အသက် (၁၈) နှစ်အရွယ် Fortnite World Cup ချန်ပီယံ ကစားသမားနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ Sentinels Esports

အသက် (၁၈) နှစ်အရွယ် Fortnite World Cup ချန်ပီယံ ကစားသမားနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ Sentinels Esports

LA အခြေစိုက် Esports အဖွဲ့အစည်း Sentinels ကတော့ အသက် (၁၈) နှစ် အရွယ်သာ ရှိသေးတဲ့ နာမည်ကျော် Fortnite World Cup ချန်ပီယံ ကစားသမားလေး Bugha နဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်နိုင်ပြီ ဖြစ်ပါတယ်။ Bugha အနေနဲ့ Sentinels Esports ကိုယ်စားပြု Fortnite ကစားသမား ဘဝကို ၂၀၁၉ ခုနှစ်၊ မေလမှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ကျင်းပခဲ့တဲ့ Fortnite World Cup 2019 ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဆုကြေးငွေ ကန်ဒေါ်လာ ၃ သန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Bugha အနေနဲ့ ပရို Fortnite ကစားသမား အဖြစ် ဆက်လက် ရပ်တည်လျက် ရှိသလို အခြားသော စီးပွားရေး လုပ်ငန်းများမှာလည်း နယ်မြေ ချဲ့ထွင်လျက် ရှိပါတယ်။ Bugha အနေနဲ့ Five Below Gaming Accessories ကုမ္ပဏီနဲ့ လက်တွဲကာ Gaming Headset, Keyboard, Mouse တွေ ထုတ်လုပ် ရောင်းချလျက် ရှိသလို Advanced Club အမည်ရ ဝက်ဘ်ဆိုက်ကနေ တစ်ဆင့်လည်း Fortnite နဲ့ ပက်သက်တဲ့ သင်ခန်းစာတွေ ပို့ချပေးလျက် ရှိပါတယ်။

လက်ရှိအချိန်မှာ Epic Games အနေနဲ့ Fortnite Champion Series: Chapter 2 Season 5 ကို လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာ သွားခဲ့တာကြောင့် Season 4 မှာ တတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ Bugha တစ်ယောက် ချန်ပီယံ ဂုဏ်ပုဒ်ကို ပြန်လည် ရယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ