Dota2 လောကထဲကိုပါ စတင် ဝင်ရောက်လာခဲ့တဲ့ ဘရာဇီး Esports အဖွဲ့အစည်း Havan Liberty

Dota2 လောကထဲကိုပါ စတင် ဝင်ရောက်လာခဲ့တဲ့ ဘရာဇီး Esports အဖွဲ့အစည်း Havan Liberty

Havan Liberty ဆိုတာကတော့ LoL, Teamfight Tactis, VALORANT စတဲ့ Esports နယ်ပယ်တွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ ဘရာဇီး အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Havan Liberty ကိုယ်စားပြု Dota2 အသင်း တစ်သင်းကို ထပ်မံ တည်ထောင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

Havan Liberty Dota2 အသင်းမှာ SA Dota2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Duster, Murdoc, Hyko တို့ ပါဝင်တဲ့ Midas Club Dota2 အသင်းရဲ့ ကစားသမားတွေ ပါဝင်မှာ ဖြစ်ပါတယ်။ Midas Club Dota2 အဖွဲ့သားတွေ အနေနဲ့ ၂၀၂၀ နှစ်ဦးပိုင်းမှာ WePlay! Bukovel Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် နောက်ပိုင်း ကျင်းပခဲ့တဲ့ အွန်လိုင်း ပြိုင်ပွဲတွေမှာတော့ အခက်အခဲတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဘရာဇီး အခြေစိုက် Dota2 ကစားသမားတွေ နိုင်ငံတကာ Dota2 ရင်ပြင်မှာ ဝင့်ကြွားနိုင်စေဖို့ အတွက် ရည်ရွယ်ပြီး အခုလို Midas Club Dota2 အဖွဲ့သားတွေကို ခေါ်ယူခဲ့ရတာ ဖြစ်တယ်လို့ Havan Liberty ဘက်ကတော့ ကြေညာသွားခဲ့ပါတယ်။

“Midas Club Dota2 အသင်းရဲ့ ကစားသမားတွေဟာ အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဦးဆောင် လမ်းပြမှုအောက်မှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Duster

Havan Liberty Dota2 အသင်း အနေနဲ့ မကြာခင်မှာ ကျင်းပသွားမယ့် အွန်လိုင်း ပြိုင်ပွဲတွေမှာ ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပြီး တကယ်လို့ ထင်သလောက် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါက ပြန်လည် လမ်းခွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Havan Liberty Dota2 အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Leonardo “RdO” Fernandes – Pos 1
  • Henry “murdOc” Felipe – Pos 2
  • Diego “Sexyfat” Santamaria – Pos 3
  • Lucas “Hyko” Morais – Pos 4
  • Heitor “Duster” Pereira – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle