သူတို့နိုင်ငံရဲ့ မနက်စာတွေက ဘာတွေများဖြစ်မလဲ

သူတို့နိုင်ငံရဲ့ မနက်စာတွေက ဘာတွေများဖြစ်မလဲ

မနက်စာဆိုတာ နေ့တစ်နေ့ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပါ။ မနက်စာစားပေးတဲ့လူရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းနဲ့ မနက်စာမစားသူရဲ့ လုပ်ဆောင်နိုင်စွမ်းက သိသိသာသာကြီး ကွာခြားပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နေထိုင်ပုံမတူသလို အစားအသောက်တွေလည်း ကွဲပြားကြပါတယ်။ ကမ္ဘာအရပ်ရပ်စားသုံးလေ့ရှိတဲ့ မနက်စာတွေက ဘာများဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

ဆွစ်ဇာလန်

Zopf လို့ခေါ်တဲ့ ပေါင်မုန့်ကို စားကြပါတယ်။ သူက ကျစ်ဆံမြီးပုံစံရှိပြီး Swiss လူမျိုးတွေရဲ့ မနက်စာနဲ့ နေ့လည်စာတွေမှာ အများဆုံးနေရာယူလေ့ရှိတဲ့ အစားအစာပါ။

အီသီရိုးပီးယား


Genfo လို့အမည်ရတဲ့ ဒီအစားအစာကိုတော့ ပြောင်းမှုန့်၊ ဂျုံ၊ ကွေကာတွေကို ရေ ဒါမှမဟုတ် နို့ အသုံးပြုပြီး ရောချက်ထားထားပါတယ်။ Genfo ကတော့ အီသီရိုးပီးယားရဲ့ မနက်စာပါ။

ဂျပန်

Salmon ငါး ဒါမှမဟုတ် မက်ကရယ်ငါး တစ်မျိုးမျိုး အပြင် Miso Soap နဲ့ အသီးအရွက်ကြော် တစ်မျိုးမျိုးတို့ကို ထမင်းနဲ့တွဲဖက်စားလေ့ရှိတာ ဂျပန်လူမျိုးတွေရဲ့ စားနေကျရိုးရာမနက်စာပဲ ဖြစ်ပါတယ်။

မော်ရိုကို

Pancake နဲ့ ခပ်ဆင်ဆင်တူတဲ့ Baghrir ကို မနက်စာအဖြစ် အဓိက စားကြပါတယ်။ Baghrir ဆိုတာ Pasta လုပ်လို့ရတဲ့ Semolina မှုန့်နဲ့လုပ်ရင်လုပ် မဟုတ်ရင် ဂျုံနဲ့ လုပ်လို့ရပါတယ်။ သူက ခပ်ပွပွရှိပြီး အရွယ်အားဖြင့် သေးငယ်ပါတယ်။ သူ့မှာ အပေါက်ပေါက်တွေရှိနေတယ်ဆိုမှ Baghrir လုပ်နည်းမှန်တာပါ။ မော်ရိုကိုနိုင်ငံသားတွေက Baghrir ကို ထောပတ် ဒါမှမဟုတ်ရင် ပျားရည်နဲ့ တွဲဖက်စားကြပါတယ်။

တူနီးရှား

Chickpea ပါတဲ့ ခပ်စပ်စပ် Soup တစ်မျိုးကို သောက်သုံးကြပါတယ်။ အဲ့ဒီ Soup ကိုတော့ Lablabi လို့ခေါ်ပါတယ်။

ပေါ်တူဂီ

ပေါ်တူဂီရောက်ရင်တော့ မနက်စာအဖြစ်စားရမှာက မြန်မာလူမျိုးတွေနဲ့ အသားကျပြီးသား အစားအစာတစ်ခုပါ။ သူကတော့ ကြက်ဥပူတင်းခွက်မုန့်ပဲ ဖြစ်ပါတယ်။ အခေါ်အဝေါ်အနေနဲ့ဆိုရင် Pasteis de nata လို့ သုံးနှုန်းကြပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ မနက်ခင်းအချိန်ရဲ့ ရေပန်းအစားဆုံးစားစရာတစ်ခုဖြစ်ပါတယ်။

ရှရှား

အနီရောင်/ အနက်ရောင်ရှိတဲ့ ငါးဥတွေကို Pancake ပေါ်မှာ တင်ပြီးစားပါတယ်။ အတော်လေး သူဌေးဆန်တဲ့ မနက်စာမျိုးပါ။

ထိုင်ဝမ်

အများစုတော့ ဖက်ထုပ်ကို မနက်စာအဖြစ်စားမယ်ပဲ ထင်ကြမှာပေါ့။ တကယ်တမ်း သူတို့စားတာက ပဲနို့နဲ့ရောပြီးလုပ်ထားတဲ့ ကြက်သွန်မြိတ် Pancake ပဲ ဖြစ်ပါတယ်။

Feature Photo Credit: saba.com

Reference & Photo Credit: edition.cnn.com

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle