လှပပြီးလုံးဝန်းတဲ့တင်ပါးကိုရဖို့ဘယ်လိုမျိုးတွေစားသင့်လဲ?

လှပပြီးလုံးဝန်းတဲ့တင်ပါးကိုရဖို့ဘယ်လိုမျိုးတွေစားသင့်လဲ?

ကြံခိုင်သန်စွမ်းတဲ့တင်ပါးကြွက်သားတွေကိုပိုင်ဆိုင်ထားသူက ခွန်အားရှိတဲ့၊ ကျန်းမာတဲ့သူတစ်ယောက်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ကျစ်လစ်လှပတဲ့ တင်ပါးကြွက်သားတွေက ငယ်ရွယ်မူ၊ ကျန်းမာမူနဲ့ တက်ကြွမူတို့ကိုဖော်ညွှန်းပါတယ်။
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကိုယ့်ရဲတင်ပါးကိုလေ့ကျင်ခန်းလုပ်ရုံသာမကနေ့စဉ်စားနေကျအစားစာတွေထဲကလည်းတင်ပါးကိုဘာတွေအားဖြစ်စေလဲ? ဆွဲဆောင်မူရှိပြီးလုံးလုံးကျစ်ကျစ် တင်ပါးလေးရဖို့အတွက်ဘာတွေစားရမလဲ?
ရိုးလည်းရိုးရှင်းပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်စေတဲ့အစားစာလေးတွေကိုမျှဝေပေးချင်ပါတယ်။

ကြက်ဥ
ပရိုတိန်းဓာတ်များစွာနဲ့အားဖြည့်ပေးပြီး လူတိုင်းလည်းကြိုက်တဲ့ကြက်ဥက တင်ပါးကြီးဖို့အတွက်သာမက  လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေအတွက်လည်းအားအင်လည်းဖြစ်စေပါတယ်။

ငါး
ငါးက ပရိုတိန်းရဖို့အရင်းအမြစ်အစားစာဖြစ်ပါတယ်၊ကစီဓာတ်ကိုလည်းအဓိကတည်ဆောက်ပေးပြီး၊နှလုံးအတွက်လည်းအထူးကောင်းမွန်စေပါတယ်။

ကြက်သား
ကြက်သားမှာပါတဲ့အသားဓာတ်က ကိုလက်စထရောဓတ်ကိုလျော့ချပေးပြီး ပရိုတိန်းဓာတ်အတွက်လည်းအထူးကောင်းမွန်ပါတယ်။တင်ပါးကိုလည်းပိုကြီးပြီးတင်းလာစေပါတယ်။

နွားနို့
နွားနို့ကတော့ လေ့ကျင့်ခန်းလုပ်တဲ့လူတွေအတွက်မဖြင့်မနေသောက်သင့်တာလေးတစ်ခုပါ၊အရိုးအဆစ်တွေကိုသန်မာစေပြီး အသားအရေကိုလည်းပိုဝင်းပြီးနုပျိုစေပါတယ်နော်။

ထောပတ်သီး
နှလုံးသွေးကြောကျဉ်းရောဂါကိုတစ်ဖက်တလမ်းကကာကွယ်ပေးသလို သွေးတွင်းရှိကိုလက်စထရောကိုလည်းကျစေပါတယ်။သံလွင်ဆီလိုမျိုး oleci acid ကကိုယ်အလေးချိန်ကိုလည်း မဝအောင်ထိန်းထားပေးနိုင်ပါတယ်။ဒိလိုဆိုရင်လွယ်ကူးပြီးတင်ပါးအလှတိုးစေမဲ့ဟာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Kelly (Akhayar Lifestyle)

Photo Credit