အင်ဒိုနီးရှားနိုင်ငံမှာပါ အောင်မြင် ကျော်ကြားနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသူ MLBB ပရို အင်ကြင်းဖူး

အင်ဒိုနီးရှားနိုင်ငံမှာပါ အောင်မြင် ကျော်ကြားနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသူ MLBB ပရို အင်ကြင်းဖူး

မအင်ကြင်းဖူး ဆိုတာကတော့ မြန်မာနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် MLBB ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း Impunity Esports ရဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အမျိုးသမီးMLBB အသင်း Impunity Divas မှာ ကပ္ပတိန်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါတယ်။

မအင်ကြင်းဖူး အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ပရိုဖက်ရှင်နယ် MLBB ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယခုအခါမှာတော့ အင်ဒိုနီးရှားနိုင်ငံသား MLBB ချစ်သူတွေ အကြားမှာပါ အောင်မြင် ကျော်ကြားလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မအင်ကြင်းဖူး အနေနဲ့ M1 ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ EVOS Legends ကစားသမားတွေဖြစ်တဲ့ Donkey, Oura, Luminaire တို့နဲ့အတူ ပြီးခဲ့တဲ့လတုန်းက Streaming ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အင်ဒိုနီးရှားနိုင်ငံသား ပရိုဖက်ရှင်နယ် MLBB ကစားသမား Donkey နဲ့အတူ အမြဲလိုလို Streaming ပြုလုပ်ခဲ့တာကြောင့် မအင်ကြင်းဖူးတစ်ယောက် အင်ဒိုနီးရှား ပရိသတ်တွေ အကြားမှာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

အခုလို အင်ဒိုနီးရှား ပရိသတ်တွေ အကြား ရေပန်းစားလာခဲ့တဲ့ မအင်ကြင်းဖူးကို နာမည်ကျော် ဂိမ်းမင်း မီဒီယာတစ်ခုဖြစ်တဲ့ One Esports က ဆက်သွယ် မေးမြန်းခဲ့ရာမှာ မအင်ကြင်းဖူး အနေနဲ့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်မ အကြိုက်ဆုံး MLBB ကစားသမားကတော့ EVOS MLBB အသင်းရဲ့ ကစားသမား Donkey ပဲ ဖြစ်ပါတယ်။ သူနဲ့ ကျွန်မက In-Game မှာ ကစားတဲ့ Role လည်း တူတယ်လေ။ သူကကျွန်မအတွက်တော့ တကယ်ကို စံထားရတဲ့၊ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။

နောက်ပြီးတော့ EVOS MLBB အသင်းရဲ့ Oura နဲ့ Burmese Ghouls MLBB အသင်းရဲ့ Rubydd တို့ရဲ့ ကစားဟန်ကိုလည်း သဘောကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ ကစားဟန်က တစ်ခြားသူတွေနဲ့ တူညီခြင်း မရှိသလို ချစ်ဖို့လည်း ကောင်းတယ်လို့ ခံစားမိတာကြောင့်ပါ။”

မအင်ကြင်ဖူး အနေနဲ့ Tank Role ကိုသာ အဓိကထား ကစားလေ့ရှိပြီး Kaja နဲ့ Minotaur မြန်မာပြည် နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်သလို Hylos မြန်မာပြည် အဆင့် ၂၊ Grock မြန်မာပြည် အဆင့် ၄၊ Lolita မြန်မာပြည် အဆင့် ၉ တို့ကိုလည်း ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်မအကြိုက်ဆုံး Hero ကတော့ Kaja ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ဖက်အသင်းကို ဒုက္ခအပေးနိုင်ဆုံး၊ တစ်ဖက်ရန်သူကို သတ်ပစ်ဖို့ အထောက်အကူ အပေးနိုင်ဆုံး Hero တစ်ကောင် ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ Kaja က ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း အရှိဆုံး Hero တစ်ကောင်လည်းဖြစ်တယ်။ သူ့ရဲ့ Ulti က ရှုံးတော့မယ့် အခြေအနေကနေ ပြန်နိုင်သွားတဲ့အထိ ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။”

“ကျွန်မသာ အင်ဒိုနီးရှား ဘာသာကစား ပြောတတ်မယ်ဆိုရင်တော့ အင်ဒိုနီးရှားဖန်တွေအပေါ် ကျွန်မ ဘယ်လောက် ဂရုစိုက်ကြောင်း၊ ချစ်မြတ်နိုးကြောင်း ပြောပြရတာ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ နိုင်ငံခြင်း မတူညီကြပေမယ့် ကျွန်မကို Support ပေးတဲ့အတွက်၊ အခုထက်ပိုပြီး အောင်မြင်စေဖို့ ဆုတောင်းပေးတဲ့ အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။”

ဒါ့အပြင် အင်ဒိုနီးရှား အခြေစိုက် အဖွဲ့အစည်း လက်အောက်ခံ ကစားသမား ဘဝကို ခံယူသွားဖို့ စိတ်ကူထားကြောင်း မအင်ကြင်းဖူး အနေနဲ့ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

“အင်ဒိုနီးရှား နိုင်ငံမှာ MLBB က အရမ်းကို နာမည်ကျော် လူကြိုက်များတဲ့ ဂိမ်းတစ်ခု အဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်တယ်လို့ ကျွန်မသိထားပါတယ်။ တကယ်လို့သာ အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် MLBB အသင်း တစ်သင်းသင်းကသာ ကျွန်မကို လာရောက် ကစားဖို့အတွက် ကမ်းလှမ်းခဲ့မယ်ဆိုရင် ကျွန်မ အထူးပဲ ဂုဏ်ယူမိမှာ ဖြစ်သလို အရမ်းပဲ ဝမ်းမြောက်မိမှာ ဖြစ်ပါတယ်။”

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle