ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားတော့မယ့် Bjergsen

ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားတော့မယ့် Bjergsen

TSM LoL အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Soren “Bjergsen” Bjerg ကတော့ ပရိုကစားသမား အဖြစ် (၈) နှစ်ကြာ ဖြတ်သန်းပြီး နောက်မှာတော့ LoL ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ Bjergsen အနေနဲ့ ကစားသမား ဘဝရဲ့ သက်တမ်းအများစုကို Team SoloMid မှာသာ ဖြတ်သန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Team SoloMid အဖွဲ့အစည်းရဲ့ Co-Owner ဘဝကို ရောက်ရှိလို့ နေခဲ့ပြီ ဖြစ်ပါတယ်။

Bjergsen ပါဝင်တဲ့ TSM LoL အသင်း အနေနဲ့ LoL လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ 2020 World Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း ရှုံးနိမ့်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ Bjergsen အနေနဲ့ အခုလို ပရို LoL ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူချစ်မြတ်နိုးတဲ့ LoL လောကကို လုံးဝ စွန့်ခွာသွားမှာတော့ မဟုတ်ပါဘူး။ 2021 LoL ရာသီ ပြန်လည် စတင်ချိန်မှာ Bjergsen ကို TSM LoL အသင်းရဲ့ နည်းပြချုပ် အဖြစ် မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။

Bjergsen အနေနဲ့ Worlds 2020 ပြိုင်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာ မဟုတ်ဘဲ ယခုနှစ်ကုန်မှာ အနားယူသွားဖို့ အရင်ကတည်းက ကြိုတင် ဆုံးဖြတ်ထားတာဖြစ်ကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။ ဒါ့အပြင် Bjergsen အနေနဲ့ TSM LoL အသင်းကို အောင်မြင်တဲ့ အသင်းတစ်သင်း အဖြစ် ပြန်လည် မြင်တွေ့ရအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း LoL World Championship ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲအောင် အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုလည်း တစ်ခါတည်း ပြောကြားသွားခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle