လူစာရင်းအသစ်ကို တရားဝင် ကြေငြာလိုက်ပြီဖြစ်တဲ့ BIG CSGO

လူစာရင်းအသစ်ကို တရားဝင် ကြေငြာလိုက်ပြီဖြစ်တဲ့ BIG CSGO

ကောလာဟလပေါင်း တစ်သောင်းခြောက်ထောင်ခန့် ထွက်ရှိပြီး နောက်မှာတော့ BIG CSGO အသင်း အနေနဲ့ လူစာရင်းအသစ်ကို တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ကြေငြာလိုက်တဲ့ BIG CSGO ရဲ့ လူစာရင်းအသစ်မှာ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့အတိုင်း Sprout CSGO အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦး ပါဝင်လို့ လာခဲ့ပါတယ်။

k1to

BIG CSGO အသင်းကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်က လူရိုသေရှင်ရိုသေ အသင်းတစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း BIG CSGO အသင်း အနေနဲ့ အခုလို လူစာရင်း အပြောင်းအလဲကို ပြုလုပ်ဖို့ အတွက် ကြံရွယ်ခဲ့ရတာ ဖြစ်ပါတယ်။

BIG CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမား အသစ်နှစ်ဦးကတော့ Sprout CSGO အင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ Nils “k1to” Gruhne နဲ့ Florian “syrsoN” Rische တို့ပဲ ဖြစ်ပါတယ်။ အသစ် ခေါ်ယူလိုက်တဲ့ ကစားသမား နှစ်ဦးအနေနဲ့ BIG CSGO အသင်းကနေ ထွက်ခွာသွားတဲ့ Johannes “nex” Maget နဲ့ Owen “smooya” Butterfiel တို့နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Syrson

ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ အသင်းရဲ့ Rifler တစ်ဦးဖြစ်သူ XANTARES အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ BIG CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းမှာ ဂျာမနီနိုင်ငံသား လေးဦးပါဝင်လျက်ရှိပြီး အဖွဲ့အစည်း အခြေစိုက်ရာ နိုင်ငံကလည်း ဂျာမနီနိုင်ငံသား ဖြစ်တာနဲ့အညီ မက်ဆီဒိုးနီးယား နိုင်ငံသား XANTARES ကို အသင်းကနေ ထုတ်ပယ်ပြီး ဂျာမနီသား သီးသန့် CSGO အသင်းကို ဖွဲ့စည်းသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

XANTARES 

BIG CSGO အသင်းကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်ကလည်း ဂျာမနီသား သီးသန့်ဖြင့်သာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တာကြောင့် အသစ် ပြန်လည် ဖွဲ့စည်းသွားမယ့် CSGO အသင်းကို ဂျာမနီသား ငါးယောက်ဖြင့် ပြန်လည် ဖွဲ့စည်းနိုင်ပြီး အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle