အိမ်တွင်းလည်းအောင်းမယ် ဗိုက်လည်းချပ်စေတဲ့လေ့ကျင့်ခန်းတွေကဘာတွေဖြစ်မလဲ

အိမ်တွင်းလည်းအောင်းမယ် ဗိုက်လည်းချပ်စေတဲ့လေ့ကျင့်ခန်းတွေကဘာတွေဖြစ်မလဲ

အိမ်တွင်းအောင်းရင်းနဲ့ အစားတွေကလည်းစားများပြီး Gym လည်းမသွားဖြစ်ဘူးဆိုတာနဲ့ စားသမျှအဆီတွေကလည်း ဗိုက်မှာပဲပြန်စုနေပြီဆိုတော့ လေ့ကျင့်ခန်းတွေအိမ်မှာပဲလွယ်လွယ်ကူကူနဲ့လုပ်လို့ရတဲ့နည်းလမ်းတွေပြောပြပေးချင်ပါတယ်။ဘယ်ခန္ဓာကိုယ်အမျိုးအစားမဆိုဗိုက်လေးကချပ်နေရင် အဝတ်အစားဝတ်ရင်လည်းယုံကြည်မှုရရှိပြီး ပိုလှမှာဖြစ်ပါတယ်။အဲ့တော့လေ့ကျင့်ခန်းလေးတွေကဘာတွေဖြစ်မလဲ
Straight  Leg Crunches
ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပက်လက်အနေထားလှဲအိပ်ပြီးလက်နှစ်ဖက်ကိုခေါင်းရဲ့အနောက်မှာထားပြီး ၊ခြေထောက်ကိုဆန့်ထားရပါမယ်။ခြေထောက်ကိုဆန့်ပြီးအပေါ်ကိုမြှင့်တင်ပြီးတစ်ပြိုင်တည်းလက်နှစ်ဖက်နဲ့ခေါင်းးကိုပါ တစ်ပြိုင်တည်းမြှင့်တင်ပေးရပါမယ်။ဒီလိုမျိူးအနေထားကို တစ်ခါလုပ်ရင် အကြိမ်နှစ်ဆယ်နဲ့ ၃ခါလုပ်ပေးရပါမယ်။


Bicycle Crunches
Bicycle Crunches  လေ့ကျင့်ခန်းကလွယ်ကူပြီးတော့ အထိရောက်ဆုံးနည်းလမ်းလို့လည်းပြောလို့ရပါတယ်။ ခန္ဓာကိုယ်ကို ပက်လက်အနေထားလဲပြီးတော့ လက်တွေကိုတော့ ခေါင်းရဲ့အနောက်ဘက်မှာထားပြီး ခြေထောက်ကိုကြမ်းပြင်နဲ့မထိအောင်ဆန့်ထားရပါမယ်။ဒူးခေါင်းကို ရင်ဘက်နားအထိကွေးပြီးတော့ ဆန့်ကျင်ဖက်အနေထား လုပ်ပေးရပါတယ်။တစ်ဖက်ကိုအနည်းဆုံးသုံးခါလောက်လုပ်ပေးရပါမယ်။


Reverse Crunches
ခန္ဓာကိုယ်ကိုလှဲပြီးတော့ ခြေထောက်နှစ်ဖက်ကိုဆန့်ထားရပါမယ်။လက်ကိုလည်းဦးခေါင်းအနောက်မှာပဲထားပေးရပါမယ်။ဒူးကိုတော့ရင်ဘက်နားအထိကွေးပေးရပါ။အဲ့အနေထားလေးမှာနေပြီး နဖူးကိုတော့  ရင်ဘတ်ကိုပြန်ဆင်းပြီးခြောက်ထောက်ကိုပြန့်ဆန့်တန်းတဲ့ အနေထားကိုပြောင်းပြန်လုပ်ပေးရပါမယ်။

Kelly -Akhayar Lifestyle

Photo  Credit -Pinterest