ဘယ်လိုအချက်တွေက ချစ်သူနှစ်ကြားဝေးစေတာလဲ

ဘယ်လိုအချက်တွေက ချစ်သူနှစ်ကြားဝေးစေတာလဲ

စုံတွဲတွေကြားမှာအဖြစ်များဆုံးပြဿနာကတစ်ယောက်နဲ့တစ်ယောက်ချစ်သေးရဲ့လားဆိုတဲ့အတွေးပါ။ကိုယ့်ရဲ့ခံစားချက်တွေဂရုမစိုက်တော့ရင် အစစအရာရာဂရုမစိုက်တော့ဘူးဆိုရင်တောင် ကိုယ့်ခံစားချက်ကိုလစ်လျူရှနေတယ်လို့ခံစားရပြီးလား၊မသိချင်ယောင်ဆောင်နေမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့တော့စဉ်းစားဖို့လိုနေပါပြီ။

Photo Credit -Smart

လုပ်ချင်တာလုပ်ပြီးမှတောင်းပန်တတ်တဲ့အခြေအနေမျိုး ကိုယ်ကဒီလိုမျိုးလုပ်ရင်လုံဝမကြိုက်ဘူးလို့လည်းပြောထားရက်နဲ့ သူဘက်ကဆက်လုပ်နေတယ်၊ ကိုယ့်ဒီအကျင့်ကိုမကြိုက်ဘူးလို့လည်းပြောထားတယ် အဲ့ဒါတောင်မှ သူ့ဘက်ကဆက်လုပ်နေသေးတယ်ဆိုရင်သေချာနေပါပြီ ရေရှည်မှာလက်တွဲဖို့ဘယ်လိုမှအဆင်ပြေလောက်မှာမဟုတ်ပါဘူးနော်။

Photo Credit -Medium

အဲ့လိုမျိုးဆိုရင်ကိုယ့်အပေါ်မှာထားတဲ့လေးစားမှုလည်းကွယ်ပျောက်နေလောက်တာသေချာနေပါပြီ။အဲ့လိုမျိုးအခြေအနေမျိုးရောက်နေပြီလားလို့စုံတွဲလေးတိုင်းပြန်မေးကြည့်လေနော်။တကယ်လို့ရောက်နေပြီဆိုရင်တော့ စိတ်အေးအေးထားပြီး နှစ်ယောက်လုံးအနေနဲ့ လမ်းခွဲသင့်လား ရှေ့ဆက်သင့်လားလို့ ဆုံးဖြတ်ဖို့တော့လိုနေပြီလို့တော့မြင်ပါတယ်။

Photo Credit -Freepik

Kelly -Akhayar Lifestyle