ဗိုက်ကအဆီတွေလည်းကျမယ် ခန္ဓာကိုယ်လေးကလည်းလှစေတဲ့ Workout ၄ခု

ဗိုက်ကအဆီတွေလည်းကျမယ် ခန္ဓာကိုယ်လေးကလည်းလှစေတဲ့ Workout ၄ခု

နေ့စဉ်ဘဝမှာစားလိုက်တဲ့ အစားအသောက်တွေကဗိုက်မှာပဲ့အဆီတွေစုနေတတ်ကြပါတယ်။အဲ့တော့တဖြည်းဖြည်းနဲ့ကိုယ့်ခန္ဓာကိုယ်ရဲ့ဗိုက်သားကလည်းအသုံးပြုမှုမရှိရင် ဝလာတတ်ပါတယ်။လေ့ကျင်ခန်းမလုပ်ပဲနဲ့ ဗိုက်ကအဆီတွေကျချတယ်ဆိုရင်ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဆေးဝါးအသုံးပြုပြီးအဆီတွေကျအောင်လုပ်တယ်ဆိုရင်လည်း အရေပြားကတွန့်ပြီးကျန်ခဲ့တတ်ပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းက မိမိခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီတွေဖယ်ရှားပေးတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။Gym သွားရမှာပျင်းတဲ့သူတွေအတွက်အိမ်မှာနေရင်းနဲ့အလွယ်တကူလိုက်လို့ရတဲ့  အဆီကျအောင်လုပ်ပေးတဲ့ Workout လေးတွေကိုလည်းဝေမျှပေးချင်ပါတယ်။

1.Scissors
ကျောပြင်ကိုလှဲထားပြီး လက်ကိုခါးရဲ့ဘေးမှာထားပေးပါ။နောက်ပြီးရင်ခြေထောက်နှစ်ဖက်ကို မြောက်ပြီးညာဖက်ဒူးကို ဘယ်ဖက်ဒူးနဲ့ထိအောင်လုပ်ပေးပါ။တစ်ဖက်တစ်လှည့်ဆီပြောင်းလုပ်ပေးရပါမယ်။အနည်းဆုံးစက္ကန့် ၆၀ ထိလုပ်ပေးသင့်ပါတယ်နော်။

Photo Credit-Pinterest


2.Plank
ဒီလေ့ကျင့်ခန်းလေးကလုပ်ရတာတော့နည်းနည်းလေးပင်ပန်းပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေဖယ်ရှားပေးနိုင်တဲ့အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုလို့လည်းပြောလို့ရပါတယ်။ခန္ဓာကိုယ်ကိုမှောက်လျက်လှဲပြီး လက်တထောင်ဆစ်ကိုကြမ်းပြင်နဲ့ထောက်လိုက်ပါ။နောက်ပြီးရင်တော့ခြေထောက်ကိုထောက်ပြီး ခြေချောင်းတွေကိုကြမ်းပြင်နဲ့ထိတွေ့ထားရပါမယ်။ခြေချောင်း၊တထောင်ဆစ်တွေသာကြမ်းပြင်နဲ့ထိထားရပါမယ်။အနေအထားကမှန်ပြီးဆိုရင် အနည်းဆုံး ၃စက္ကန့်လောက်တောင့်ခံပေးထားပါ။

Photo Credit-Popsugar


3.Standing Side Crunch
Standing Side ကကျတော့မတ်တပ်ရပ်ရင်းလုပ်ရတဲ့လေ့ကျင့်ခန်းလေးတစ်ခုပါ။ကိုယ့်ရဲ့လက်နှစ်ဖက်ကို ကွေးပြီးဦးခေါင်းအနောက်သို့ပို့ထားလိုက်ပါ။ပြီးရင်တော့ဘယ်ဒူးကိုမြှောက်ထားတဲ့ဘယ်လက်နားထိရောက်အောင်မြှောက်ပေးပါ။ညာဘက်လည်းဒီအတိုင်းပါနော်။တစ်ဖက်တစ်လှည့်စီလုပ်ပေးရပါမယ်။အနည်းဆုံး ၄၅ စက္ကန့်ကြာအောင်လုပ်ပေးသင့်ပါတယ်။

Photo Credit-Popsugar


4.Crunch
ဒီလမ်းလေးကလည်းအရမ်းကိုထိရောက်ပါတယ်အဆီကျဖို့အတွက် ကျောကိုကိုယ့်လေ့ကျင့်ခန်းလုပ်နေတဲ့ဖျာပေါ်လှဲလိုက်ပါ။ပြီးရင်ဒူးခေါင်းနှစ်ဖက်ကိုဘေးသို့ကားပြီးခြေထောက်ကိုကြမ်းပြင်နဲ့ထိအောင်ထားပေးပါနော်။နောက်ပြီးရင်တော့နောက်ကျောကိုကြမ်းပြင်ကနေထပေးပါ။ပြီးရင်ပြန်လှဲချလိုက်ပါ။လက်ကိုတော့နောက်စေ့နားကပ်ထားပြီ နောက်ဖက်ကိုတန်းတန်းဆန့်ပြီးထနိုင်ပါတယ်။တစ်ခါလုပ်ရင် ၁၀ကြိမ်လုပ်ပေးပြီ ၃ ခါလုပ်ပေးပါနော်။

Photo Credit-Get healthy u

Kelly (Akhayar Lifestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ