အသက် (၁၃) နှစ် အရွယ် CSGO ကစားသမားလေးကို ခေါ်ယူလိုက်တဲ့ BOOM Esports

ဘရာဇီး အခြေစိုက် နာမည်ကျော် CSGO အသင်း BOOM Esports ကတော့ ဇူလိုင်လ (၃၀) ရက်နေ့ကနေ ဩဂုတ်လ (၂) ရက်နေ့အထိ ယှဉ်ပြိုင်သွားရမယ့် Gamers Club Masters V ပြိုင်ပွဲအတွက် အရံကစားသမား တစ်ဦးကို အားဖြည့် ခေါ်ယူခဲ့ပါတယ်။

BOOM Esports CSGO အသင်းက ခေါ်ယူလိုက်တဲ့ အရံကစားသမားကတော့ အသက် (၁၃) နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် Streamer လေး Joao “Snowzin” Vinicius ပဲ ဖြစ်ပါတယ်။ Snowzin အနေနဲ့ Twitch ကနေ တစ်ဆင့် ပုံမှန် Streaming ပြုလုပ်လေ့ရှိပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသလျက် ရှိတာကြောင့် BOOM Esports CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Felps နဲ့ Botlz တို့ အနေနဲ့ Gamers Club Masters V ပြိုင်ပွဲအတွက် အရံကစားသမား အဖြစ် Snowzin ကို ခေါ်ယူဖို့ အဖွဲ့အစည်း တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

BOOM Esports ကိုယ်စားပြု ကစားသမားဘဝကို ခံယူလိုက်နိုင်ခြင်းနဲ့ ပတ်သက်ပြီး Snowzin ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
#CSGO 🇧🇷
— BOOM Esports (@boomesportsid) July 21, 2020
De Chavantes pro mundo: Temos a honra de anunciar o prodígio @Snowzincs como nosso sexto player pra a disputa da @GamersClubCS Masters V!
Ele se junta ao nosso elenco pra aprender (e contribuir) MUITO nesse Major brasileiro!
Stay Hungry, #HungryBeast 🐺❄️ pic.twitter.com/O5xN6hDpQc
“BOOM Esports အသင်းသား ဘဝကို တက်လှမ်းနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ပြိုင်ပွဲ တစ်ခုစာ အတွက်ပဲ ကျွန်တော့်ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ကျွန်တော့် အတွက်တော့ တကယ်ကို ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ လက်စွမ်းကောင်းတွေကို ပြသပြီး အသင်း အတွက် ပေးဆပ်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။”

Snowzin ကို အရံကစားသမား အဖြစ်သာ ခေါ်ယူခဲ့တာ ဖြစ်တာကြောင့် Gamers Club Masters V ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ပေးသွားမလား ဆိုတာကို သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း BOOM Esports CSGO အသင်းဟာ အခြားသော GC Masters V ပြိုင်ပွဲဝင် အသင်းတွေထက် နှာတစ်ဖျားခန့် သာလွန်လျက် ရှိတာကြောင့် အုပ်စုအဆင့် ပွဲစဥ်တွေမှာတော့ Snowzin ကို ထည့်သွင်း ကစားသွားဖွယ် ရှိပါတယ်။
REF: DotEsports, AfkGaming