မျောက်ဘုရင် စွန်းဝူခုန်းနဲ့ ရှယ်ကြမ်းရမယ့် Black Myth: Wukong ဂိမ်း Trailer ထွက်ရှိ

မျောက်ဘုရင် စွန်းဝူခုန်းနဲ့ ရှယ်ကြမ်းရမယ့် Black Myth: Wukong ဂိမ်း Trailer ထွက်ရှိ

Dark Souls နဲ့ လတ်တလောကမှ ထွက်ရှိထားတဲ့ Mortal Shells လို Action RPG တွေ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သတင်းကောင်းပါပဲ။ Visuals စတိုင်တွေ၊ Map တွေလန်းပြီး စွန်းဝူခုန်းနေရာကနေ ဆော့ကစားလို့ရတဲ့ Black Myth: Wukong ဆိုတဲ့ဂိမ်းကိုတော့ ၁၃ မိနစ်စာ Gameplay Trailer နဲ့ မိတ်ဆက်ပြသသွားခဲ့ပြီပဲဖြစ်ပါတယ်။

Game Science Studio ကနေ Develop ပြုလုပ်ထားတဲ့ ဒီဂိမ်းဟာ တရုတ်ရဲ့ရိုးရာနာမည်ကြီးပုံပြင်တွေထဲက တစ်ခုဖြစ်တဲ့ “Journey to the west” ကိုအခြေခံပြီး ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Combat စတိုင်တွေကတော့ Dark Souls ပုံစံမျိုး တွေ့မြင်ရပြီး၊ Mythical Beasts တွေ၊ မဟားဒရားကြမ်းတဲ့ Boss မျိုးစုံကို Sun Wukong ကနေ တိုက်ခိုက်တဲ့ပုံစံနဲ့ ဆောကစားရမှာဖြစ်ပါတယ်။ ဖတ်ရှုနေတဲ့သူတွေတော့မသိပေမယ့် စာရေးသူကတော့ Pre-Order ဆိုတာနဲ့တောင် တန်းတင်ဖို့လုပ်နေတဲ့အထိကို Hype နေပါပြီ။

လက်ရှိမှာတော့ Gameplay Footage ပဲထွက်ရှိထားပြီး၊ ဂိမ်းကအပြီးမသတ်သေးတာကြောင့် နောက်ထပ်ခြောက်လကျော်လောက်တော့ ကြာမြင့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒီ Black Myth: Wukong ဂိမ်းကို PC နဲ့ အခြား “Mainstream Platform” တွေမှာလည်းထွက်ရှိလာမယ်လို့ ပြောကြားထားတာကြောင့် Next-gen Consoles တွေဖြစ်တဲ့ PS5 နဲ့ Xbox Series X မှာကော မြင်တွေ့နိုင်လာမလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီ Visuals၊ Combat Style နဲ့ Story အတိုင်းသာ သေချာလုပ်ထားပြီး၊ ထွက်ရှိလာမယ်ဆိုရင်တော့ Gaming လောကမှာ ဟုန်းဟုန်းတောက်အောင်မြင်မယ့်ဂိမ်းတစ်ခုဖြစ်လာမှာတော့ အသေအချာပါပဲ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ