တစ်သက်လုံးအတူတူနေဖို့ စံအိမ်ကြီးဝယ်လိုက်ကြတဲ့ သူငယ်ချင်းတစ်စု

တစ်သက်လုံးအတူတူနေဖို့ စံအိမ်ကြီးဝယ်လိုက်ကြတဲ့ သူငယ်ချင်းတစ်စု

ကျွန်မတို့တွေမှာလည်း အရမ်းချစ်ရပါတယ်ဆိုတဲ့ သူငယ်ချင်းတွေရှိပါတယ်။ ဒါပေမယ့် အသက်တွေကြီးလာလို့ ကိုယ့်အိမ်နဲ့ကိုယ်ရာနဲ့နေတဲ့အခါကျရင်တော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ရယ် ၊ ကိုယ့်သားသမီးတွေရယ်နဲ့ပဲ အတူတူနေဖို့စိတ်ကူးထားကြမှာပါ။ ဖြစ်ချင်တော့ တရုတ်နိုင်ငံက မိန်းကလေးသူငယ်ချင်း ၇ ယောက်ကတော့ သာမန်လူတွေနဲ့ အတွေးမတူဖြစ်နေပါတယ်။ ဒီအချစ်ဆုံးသူငယ်ချင်း ၇ ယောက်က သူတို့အသက်ကြီးလာတဲ့အခါ သူငယ်ချင်းတွေကြီးပဲ အတူတူနေရအောင်ဆိုပြီး ယွမ် ၄၆၂,ဝဝဝ သုံးပြီး စံအိတ်ကြီးတစ်လုံးဆောက်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ဒီအိမ်ကိစ္စက ၂ဝဝ၈ ခုနှစ်တုန်းက ဒီသူငယ်ချင်း ၇ ယောက်ကြားမှာ ဟာသတစ်ခုအနေနဲ့ ရှင်သန်ခဲ့တာပါ။ သူတို့ ၇ ယောက်အမြဲပြောခဲ့တာက သူတို့အသက်တွေကြီးလာလို့ ပင်စင်ယူတဲ့အခါမှာ သူတို့စိတ်ကူးယဉ်အိမ်မက်ထဲက အိမ်လေးကိုတရုတ်ပြည်မှာပဲဝယ်ပြီး အတူတူနေကြမယ်လို့ပေါ့။ ဒါပေမယ့် သူတို့ရဲ့ဒီစိတ်ကူးလေးဟာ မနှစ်တုန်းက Guangzhou နားက ဆင်ခြေဖုံးတစ်ခုမှာ အိမ်တစ်လုံးကို မတော်တဆတွေ့မိရာကနေပြီးတော့ လက်တွေ့အကောင်အထည်ပေါ်လာခဲ့တယ်။ အခုတော့ပိုက်ဆံတွေအများကြီးသုံးပြီး သူတို့စိတ်တိုင်းကျ ပြန်လည်မွမ်းမံထားတဲ့ဒီစံအိမ်က စုစုပေါင်းသုံးထပ်ရှိပြီး ကြမ်းပြင်ကနေမျက်နှာကျက်အထိရှည်တဲ့ မှန်ပြတင်းပေါက်တွေနဲ့ လေဟာပြင်မှာလက်ဖက်ရည်သောက်လို့ရတဲ့ လသာဆောင်လိုမဏ္ဍပ်လေးရယ် ၊ ဧရာမမီးဖိုချောင်ကြီးရယ်နဲ့ ရေကူးကန်တု့ိပါတယ်။

၇,၅၂၅ စတုရန်းလက်မရှိတဲ့ဒီအိမ်ကြီးက Guangzhou မြို့လယ်နဲ့ ၇ဝ ကီလိုမီတာ(၄၃ မိုင်) ပဲကွာပါတယ်။ အိမ်အောက်ထပ်ဆိုရင် လူအများကြီးနေလို့ရလောက်တဲ့အထိ ကျယ်ဝန်းပြီးတော့ အပေါ်ထပ်တွေမှာလည်း သူငယ်ချင်း ၇ ယောက်နေဖို့အတွက် အခန်း ၇ ခန်းစီပါပါတယ်။ ဒီအမျိုးသမီး ၇ ယောက်က လွန်ခဲ့တဲ့အနှစ် ၂ဝ လောက်တုန်းက အလုပ်အတူတူလုပ်ရင်းနဲ့ ခင်သွားကြတာပါ။ အဲဒီအချိန်တည်းကစပြီး သူတို့တွေတစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်ရင်းနဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ရှင်သန်ခဲ့ကြတာ အခုဆိုရင် ဒီ ၇ ယောက်လုံး အသက် ၃ဝ ကျော်နေပါပြီ။

အိမ်ကြီးကလယ်ကွင်းတွေရဲ့ ပတ်လည်ဝိုင်းထားတာကိုခံရလို့ သဘာဝတရားနဲ့သိပ်ကိုလှတဲ့အပြင် အိမ်ထဲမှာလည်း ဒီသူငယ်ချင်းတွေ အိန္ဒိယနဲ့မော်ရိုကိုကနေ ပြန်သယ်လာကြတဲ့ ပရိဘောဂတွေနဲ့ အလှဆင်ထားတယ်။ အိမ်ပြင်ဖက်မှာ လက်ဖက်ရည်သောက်ဖို့ လေဝင်လေထွက်ကောင်းတာကို အသားပေးထားတဲ့ လသာဆောင်လိုမဏ္ဍပ်လေးကို ဆောက်ထားတာကလည်း သူတို့လေးယောက်လုံးက လက်ဖက်ရည်အသေကြိုက်လို့ဖြစ်ပါတယ်။ ဒီမဏ္ဍပ်လေးက လယ်ကွင်းတွေရဲ့အလယ်မှာရှိပြီးတော့ အိမ်ဆီကိုဝါးတံတားလေးနဲ့ သွယ်ထားတာပေါ့။ သူတို့တွေတစ်နေ့ပင်စင်ယူလို့ အတူတူနေတဲ့အခါကျရင် အသုံးဝင်မယ့်အတတ်ပညာတွေကိုလည်း လေ့လာဖို့ဆုံးဖြတ်ခဲ့ကြသေးတယ်။ ပြောရရင် သူတို့ဟင်းချက်တာကို သေချာသင်တယ် ၊ ရိုးရာတရုတ်ဆေးပညာကိုသင်တယ် ပြီးတော့ဥယျာဉ်လုပ်ပြီး သစ်သီးတွေစိုက်တဲ့အတတ်ပညာကိုလည်းသင်တဲ့အပြင် ဂီတကိုလည်း လေ့လာခဲ့ကြတယ်။ ဒါမှသူတို့အသက်ကြီးလာတဲ့အခါ ကိုယ့်ဟာကိုယ်ပျော်ပျော်ပါးပါးနေလို့ရမှာပေါ့။

သူတို့တွေနောက်ဆယ်နှစ်နေရင် သူတို့ကလေးတွေလည်း ကိုယ့်လမ်းကိုယ်လျှောက်တော့မှာဆိုတော့ အဲဒီဆယ်နှစ်ကိုရောက်ဖို့ စောင့်မျှော်နေကြပါတယ်လို့လည်းပြောခဲ့ပါတယ်။ ဒီလောက်ခင်တဲ့သူငယ်ချင်းတွေကို မြင်ဖူးကြလား။ ကိုယ့်သူငယ်ချင်းကိုချစ်လွန်းလို့ သူငယ်ချင်းနဲ့ပဲ တစ်ဘဝလုံးအတူတူနေမယ်လို့ ဆုံးဖြတ်တဲ့သူတွေကို တွေ့ဖူးလား။ ကျွန်မကတော့ အခုတွေ့ဖူးပြီ။ ပရိသတ်ကြီးတို့ရော ဘယ်လိုမြင်လဲ။ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးက ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား။

Photo Credit

Source: Daily Mail Online

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle