Business Associates Dota2 အသင်းရဲ့ နည်းပြအဖြစ်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ Demon

NA Dota2 လောကရဲ့ နာမည်ကျော် ကစားသမားဟောင်း တစ်ဦးလည်းဖြစ်၊ SEA အခြေစိုက် Dota2 အသင်း တစ်သင်းဖြစ်တဲ့ TNC Dota2 အသင်းကို အောင်မြင်တဲ့ Dota2 အသင်း ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Jimmy “DeMoN” Ho အနေနဲ့ 2019-2020 DPC ရာသီမှာတော့ Business Associates Dota2 အသင်းမှာ နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

Business Associates Dota2 အသင်းကို NA ဒေသရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Clinton “Fear” Loomis, David “Moo” Hull စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့သလို ပြီးခဲ့တဲ့လက အစားထိုး ကစားသမားများ အဖြစ် ခေါ်ယူခဲ့တဲ့ EternalEnvy, Sneyking တို့ကိုလည်း အသင်းကနေ ပြန်လည် ထုတ်ပယ်လိုက်ပြီ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ကစားသမား သုံးဦးသာ ကျန်ရှိပါတော့တယ်။

ယခုအခါမှာတော့ Business Associates Dota2 အသင်းရဲ့ နည်းပြဖြစ်သူ DeMoN အနေနဲ့လည်း အသင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းကို ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကျော် Caster တစ်ဦးဖြစ်တဲ့ Toby “TobiWan” Dawson အနေနဲ့ DeMoN ကို နည်းပြ အဖြစ် လုပ်ကိုင်နေသေးလားလို့ မေးမြန်းခဲ့ရာမှာ DeMoN ဘက်ကတော့ အလျင်အမြန်ပဲ နည်းပြ အဖြစ် လုပ်ကိုင်နေခြင်း မရှိတော့ကြောင်း၊ အသင်းကနေ ထွက်ခွာခဲ့တာ အချိန် တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြန်လည် ပြောကြားသွားခဲ့ပါတယ်။

Business Associates Dota2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One Birmingham 2020 Online NA ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိပေမယ့် နည်းပြဖြစ်သူ DeMoN အပါအဝင် EE, Sneyking စတဲ့ ကစားသမား နှစ်ဦးပါ မရှိတော့တာကြောင့် ကစားသမား သုံးဦးသာ ကျန်ရှိတော့တဲ့ အနေအထားနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။
ဒါကြောင့် Business Associates အဖွဲ့သားတွေ အနေနဲ့ မကြာခင် ကျင်းပသွားမယ့် ESL One Birmingham 2020 အွန်လိုင်း ပြိုင်ပွဲမှာ မည်သည့် ကစားသမား နှစ်ဦးကို ခေါ်ယူပြီး ဝင်ရောက် ယှဉ်ပြိုင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Business Associates Dota2 အသင်းရဲ့ လက်ရှိ ကစားသမားစာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- David “Moo” Hull – Pos 1
- Braxton “Brax” Paulson – Pos 2
- Clinton “Fear” Loomis – Pos 5
REF: VpEsports