ဖက်ရှင်ရေစီးကြောင်းမှာအခုထိခေတ်စားနေတဲ့ Bohemian Fashion အကြောင်း

ဖက်ရှင်ရေစီးကြောင်းမှာအခုထိခေတ်စားနေတဲ့ Bohemian Fashion အကြောင်း

ဒီနေ့တော့  ဖက်ရှင်အကြောင်းထဲထဲဝင်ဝင်သိရုံသာမက နိုင်ငံတကာမှာလည်းခေတ်စားခဲ့တာတော်တော်လေးကြာပြီဖြစ်တဲ့ Bohemian Fashion အကြောင်းလေးနည်းနည်းပြောပြချင်ပါတာယ်။ဒီဖက်ရှင်က ပျိုပျိုမေမေတို့ ခပ်ခပ်ဆန်းဆန်းပိတ်စ လေးတွေနဲ့ချုပ်ဝတ်ထားတာတွေ့ရမှာပါ။Bohemian ဖက်ရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀လောက်ကတည်းကရှိခဲ့တာပါ။ပန်းချီဆရာ၊စာရေးဆရာတွေစတင်ဝတ်ဆင်ခဲ့တဲ့ စတိုင်ဆိုလည်းမမှားပါဘူးနော်။ယဉ်ကျေးမှုအရဝတ်ဆင်ခဲ့တဲ့ သမိုင်းဝင်ဝတ်စုံရဲ့ပုံစံတစ်ခုဆိုလည်းမမှားပါဘူးနော်။

သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကာလာစုံကိူအဝတ်အစပေါင်းစုံနဲ့ ပေါင်းစပ်ထားခြင်းပဲဖြသ်ပါတယ်။ အခြားဖက်ရှင်နဲ့ယှဉ်လိုက်ရင် သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုရင် ရှည်လျားပြီးကျော်လည်လောက်ထိရှည်တဲ့ဆံပင်တွေကို ပတ်ကြိုးတစ်ခုခုနဲ့ချည်ထားပြီးအရောင်စုံဝတ်စုံပွပွလွင့်လွင့်လေးကိုဝတ်ဆင်ထားတာကြောင့်ဖြစ်ပါတယ်။ချည်သားတွေရဲ့ပေါ့ပေါ့ပါးပါးအင်္ကျီအဝတ်အစားတွေနဲ့ ၊ချည်သားမဟုတ်ရင်တောင်အသားအိအိပျော့ပျော့တွေကိုအောက်ဘက်ကားကားစကတ်လေးတွေကို Boot ဖိနပ်လေးတွေနဲ့စီးလိုက်ရင်သူ့ရဲ့ ဖက်ရှင်ကပေါ်လွင်နေမှာပါနော်။

Photo Credit -Pinterest

Kelly -Akhayar Lifestyle