခင်အချိန်တုန်းက Nude Model တစ်ယောက်အဖြစ်လုပ်ခဲ့ပြီး အခေါင်းသန့်ရှင်းရေးအလုပ်ကိုပါ လုပ်ခဲ့သူပါ။


ကဲ သူတို့တွေတောင် ဒီလိုအလုပ်တွေလုပ်ပြီး လက်ရှိမှာ အောင်မြင်မှုတွေ ဆွတ်ခူးနေတယ်ဆိုရင် ပရိသတ်ကြီးရော တစ်ချိန်မှာသူတို့လို မအောင်မြင်နိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။ ဒါ့ကြောင့်မို့ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်မှာ ခွန်အားအပြည့်အဝစိုက်ထုတ်ပြီး အောင်မြင်မှုတွေရရှိနိုင်အောင် ကြိုးစားကြပါလို့ အားပေးလိုက်ပါတယ်နော်။

Reference: Buzzfeed

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle