ရင်သားကင်ဆာကိုကာကွယ်မယ်ဆိုဒီအချက် ၃ ချက်ကိုရှောင်မယ်

ရင်သားကင်ဆာကိုကာကွယ်မယ်ဆိုဒီအချက် ၃ ချက်ကိုရှောင်မယ်

အမျိုးသမီးတွေရင်သားက သားအိမ်ခေါင်းကင်ဆာလိုမျိုးကာကွယ်ဆေးထိုးလို့မရပါဘူူးနော်။အရွယ်ရောက်လာရင် မိန်းကလေးတွေကစစ်ဆေးသင့်တဲ့အရာလို့လည်းပြောလို့ရပါတယ်။ရင်သားကင်ဆာက ကိုယ်ကိုယ့်ဆန်းစစ်လို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်။ဘယ်အချက်တွေက ရင်သားကင်ဆာကိုကာကွယ်နိုင်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်။
အသားဓာတ်လုံလောက်စွာစားပါ
အသားဓာတ် ကိုလုံလုံလောက်လောက်စားပေးချင်က ရင်သားကင်ဆာကိုကာကွယ်ပေးဖို့အတွက်အထောက်အကူပြုပေးပါတယ်။အမျိုးသမီးတစ်ယောက်တစ်နေ့ကိုအသားဓာတ် 30 grams စားပေးခြင်းက ရင်သားကင်ဆာဖြစ်စေဖို့ 32 Percentလျော့ချပေးနိုင်ပါတယ်။


Alcohol တွေကရှောင်ပါ
Alcohol ကိုအမျိုးသမီးတွေအနေနဲ့အလွန်အကြူသောက်ခဏခဏသောက်မယ်ဆိုရင် ရင်သားကို တော်တော်လေးထိခိုက်နိုင်ပါတယ်။တကယ်လို့ကိုယ်က တစ်ပတ်မှာပိတ်ရက်တွေပဲသောက်သင့်ပါတယ်။Alcohol ရင်သားအတွက်ပါမဟုတ်ပါဘူး ၊ကိုယ့်ရဲ့အသဲအတွက်ပါမကောင်းပါဘူးနော်။


အပိုကီလိုတွေကိုလျော့ချပါ
မိန်းကလေးတွေကအဆီအဆိတ်တွေကိုအရမ်းကို ကြိုက်ကြပါတယ်။စားသလောက်လည်းကိုယ့်အတွက် အဆီတွေပိုတက်စေပါတယ်။ဒီလိုဓာတ်တွေကခန္ဓာကိုယ်ရဲ့ ရင်သားကိုကင်ဆာဖြစ်စေဖို့ပိုမြှင့်တင်ပေးပါတယ်။

Kelly -Akhayar Lifestyle

Photo Credit -Cancer Society