၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Dota 2 ကစားသမားများ

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Dota 2 ကစားသမားများ

Esports လောကမှာ အမျိုးအစားအလိုက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ရွေးချယ်ရတဲ့ ကိစ္စဟာ တကယ်ကို ခက်ခဲလှတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာ ထင်မှတ်မထားတဲ့ ကစားသမား အပြောင်းအရွေ့တဲ့၊ အံ့အားသင့်ဖွယ်ရလဒ်တွေ ဖြစ်ပေါ်ခဲ့တဲ့ Dota 2 အတွက် အကောင်းဆုံး ကစားသမားကို ရွေးချယ်ရတာ ပိုလို့တောင် ခက်ခဲပါသေးတယ်။

ဒါကြောင့် နာမည်ကျော် Gaming Media တစ်ခုဖြစ်တဲ့ DotEsports ရဲ့ ပရိသတ်များ အပေါ် စစ်တမ်းကောက်ခံချက်များ အရ ထွက်ရှိလာတဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Dota 2 ကစားသမားတွေကို အခုလို ဖော်ပြ ပေးလိုက်ရတာ ဖြစ်ပါတယ်။

Xu “fy” Linsen (PSG.LGD)

တရုတ်နိုင်ငံ အခြေစိုက် Dota 2 ကစားသမားတွေ အထဲမှာ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ DPC ရာသီ နှစ်ခုလုံးမှာ လက်စွမ်း တည်ငြိမ်မှု အရှိဆုံး၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်စွမ်း အရှိဆုံး ကစားသမားလို့ ပြောလိုက်မယ်ဆိုရင် Dota 2 ချစ်ပရိသတ် အများစု အနေနဲ့ FY ကို ပြေးမြင်ယောင်မိမယ်လို့ ထင်မြင်မိပါတယ်။ The International 2019 ပြိုင်ပွဲ ကာလတစ်လျှောက်လုံးမှာလည်း LGD Dota 2 အသင်း အနေနဲ့ အနိမ့်အမြင့် အတက်အကျပေါင်း များစွာကို ရင်ဆိုင်ခဲ့ရပေမယ့် FY အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့ပြီး PSG.LGD Dota 2 အသင်းကို တတိယဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Clemet “Puppey” Ivanov (Team Secret)

Dota 1 ခေတ်ကတည်းက ပရိုဖက်ရှင်နယ် ကစားသမားအဖြစ် ရပ်တည်လာခဲ့တဲ့ Puppey ဟာဆိုရင် လက်ရှိအချိန်မှာ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားအဖြစ် ၁၀ နှစ်ကျော် ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Dota 2 ကစားသမား သက်တမ်း တစ်လျှောက် The International ချန်ပီယံဆုအပြင် ပြိုင်ပွဲပေါင်း မြောက်များစွာမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Dota 2 Update အသစ်တွေ ဘယ်လောက်ပဲ ထွက်ပေါ်လာပါစေ Puppey ရဲ့ Dota 2 အပေါ် နားလည်နိုင်စွမ်းက လျော့ကျသွားခဲ့ခြင်း မရှိခဲ့သလို Meta နဲ့ လိုက်ဖက်မယ့် ကစားဟန် တစ်ခုကို  အလျင်အမြန်ပဲ ပုံဖော်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာလည်း Puppey ဦးဆောင်တဲ့ Team Secret အဖွဲ့သားတွေ အနေနဲ့ Major ပြိုင်ပွဲပေါင်း များစွာမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် 2019-2020 DPC ရာသီမှာ Puppey ရဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ The International ဆုဖလားကြီးကို နောက်တစ်ကြိမ် ကိုင်မြှောက်ခွင့် ရရှိသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Kuro “KuroKy” Takhasomi (လက်ရှိ-Nigma ၊ ယခင်-Team Liquid)

Puppey လိုပဲ Kuro ဟာဆိုရင်လည်း အကောင်းဆုံး Dota 2 ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာ နှစ်ကာလ အတော်ကြာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ 2018-2019 DPC ရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် KuroKy အနေနဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ကာ The International 2019 ပြိုင်ပွဲကြီး ကျင်းပရန် လပိုင်းခန့် အလိုမှာ အသင်းရဲ့ နာမည်ကျော် ကစားသမား Matumbaman ကို ထုတ်ပယ်ကာ w33.ha ကို ခေါ်ယူခဲ့ပါတယ်။ w33.ha ကို ခေါ်ယူမှုနဲ့အတူ Kuroky ဦးဆောင်တဲ့ Team Liquid ရဲ့ ကစားဟန်ဟာ အတက်ပိုင်းကို ပြန်လည် ရောက်ရှိလို့ လာခဲ့ပြီး The International 2019 ပြိုင်ပွဲကြီးမှာ ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Hector “K1” Antonio Rodriguez (လက်ရှိ-Beastcoast ၊ ယခင်-Infamous)

ဘယ်အားကစားနည်းမှာမဆို ပရိသတ်တွေ အနေနဲ့ မထင်မှတ်ထားတဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်တဲ့ Underdog အသင်းတွေကို နှစ်သက်လေ့ ရှိကြပါတယ်။ The International 2019 ပြိုင်ပွဲကြီးကို တောင်အမေရိက အခြေစိုက် Esports အဖွဲ့အစည်း Infamous အနေနဲ့ Dota 2 လောကရဲ့ လူမသိသူမသိ တောင်အမေရိက ကစားသမားတွေကို ခေါ်ယူပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

နာမည်ကျော် ကစားသမားတွေ ပါဝင်ခြင်း မရှိခဲ့ပေမယ့် Infamous Dota 2 အသင်းဟာ TI 9 ပြိုင်ပွဲမှာ အတွေ့အကြုံရင့် ထိပ်သီး Dota 2 အသင်းတွေကို အကြောက်အရွံ့မရှိ ယှဉ်ပြိုင်ကစားနိုင်ခဲ့သလို Infamous အသင်းရဲ့ Carry ကစားသမား K1 အနေနဲ့လည်း နာည်ကျော် ကစားသမားတွေနဲ့ သက်ဆိုင်ရာ Lane မှာ ယှဉ်ပြိုင်ရတဲ့ အခါမှာ အသာစီး ရယူနိုင်တဲ့အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ပါတယ်။

OG Dota 2 အသင်းသားများ

၂၀၁၉ ခုနှစ်ရဲ့ အကြီးမားဆုံး Dota 2 ပြိုင်ပွဲဖြစ်တဲ့ The International 2019 မှာ အနိုင်ရဗိုလ်စွဲနိုင်ခဲ့သလို The International 2018 ပြိုင်ပွဲမှာလည်း ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် OG Dota 2 အသင်းသား အားလုံးကို ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် သတ်မှတ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

OG Dota 2 အသင်း အနေနဲ့ ၂၀၁၉ ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် 2018 TI ချန်ပီယံ Carry ကစားသမား Ana တစ်ယောက် အသင်းကို ပြန်လည် ရောက်ရှိလာခြင်းနဲ့အတူ TI 9 မှာ ဝင်‌ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး The International 2019 ပြိုင်ပွဲကြီးမှာလည်း အသင်းသား အားလုံး ကောင်းမွန်းတဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ထပ်မံ စွတ်ခူးနိုင်ခဲ့ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle