FalleN ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့တဲ့ Team Liquid CSGO

FalleN ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့တဲ့ Team Liquid CSGO

NA အခြေစိုက် CSGO အသင်း Team Liquid ကတော့ ထွက်ခွာသွားတဲ့ Twistzz နေရာမှာ အစားထိုးဖို့ အတွက် နာမည်ကျော် AWP ကစားသမား FalleN ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Twistzz အသင်းကနေ ထွက်ခွာသွားစဉ် အချိန်ကတည်းက Team Liquid အနေနဲ့ အသက် ၂၉ နှစ်အရွယ်ရှိ FalleN ကို ခေါ်ယူသွားဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပေမယ့် ယခုအခါမှသာ FalleN ကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

FalleN အနေနဲ့ Team Liquid မှာ Main Awper အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပေမယ့် ယခင် ကစားခဲ့တဲ့ အသင်းတွေမှာလို့ In-Game Leader အဖြစ်တော့ တာဝန်ယူသွားဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် Team Liquid ရဲ့ In-Game Leader ဖြစ်သူ Jacky “Stewie2k” Yip ကသာ IGL အဖြစ် ဆက်လက် တာဝန်ယူသွားဖွယ် ရှိပါတယ်။

ဒါ့အပြင် Team Liquid ရဲ့ အခြားသော ကစားသမားတွေဖြစ်တဲ့ NAF, Stewie2k တို့ဟာ ဆိုရင်လည်း FalleN နည်းတူ Awper အဖြစ် ကစားနိုင်တာကြောင့် Team Liquid အနေနဲ့ CSGO ပြိုင်ပွဲတွေ ပြန်လည် စတင်ချိန်မှာ နည်းစနစ် အသစ်တွေ၊ ကစားဟန်အသစ်တွေကို ပြောင်းလဲ အသုံးပြုသွားဖွယ် ရှိပါတယ်။

FalleN ဟာဆိုရင် Counter Strike လောက အတွင်းမှာ ကျင်လည်နေတာ ၁၀ စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တာနဲ့ အညီ အောင်မြင်မှုပေါင်း များစွာ၊ အတွေ့အကြုံပေါင်း များစွာကို ပိုင်ဆိုင်ထားတာကြောင့် လူငယ်ကစားသမားတွေနဲ့ အဓိက ဖွဲ့စည်းထားတဲ့ Team Liquid အတွက် များစွာသော အထောက်အကူ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

FalleN အနေနဲ့ Team Liquid CSGO အသင်းရဲ့ ပွဲဦးထွက် ကစားသမား အဖြစ် ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ကျင်းပသွားမယ့် BLAST Premier: Global Final 2020 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာကြောင့် FalleN ကို ကစားဟန်ကို အောက်မေ့နေတဲ့ ပရိသတ်တွေ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ပြန်လည် မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။

Team Liquid CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Jonathan “EliGE” Jablonowski
  • Keith “NAF” Markovic
  • Jake “Stewie2K” YiP
  • Michael “Grim” Wince
  • Gabriel “FalleN” Toledo
  • Jason “moses” O’Toole (Coach)

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle