tiktok မှာ Album အသစ်ထဲက သီချင်းအသစ် ON ကို preview ချပြခဲ့တဲ့ BTS

BTS ရဲ့ Map of The Soul: 7 album ကတော့ဒီနေ့မှာထွက်ရှိမှာဖြစ်ပြီး album မထွက်ခင်မှာတော့ ON သီချင်းရဲ့ စက္ကန့်သုံးဆယ်စာကို tiktok ပေါ်မှာ မျှဝေခဲ့ပါတယ်။
ON ရဲ့ အဓိပ္ပာယ်ကတော့စွမ်းအားပြည့်တဲ့ ဟစ်ဟော့ အဆိုတော်ကသူရဲ့ 7နှစ်တာ စိတ်သဘောထားနဲ့ ယူဆချက်ကို ပြန်လည်ထင်ဟပ်ပြသထားတယ်လို့ Big hit ကုမ္ပဏီရဲ့ press release မှာဖော်ပြထားပါတယ်။ Map of Soul:7 album မှာ 7 ကအဖွဲရဲ့ ခုနှစ်နှစ်တာသက်တမ်းနဲ့ member 7 ယောက်ကို ကိုယ်စားပြုတာပါ။ ဒီ album မှာ သီချင်းအသစ် 15 ပုဒ်နဲ့ အရင်ကရေပန်းစားခဲ့တဲ့သီချင်း 5 ပုဒ်စုစုပေါင်း အပုဒ် 20 ပါဝင်မှာဖြစ်ပါတယ်။ ON သီချင်းမှာတော့ BTS only version နဲ့ သြစတေးလျ အဆိုတော် Sia နဲ့ collaboration လုပ်ထားတဲ့ version နှစ်မျိုးထွက်ရှိမှာဖြစ်ပြီးမတူညီတဲ့ခံစားချက်ကိုပေးစွမ်းနိုင်မှာပါ။ Album ကတော့ ကိုရီးယားစံတော်ချိန် သောကြာနေ့ 6 နာရီမှာထွက်ရှိလာမှာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ ၃ နာရီခွဲမှာထွက်ရှိမှာပဲဖြစ်ပါတယ်။

Albumမှာပါဝင်မဲ့သီချင်းlist အပြည့်အစုံကတော့အောက်ပါအတိုင်းဖြစ်ပါတယ်....
1. Intro: Persona
2. Boy with Luv (Feat. Halsey)
3. Make It Right
4. Jamais Vu
5. Dionysus
6. Interlude: Shadow
7. Black Swan
8. Filter
9. My Time
10. Louder than bombs
11. ON
12. UGH!
13. 00:00 (Zero O’Clock)
14. Inner Child
15. Friends
16. Moon
17. Respect
18. We are Bulletproof: The Eternal
19. Outro: Ego
20. ON (Remix) (Feat. Sia)
Ref: billboard
Hein Htet (Akhayar)