ထမင်းစားပြီးပြီးခြင်း မသိလို့ လုပ်မိတတ်တဲ့ အမူအကျင့်အမှားများ

ထမင်းစားပြီးပြီးခြင်း မသိလို့ လုပ်မိတတ်တဲ့ အမူအကျင့်အမှားများ

လူအများစုဟာ ထမင်းစားသောက်ပြီလို့ အချိန်ပိုလေးတွေရှိရင် တီဗီကြည့်ပြီး အနားယူတာမျိုး၊ သီချင်းနားထောင်ပြီး စိတ်အပန်းဖြေတာမျိုး ၊ မိသားစုသူငယ်ချင်းတွေနဲ့ စကားလက်ဆုံ ဝိုင်းဖွဲ့ပြီး ပြောတာမျိုး ၊ ကျန်းမာရေးကို အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းတွေကို လုပ်တာမျိုး အစရှိတာတွေကို လုပ်ပြီး အားလပ်ချိန်တွေကို ကုန်ဆုံးတတ်ကြပါတယ်။ တချို့တွေကျတော့လည်း သူတို့တွေရဲ့ အားလပ်ချိန်တွေကို အထက်မှာပြောထားတဲ့ အလေ့အထမျိုးတွေကို မလုပ်ကြဘဲ တခြားအလေ့အထတွေကို မှန်တယ်ထင်ပြီး လုပ်မိလို့ ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်ကာ ဆေးရုံဆေးခန်းတွေ သွားရတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။

ကျန်းမာရေးထိခိုက်စေတယ်လို့ဆိုတော့ ဘယ်လိုအလေ့အထမျိုးတွေကို လုပ်မိလို့ ထိခိုက်တာပါလိမ့် ကိုယ်ရော ဒီလိုအလေ့အထတွေကို မသိဘဲနဲ့ လုပ်များလုပ်မိနေပြီလားဆိုတာ သိချင်စိတ်တွေ ဖြစ်သွားကြပြီးမှတ်လား။ သိချင်စိတ်ကို မျိုသိပ်ထားရတာမျိုး မဖြစ်စေဖို့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ်လည်းမသိဘဲနဲ့ လုပ်မိနေရင် နောင်မလုပ်မိအောင် ရှောင်ရှားနိုင်ဖို့ လက်တို့ပြောပြပေးလိုက်ပါပြီနော်။

ဆေးလိပ်သောက်ခြင်း
ထမင်းစားပြီရင် ခံတွင်းချဉ်လို့ ဆေးလိပ်လေး တစ်လိပ်လောက်တော့ သောက်ဦးမှာပါ ဆိုတဲ့သူတွေကို စာရေးသူရဲ့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးပါတယ်။ ဆေးလိပ်သောက်ချင်ရင်တောင် ထမင်းစားပြီးသောက်တာမျိူး မလုပ်ဖို့ စာရေးသူ အကြံပေးချင်ပါတယ်။ စီးကရက်မှာ အဆိပ်ဖြစ်စေတဲ့ ပမာဏအများကြီးပါဝင်တဲ့အတွက် ထမင်းစားပြီး သောက်လိုက်ရင် သွေးထဲကို အဆိပ်တွေဟာ သာမန်အချိန်တွေထက် ပိုပြီး ရောက်ရှိနိုင်စေပါတယ်။ ထမင်းစားပြီး စီးကရက်သောက်တာဟာ သာမန်အချိန်မှာ စီးကရက် ၁၀ လိပ်သောက်တာနဲ့ တူညီပြီး အဆုတ်ကင်ဆာနဲ့ အူသိမ်အူမကင်ဆာတွေကို ဖြစ်နိုင်ချေကို ပိုမြင့်လာစေပါတယ်။

Smoking

အသီးတွေကိုချက်ချင်းတန်းစားခြင်း
လူတွေဟာ ထမင်းစားပြီရင် အချိုပွဲလေး စားလိုက်ရမှဆိုတဲ့ အာသီသ ရှိကြပါတယ်။ အသီးစားတာကလည်း အချိုပွဲစားတာပဲဆိုပြီး လူတွေက ထင်မှတ်ထားကြတော့ ထမင်းစားပြီးရင် အသီးလေးစားကာ အချိုတည်းကြပါတယ်။ အမှန်တော့ ထမင်းစားစားပြီချင်း အသီးတန်းစားတာဟာ အစာအိမ်ကို လေတွေနဲ့ ပြည့်စေပြီး ဖောင်းပွစေပါတယ်။ အသီးစားမယ်ဆိုရင် ဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့အချိန်မျိုး စားပေးတာက အကောင်းဆုံးပါပဲ။

Eating Fruit

ရေနွေးသောက်ခြင်း
မြန်မာလူမျိုးတွေရဲ့ အကျင့်ကိုက ထမင်းစားရင်နဲ့ ရေနွေးပူပူလေး တွဲသောက်တတ်ကြပါတယ်။ အဲဒီလို ရေနွေးပူပူလေးသောက်သုံးတာကလည်း စားလိုက်တဲ့ အစားအစာတွေကို လျင်လျင်မြန်မြန်ချေဖျက်နိုင်တယ်ဆိုပြီး ယုံကြည်နေတာကလည်း တကယ်ကို မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ထမင်းစားရင်း ရေနွေးသောက်တာဟာ ခန္ဓာကိုယ်ထဲကိုရောက်ရှိရမယ့် သံဓာတ်တွေ မရောက်ရှိအောင် ဟန့်တားလိုက်သလိုဖြစ်လို့ ထမင်းစားရင်းနဲ့ ရေနွေးကို တွဲသောက်တာမျိုး မလုပ်ကြပါနဲ့နော်။

Tea

ရေချိုးခြင်း
ထမင်းစားပြီး ရေချိုးရင် သွေးစီးဆင်းမှုဟာ လက်ကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အောက်ပိုင်းအထိရောက်သွားပြီး အစာအိမ်ဆီကိုတော့ ရောက်ရှိတဲ့ သွေးပမာဏဟာ လျော့ကျသွားပါတယ်။ အဲဒီလို အစာအိမ်ဆီ သွေးပမာဏရောက်ရှိမှု လျော့ကျသွားတဲ့အခါ အစာချေစနစ်ဟာ အားနည်းသွားပြီး အစာအိမ်နာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ တချိူ့ရှေးလူကြီးတွေက ထမင်းစားပြီး ရေမချိုးကြနဲ့နော် ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းဖြစ်မယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။

Bathing

လမ်းလျှောက်ခြင်း (သို့) ပြေးခြင်း
ထမင်းစားပြီးရင် ထိုင်မနေနဲ့ လမ်းလျှောက်လေ ဒါမှ စားထားတဲ့ အစာအစားတွေ ကြေမှပေါ့ဆိုပြီး လူကြီးတွေ ပြောကြားတာကို ကြားဖူးကြမှာပါ။ အမှန်တော့ အဲဒီလို ယူဆတာက မမှန်ပါဘူးနော်။ ထမင်းတွေ အများကြီး ဗိုက်ပြည့်အောင် စားထားပြီး လမ်းလျှောက်တာ (သို့) ပြေးတာမျိုး လုပ်တာဟာ ကျန်းမာရေးကောင်းမွန်လာအောင် မလုပ်ပေးဘဲ အစာမကြေတာမျိုး ခံစားရစေကာ လူကိုမသက်မသာဖြစ်စေပါတယ်။ ဒါကြောင့်မို့ စားပြီးတာနဲ့ ပြေးသွားတာမျိူး ၊ လမ်းမြန်မြန်လျှောက်တာမျိုးကိုတော့ မလုပ်ပါနဲ့လို့ မှာချင်ပါတယ်နော်။

walking
ဒီအချက်လေးတွေဟာ မှားမှန်းမသိဘဲ လုပ်မိနေတတ်တဲ့ အမူအကျင့်အမှားလေးတွေပါ။ မှန်တယ်ထင်ပြီး လုပ်မိနေတတ်တဲ့ အလွဲတွေဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးကို ဆုံးရှုံးစေနိုင်လို့ သိတဲ့အချိန်ကစပြီး ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲနေထိုင်ကာ ငွေနဲ့ ပေးဝယ်ရင်တောင် တန်ဖိုးကြီးတဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle