ခရီးသွားရင်း ဖတ်ဖို့အကောင်းဆုံး စာအုပ်တွေ (English)
စာဖတ်လို့အကောင်းဆုံးနေရာက တိတ်ဆိတ်အေးချမ်းတဲ့နေရာဖြစ်ပြီး စာဖတ်ဖို့အသင့်ဆုံးအချိန်က ခရီးသွားနေတဲ့အချိန်လို့ ပြောရင် မှားမှာလား။ ပရိသတ်ကြီးအနေနဲ့ကတော့ မသိပါဘူး။ ကိုယ်ပိုင်ခံစားချက်အရဆိုရင် ခရီးထွက်ရင်း စာဖတ်တာ ဇိမ်အရှိဆုံးလုပ်ရပ်လို့ မြင်မိပါတယ်။ ဒီခံစားချက်နဲ့ ထပ်တူကျသူတွေရှိမယ်ဆိုရင် နောက်တစ်ခါ ခရီးသွားတဲ့အခါ ယူသွားသင့်တဲ့ စာအုပ်တွေကို အခရာက ဖော်ပြပေးလိုက်ပါတယ်နော်။
Beautiful Ruins – Jess Walter
စာအုပ်အဖုံးကိုက ကာလာစုံတွေနဲ့ သိပ်ကိုလှပါတယ်။ ခရီးသွားနေရတဲ့ Feel ကိုလည်း ခံစားရစေတယ်။ ဒီနေ့ခေတ် Los Angeles နဲ့ ၁၉၅၀ နှစ်တွေရဲ့ အီတလီ ဒါတွေဟာ သိပ်ကိုအိမ်မက်ဆန်လွန်းပါတယ်။ ဘယ်နေရာကိုပဲသွားသွား နေသာပြီး လှနေတယ်ဆိုရင် ဒီစာအုပ်က သင့်အတွက်ဖြစ်မှာပါ။
Next Year in Havana – Chanel Cleeton
အဘွားဖြစ်သူရဲ့ ၁၉၅၀ ခုနှစ်တုန်းက ကျူးဘားမှာ နေခဲ့ရတဲ့အချိန်တွေနဲ့ မြေးဖြစ်သူရဲ့ လက်ရှိကာလမှာ ပထမဆုံးအကြိမ်အဖြစ် ကျူးဘားကို ခရီးထွက်ချိန်တွေကို ယှဉ်ပြထားပါတယ်။ ဒီထဲက ဇာတ်ကောင်တွေနဲ့ အကြောင်းအရာတွေက ခရီးထွက်တဲ့အချိန်နဲ့ ကွက်တိကျလွန်းပါတယ်။
Eleanor Oliphant Is Completely Fine – Gail Honeyman
ဒီစာအုပ်က သင့်ကို ဇာတ်လိုက်ဖြစ်တဲ့သူမရဲ့ ဘဝထဲ ခေါ်ဆောင်သွားပါလိမ့်မယ်။ ပြီးတော့ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ဘယ်တော့မှ ရောက်ချင်မှာ မဟုတ်ပါဘူး။
My Grandmother Asked Me to Tell You She’s Sorry – Fredrik Backman
နာမည်မှာကိုက ဝမ်းနည်းစရာကောင်းတဲ့ အငွေ့အသက်တွေ ပါနေပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ Elsa ဆိုတဲ့ အသက် (၇) နှစ်အရွယ် ကောင်မလေးမှာ အသက် (၇၇) နှစ်ရှိပြီဖြစ်တဲ့ အဘွားရှိပါတယ်။ သူ့အဘွားက ရူးရူးမိုက်မိုက်တွေ လုပ်လေ့ရှိသူပါ။ သူဟာ ဝရန်တာမှာထိုင်ပြီး Paintball သေနတ်တွေနဲ့ သူစိမ်းတွေကို ပစ်တတ်တယ်။ အဘွားဖြစ်သူ ဆုံးသွားတဲ့နောက် ထားရစ်ခဲ့တဲ့စာတွေမှာတော့ သူဒီလိုတွေလုပ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ရေးခဲ့ပါတယ်။ ဒီစာတွေနဲ့ Elsa တစ်ယောက် ဘာတွေများဆက်ဖြစ်မှာလဲ။
The End of Everything – Megan Abbott
Evie နဲ့ Lizzie ဆိုတဲ့ အိမ်နီးချင်းသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်နေ့ Evie ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှတော့ Lizzie က အဲ့ဒီအကြောင်းရင်းကို ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားဆိုတာ တစ်ခါတလေမှာ ကြောက်ဖို့ကောင်းပြီး မခန့်မှန်းထားတဲ့ အခြေအနေမျိုးတွေထိဖြစ်တတ်ပါတယ်။ Evie ဘာလို့ ပျောက်သွားရတာလဲ။ အရာရာရဲ့ အဆုံးသတ်ကရော ဘာများဖြစ်မလဲ။
Reference & Photo Credit: buzzfeednews
NSC (Akhayar)