ချန်ပီယံဆုကိုယ်စီ စွတ်ခူးနိုင်ခဲ့တဲ့ VP Dota2 လူကြီးအသင်းနဲ့ လူငယ်အသင်း

ချန်ပီယံဆုကိုယ်စီ စွတ်ခူးနိုင်ခဲ့တဲ့ VP Dota2 လူကြီးအသင်းနဲ့ လူငယ်အသင်း

Virtus Pro Dota2 အသင်း ချစ်ပရိသတ်တွေ အတွက်ကတော့ ယခုရက်ပိုင်းက သတင်းကောင်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ယခင်အချိန်တွေတုန်းက အောင်မြင်မှုတွေနဲ့ အမြဲတမ်းလိုလို ထိတွေ့ခွင့် ရရှိခဲ့တဲ့ Virtus Pro Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Vp.Resolution

ဒါပေမယ့်လည်း VP Dota2 အသင်းကို Resolution နဲ့ Zayac တို့ ရောက်ရှိပြီး နောက်ပိုင်းမှာ ရလဒ်ကောင်းတွေကို ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိခဲ့သလို ESL One LA Major အွန်လိုင်း ပြိုင်ပွဲ အတွက် အသင်းရဲ့ Carry ကစားသမား Cooman ကို ပြန်လည် ထုတ်ပယ်ပြီး CIS ဒေသရဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်သူ ILTW ကို ခေါ်ယူပြီးချိန်မှာတော့ ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Virtus Pro Dota2 အသင်း အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ အုပ်စုအဆင့်ကတည်းက ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို Upper Bracket Round 1 ပွဲစဉ်မှာ Team Spirit ကို နှစ်ပွဲပြတ်၊ Upper Bracket Finals ပွဲစဉ်မှာ OG Dota2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို အလွယ်တကူပဲ တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

Grand Finals ပွဲစဉ်မှာ လူစုံတက်စုံ ကစားခွင့် မရရှိသေးတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Dota2 အသင်း OG နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ Virtus Pro နဲ့ OG Dota2 အသင်းတို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲစဉ်ဟာ အသင်းကြီး နှစ်သင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကြောင့် ပရိသတ် အကြိုက် ပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးမှာ VP အနေနဲ့ OG Dota2 အသင်းကို (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူကာ ESL One LA အွန်လိုင်း ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

VP.Prodigy

ဒါ့အပြင် ဧပြီလ (၁) ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တဲ့ VP.Prodigy အမည်ရ Virtus Pro လူငယ်အသင်းဟာ ဆိုရင်လည်း အသင်း ဖွဲ့စည်းပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ပထမဆုံး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ VP.Prodigy အနေနဲ့ Stay Home Challenge အမည်ရ အွန်လိုင်း ပြိုင်ပွဲမှာ OG.Seed, Viking.GG, FlyToMoon စတဲ့ Dota2 အသင်းတွေနည်းတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု ပထမ နေရာဖြင့် Play Off အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Play Off အဆင့်မှာလည်း FlyToMoon ကို နှစ်ပွဲပြတ်၊ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ Nigma, Secret စတဲ့ အသင်းကြီးတွေကို ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ Viking.GG ကို (၂-၁) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

VP.Prodigy.Save

Grand Finals အဆင့်မှာ Lower Bracket ကနေ ပြန်လည် တက်လှမ်းလာခဲ့တဲ့ Viking.GG နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပြီး (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Stay Home Challenge ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ကိုးထောင်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports1, VpEsports2

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle