Esports လောကထဲကို စတင် ဝင်ရောက်လာမယ့် နာမည်ကျော် ဘောလုံးအသင်း ဘိုကာဂျူနီယာ

Esports လောကထဲကို စတင် ဝင်ရောက်လာမယ့် နာမည်ကျော် ဘောလုံးအသင်း ဘိုကာဂျူနီယာ

အာဂျင်တီးနား အခြေစိုက် နာမည်ကျော် ဘောလုံးအသင်း ဘိုကာဂျူနီယာ (Boca Juniors) ကတော့ ၂၀၂၁ ခုနှစ်မှာ Esports လောကထဲ စတင် ဝင်ရောက်လာမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဘိုကာဂျူနီယာ အနေနဲ့ ၂၀၂၁ ခုနှစ် အတွင်း နာမည်ကျော် Esports ကဏ္ဍ နှစ်ခုဖြစ်တဲ့ League of Legends နဲ့ CSGO တို့မှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပြီး အခြားသော Esports ကဏ္ဍတွေကို တဖြည်းဖြည်းနဲ့ ထပ်မံ တိုးချဲ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ဘိုကာဂျူနီယာ အသင်းအတွက် တကယ်ကို မှတ်တိုင်သစ် တစ်ခုကို စတင် တည်ထောင်နိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်သွားရမှာနဲ့ ပက်သက်ပြီး တကယ်ကို စိတ်လှုပ်ရှားမိသလို နာမည်ကျော် Esports ကစားသမားတွေကို ဘိုကာဂျူနီယာ ကိုယ်စားပြု ကစားသမားတွေ အဖြစ် ခေါ်ယူနိုင်တော့မှာနဲ့ ပက်သက်ပြီးတော့လည်း အထူးပင် ဝမ်းသာမိပါတယ်။”

ဘိုကာဂျူနီယာဟာဆိုရင် အာဂျင်တီးနား ဘောလုံးသမိုင်းကြောင်းမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ ကလပ်အသင်း တစ်သင်း ဖြစ်သလို လိဂ်ဖလား ၃၄ ကြိမ် အထိ သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းကောင်း တစ်သင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုကာဂျူနီယာရဲ့ အဓိက ပြိုင်ဘက် အသင်းဖြစ်တဲ့ River Plate ဟာဆိုရင် ၂၀၁၆ ခုနှစ်ကတည်းက Esports လောက အတွင်းကို စတင် ဝင်ရောက်လာခဲ့တာ ဖြစ်သလို LOL, CSGO စတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ အသင်းတွေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ် အတွင်းမှာ အာဂျင်တီးနား ထိပ်သီး ဘောလုံးအသင်းတွေဖြစ်တဲ့ Boca Junior နဲ့ River Plate တို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ဘောလုံးအပြင် LOL နဲ့ CSGO နယ်ပယ်တွေမှာပါ မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle