ကိုယ့်ကောင်လေးကိုဘာလက်ဆောင်မျိုးတွေပေးသင့်လဲ
ကိုယ့်ချစ်ရတဲ့သူတွေကိုတန်ဖိုးထားကြောင်း၊မမေ့ဘူး အမြဲသတိရနေတယ်လို့ဖော်ပြတာကလည်းတစ်ယောက်နဲ့တစ်ယောက်ရဲ့မေတ္တာကိုဖော်ပြတာဆိုလည်းမမှားပါဘူးနော်။ကိုယ်တန်ဖိုးထားကြောင်းကိုဖော်ပြတဲ့အမှုအရာတွေကတော့အများကြီးပေါ့နော်။အဲ့ဒီအထဲမှာမှ အမှတ်တရနေ့လေးတွေမှာလက်ဆောင်ပေးခြင်းကလည်းအရေးပါတာပေါ့နော်။ကောင်မလေးတော်တော်များများက ကိုယ်ချစ်ရတဲ့ကောင်လေးကိုမွေးနေ့ပဲဖြစ်ဖြစ် Anniversary Day တွေမှာဆိုလည်းလက်ဆောင်ပေးတတ်ကြပါတယ်။အဲ့လိုလက်ဆောင်ပေးတဲ့နေရာတွေမှာဘာပစ္စည်းဝယ်ပေးရမယ်လို့ခေါင်းစားရတာကလည်းတစ်မှုပါ။အဲ့အတွက်ကိုယ့်ချစ်သူကောင်လေးတွေကိုဘာလက်ဆောင်လေးတွေပေးလို့ရလဲဆိုတာပြောပြပေးလိုက်တယ်နော်။
နာရီ
နာရီဆိုတာက ကိုယ့်နဲ့နာရီတိုင်း၊စက္ကန့် တိုင်းကိုယ့်နဲ့အတူတူရှိနေတဲ့သဘောကိုဆောင်တယ်ဆိုပြီးအချစ်သီအိုရီထဲမှာလည်းကြားဖူးကြမှာပါ။အဲ့တာကြောင့်ကိုယ်ချစ်ရတဲ့သူနဲ့အမြဲအတူတူရှိချင်တယ်ဆိုရင် နာရီသာလက်ဆောင်ပေးလိုက်ပါနော်။
ခါးပတ်
ယောကျ်ားလေးတွေအတွက် တကယ့်မရှိမဖြစ်ပစ္စည်းကိုပြောပါဆိုရင် ခါးပတ်လိုပဲပြောရမယ်နော်။ပွဲတွေတက်မယ်၊တစ်ခုခုအခမ်းအနားတွေဆိုရင် အဝတ်အစားတွေ စမတ်ကျကျဝတ်စားရင် ခါးပတ်ကတော့အရေးကြီးတင်လို့မြင်ပါတယ်။
ပိုက်ဆံအိတ်
ပိုက်ဆံအိတ်ဆိုတာက ကိုယ်နဲ့မကွာအမြဲဆောင်ထားရတာအရာတစ်ခုဆိုသလိုကိုယ်ပေးထားတဲ့လက်ကိုင်အိတ်လေးကလည်းသူ့အနားမှာရှိနေရင်ရောမကောင်းဘူးလား။
Mini Basketball Hoop
သူကအိမ်မှာနေရင်နဲ့လည်းဆော့လို့ရတယ်။အိမ်မှာပဲ့ Mini Basket Hoop လေးပေးတော့ဂိမ်းတွေများအရမ်းဆော့နေမလား။အပြင်တွေမှာခဏခဏထွက်နေမလားဆိုတာတွေစိတ်ပူစရာမလိုတော့ဘူးပေါ့။
Kelly (Akhayar Lifestyle)
Photo Credit- Pinterest