နဖူးပြောင်တဲ့ပျိုမေတွေအတွက်ညှပ်သင့်တဲ့ ဆံပင်ပုံစံ

နဖူးပြောင်တဲ့ပျိုမေတွေအတွက်ညှပ်သင့်တဲ့ ဆံပင်ပုံစံ

ပိုင်ဆိုင်ထားတဲ့ နဖူးကကျယ်နေတယ်၊ပြောင်နေတယ်ဆိုပြီး ဘာဆံပင်ပုံစံတွေညှပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ညှပ်တဲ့ဆံပင်ပုံစံတွေကလည်းကိုယ့်ရဲ့ပုံစံနဲ့မလိုက်ဘူးဖြစ်နေတယ်ဆိုရင်လည်းဒီလိုဆံပင်ပုံစံတွေနဲ့ဆိုလိုက်ဖက်မှာသေချာပါတယ်နော်။ကိုယ့်ရဲ့ဆံပင်ကအတိုဖြစ်နေတယ်ဆိုရင် အရှှေ့ကဆံမှိတ်တွေကိုမတိုမရှည်ညှပ်ပြီး အနောက်ကိုတော့အတိမညှပ်သင့်ပါဘူးနော်။ဆံပင်အရှည်ထားတဲ့သူတွေဆိုရင်တော့ အရှေကို Bang လေးတွေညှပ်ပေးသင့်ပါတယ်။ဘာလို့လဲဆိုရင် အနောက်ဆံပင်ရှည်တဲ့ဆွဲအားနဲ့ကိုယ့်ရဲ့နဖူးကပိုပြီးပြောင်လာနိုင်ပါတယ်နော်။အခုမင်မင်ပြထားတဲ့ပုံတွေကလည်း နဖူးပြောင်တဲ့သူတွေအတွက်ညှပ်သင့်တဲ့ဆံပင်ပုံစံလေးတွေပါနော်။ကိုယ့်ရဲ့နဖူးကပြောင်တယ်ဆိုပေမယ့်ဒီလိုမျိုးဆံပင်ပုံစံလေးတွေနဲ့ဆိုအရမ်းမသိသာတော့ဘူးပေါ့။

Kelly -Akhayar Lifestyle

Photo Credit - Pinterest