M2 MLBB World Championship ပြိုင်ပွဲရဲ့ Upper Bracket ကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghoul

M2 MLBB World Championship ပြိုင်ပွဲရဲ့ Upper Bracket ကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghoul

စင်ကာပူနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ M2 MLBB ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးရဲ့ အုပ်စု ပထမနေ့ ပွဲစဉ်များ အပြီးမှာတော့ MPL MM S5 ပြိုင်ပွဲရဲ့ ချန်ပီယံလည်းဖြစ်၊ ပရိသတ် အချစ်တော် MLBB အသင်းလည်းဖြစ်တဲ့ Burmese Ghouls ကတော့ Upper Bracket ကို သက်တောင့်သက်သာပဲ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Burmese Ghouls MLBB Facebook Page

Burmese Ghouls အဖွဲ့သားတွေ အနေနဲ့ M2 MLBB ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးရဲ့ အုပ်စုအေမှာ ရုရှားနိုင်ငံ ကိုယ်စားပြု Unique Devu, အိမ်ရှင် စင်ကာပူနိုင်ငံ ကိုယ်စားပြု Resurgence တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး Unique Devu နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်ကို ၂ ပွဲပြတ်၊ RSG နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်ကို ၂-၁ စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် အုပ်စုအေရဲ့ ပထမ နေရာကို သိမ်းပိုက်ပြီး Upper Bracket ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Burmese Ghouls MLBB Facebook Page

Burmese Ghouls MLBB အသင်းသားတွေ အနေနဲ့ Upper Bracket Round 1 ပွဲစဉ် အဖြစ် MPL PH ချန်ပီယံလည်းဖြစ်၊ BG အဖွဲ့သားတွေကို One Esports MPL Invitational ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Bren Esports နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် Bren Esports ကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: EggNetwork1, EggNetwork2

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle