"Breakfast မစားခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ"

"Breakfast မစားခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ"

သင်က မနက်စာစားဖို့ အချိန်မရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ မနက်စာမစားတဲ့သူလား? (သို့) မနက်စာကိုစားလေ့စားထမရှိတဲ့သူလား ?ဘယ်လို​အ​​ကြောင်း​ကြောင့်ပဲဖြစ်ဖြစ်  ဒါဟာ ရေရှည်မှာ ကျန်းမာရေးအတွက်​ကောင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။နံနက်စာအား 'တစ်နေ့တာရဲ့ အရေးကြီးဆုံး အစားအစာ' ပါ။"နံနက်စာကို ဘုရင်လို၊နေ့လည်စာကို သူ‌​ဌေးလို၊ညစာကို သူတောင်းစာ လို့စားရတယ်" ဆိုတာကိုလည်း လူကြီးမိဘတွေပြောတာကြားဖူးကြမှာပါ။တစ်နေ့တာမှာ အားအင်အပြည့်နဲ့ရှေ့ဆက်နိုင်ဖို့ အတွက် မနက်စာက အရေးကြီးတဲ့​အခန်းကဏ္ဍက​​နေပါဝင်ပါတယ်။

ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ နှင့် ဇီဝကမ္မဖြစ်စဉ်ကိုပံ့ပိုးပေးပါတယ်။ Energy level နဲ့ Productivity  ကိုမြှင့်တင်ရန်အတွက် ဂလူးကို့စ်ကိုလည်း ဖြည့်ဆည်းပေးပါ​သေးတယ်။မနက်ခင်းနိုးလာတဲ့အခါမှာ ညဘက်က နာရီပေါင်းများစွာ အစာမစားဘဲနေပြီးနောက်မှာ glycogen တွေကနည်းပါးလာပါတယ်။မနက်စာစားခြင်းက Energy Level ကိုမြှင့်တင်ပေးပြီး တစ်နေ့တာလုံး ဇီဝဖစ်ပျက်မှုကို ထိန်းထားရန် အတွက်လိုအပ်တဲ့ glycogen အဆင့်ကို ပြန်လည်ရရှိစေနိုင်ပါတယ်။

မနက်စာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိတာကိုသိပေမယ့်လို့ လူတော်တော်များများက အကြောင်းပြချက်အမျိုးမျိုးနဲ့ မနက်စာကို မစားဘဲ‌ရှောင်တတ်ကြပါတယ်။အချိန်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မနက်စာလွတ်တာတွေများလာတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲဆိုတာကို တစ်ပုံချင်းစီ ဖတ်ကြည့်ပေးပါနော်…

1.မှတ်ဉာဏ်လျော့နည်းခြင်း
ဦးနှောက်က စွမ်းအင်ရဖို့အတွက် Glucose ကို မှီခိုပြီး လုပ်ငန်းဆောင်တာတွေကို လည်ပတ်ရပါတယ်၊တစ်ညလုံး အစာမစားထားတဲ့အတွက် နံနက်ခင်းမှာ ဦးနှောက်ကို အားပြန်ဖြည့်ဖို့အတွက် မနက်စာကအလွန်အရေးကြီးပါတယ်။မနက်စာမစားရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ထိခိုက်နိုင်ပြီး မှတ်ဉာဏ်လျော့နည်းလာတာတွေတောင် ဖြစ်နိုင်ပါတယ်။

2.Cortisol ပမာဏ တိုးလာနိုင်ခြင်း
Cortisol ဆိုတာက စိတ်ဖိစီးမှုကို တုံ့ပြန်ရန် ထုတ်ပေးသည့် စတီးရွိုက်ဟော်မုန်းတစ်မျိုးပါ။
2015 မှာ ထုတ်ဝေခဲ့တဲ့ Physiology & Behavior လေ့လာမှုတစ်ခုရဲ့ ရလဒ်တွေအရ မနက်စာမစားတာက ခန္ဓာကိုယ်ထဲမှာ free cortisol ပြင်းအားကို တိုးလာစေပြီး စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုလို့ ​ပြောထားပါတယ်။ကိုယ်အလေးချိန်တိုးခြင်း၊ ကိုယ်ခံအားစနစ်ကို ကျဆင်းစေခြင်း နှင့် သွေးတွင်းသကြားဓာတ်မညီမျှခြင်း အပါအဝင် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို မကောင်းတဲ့အကျိုးဆက်များကို ရှောင်ရှားရန်၊ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲတွင် နံနက်စာ စားခြင်းကို ထည့်ရန် လိုအပ်ပါတယ်။

3.ခေါင်းခဏခဏကိုက်ခြင်း
Caffeine ဓာတ်လွန်ကဲခြင်း၊သွေးတွင်းသကြားဓာတ်နည်းခြင်း တွေက နံနက်စာမစားခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းတွေပါ၊ဒီအရာတွေက ခေါင်းကိုက်
ဝေဒနာဖြစ်ဖို့အတွက် ဦးတည်နေပါတယ်။
မနက်စာမစားခြင်း၊နောက်ကျခြင်း နဲ့ အစားကိုအချိန်မှန်မစားခြင်းတွေက ခေါင်းကိုက်ခြင်းနဲ့ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါကိုဖြစ်စေနိုင်ပါတယ်။

4.နှလုံးရောဂါဖြစ်နိုင်ခြေ တိုးလာနိုင်ခြင်း
မနက်စာမစားတဲ့သူတွေဟာ မနက်စာစားသူတွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ 27% ပိုများပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ စားသုံးခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေကို အမှန်တကယ် တားဆီးပေးနိုင်ပါတယ်။
မနက်စာ ပုံမှန်မစားခြင်းက ကိုယ်အလေးချိန်တိုးလာနိုင်ပြီး နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းနှင့် ကိုလက်စထရောများနိုင်ချေပိုများပြီး သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။
အခြားတစ်ဖက်တွင်လည်း လေဖြတ်ခြင်းအပါအဝင် နာတာရှည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအခြေအနေများလည်း ဖြစ်စေနိုင်ပါတယ်။

5.သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းစေခြင်း
နံနက်စာစားခြင်းက glycogen ကိုပြန်လည်ကောင်းမွန်စေပြီး အင်ဆူလင်ပမာဏကို တည်ငြိမ်စေပါတယ်။ မနက်ခင်းမှာ ဂလူးကို့စ်ပမာဏကို ဖြည့်ဆည်းမပေးဘဲ လျစ်လျူရှုလိုက်တာက သင့်ကို အစာလွန်ခြင်း၊ စိတ်တိုခြင်း နဲ့ မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။
ဒီလိုဖြစ်တာကို Hypoglycemia (သို့) သွေးတွင်းသကြားဓာတ်နည်းခြင်းလို့ ခေါ်ပြီး လက္ခဏာအနေနဲ့ ခေါင်းမူးခြင်း၊ တုန်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန်မြန်ခြင်း နှင့် ပျို့အန်ခြင်းတို့ကိုဖြစ်နိုင်ပါတယ်။မကုသဘဲထားပါက၊ hypoglycemia ဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် မနက်စာကအင်မတန်အရေးကြီးပါတယ်။

မနက်စာလွတ်ခြင်းကနေ ခေါင်းကိုက်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ မောပန်းတာနဲ့ အာရုံစူးစိုက်ရခက်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာ အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။ မနက်စာမစားတာက ဘာမှမဖြစ်လောက်ပါဘူး.လို့ထင်တဲ့ အသေးအဖွဲလေးတွေက မထင်မှတ်ထားတဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။မနက်စာစားခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။
သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို တည်ငြိမ်စေပြီး ကိုလက်စထရောအဆင့်ကို မြှင့်တင်ပေးခြင်း၊အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေပါတယ်။
ဒါ​ကြောင့် မနက်စာစားခြင်းအလေ့အထကို မမေ့မ‌လျော့နဲ့ အကျင့်လုပ်ပေးစေချင်ပါတယ်။ဒါပေမယ့်လည်း မနက်စာစားတဲ့နေရာမှာလည်း ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေကိုစားပေးဖို့ အရေးကြီးလှပါတယ်။ဒါမှသာ ကိုယ်စားလိုက်တဲ့ မနက်စာကနေကောင်းမွန်တဲ့ အကျိုးကျေးဇူးရနိုင်မှာဖြစ်ပါတယ်။

#akhayarlifestyle #breakfast #healthtips

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle