သဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်မှုရှိအောင်သစ်ပင်လေးတွေစိုက်ရင်းအိမ်တွင်းအောင်းမယ်

သဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်မှုရှိအောင်သစ်ပင်လေးတွေစိုက်ရင်းအိမ်တွင်းအောင်းမယ်

လူတွေရဲ့စိတ်ဟာအခုလောက်ဆိုရင်အိမ်တွင်းအောင်းနေရလို့နည်းနည်းတော့စိတ်တွေညစ်နေကြပြီလေ။ဟိုဟာလျှောက်လုပ်ဒီဟာလျှောက်လုပ်နဲ့လုပ်စရာတွေလည်းကုန်သလောက်ဖြစ်နေသလိုရှိလည်းမရှိတော့လောက်ပါဘူး။လူတိုင်းကကိုယ့်အသိစ်တ်နဲ့ကိုယ့် အိမ်ထဲမှာနေရတာလည်းတစ်လလောက်ဖြစ်ပြီမို့ Cabin Fever တွေရလာဲ့ပြီမလား။ Cabin ဆိုတာကအခန်းငယ်လေး၊ Fever ဆိုတာကအဖျားတက်တာပေါ့နော်။Cabin Fever ရလာကြပြီအဲ့တော့အပြင်ထွက်ပြီးလုပ်နေကြအလုပ်တွေအကုန်နားထားရပြီမဖြစ်မနေထွက်ရတာကလွဲလို့အားလုံးအိမ်ထဲမှာပဲနေကြတာပေါ့နော်။

အဲ့လိုအချိန်တွေမျိုးမှာစိတ်ကိုကြည်လင်စေတဲ့အရာလေးတွေလုပ်ပေးဖို့လည်းတကယ်လိုအပ်ပါတယ်။ခုချိန်မှာအတော်များဟာအပြင်မထွက်ရဘူးလို့ဆိုပေမဲ့အိမ်ထဲမှာနေရင်းနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်သွယ်နိုင်တဲ့နည်းလမ်းလေးတွေရှိပါတယ်နော်။ပြတင်းပေါက်တွေကိုတံခါးတွေကိုအကုန်ဖွင့်ထားပါ။လေဝင်လေထွက်ကောင်းအောင်၊ဌက်ကလေးတွေရဲ့အသံကိုကြားရအောင်နေပါ။

တစ်ချို့အိမ်တွေမှာဆိုရင်အပင်လေးတွေစိုက်ထားတာ ငါးလေးတွေမွေးထားတာတွေရှိပါတယ်။ငါးကလေးတွေရေထဲမှာရှင်သန်နေတာ၊ကူးခတ်နေတာလေးတွေမြင်ရရင်လည်းသဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်နေတတယ်လို့ခံစားရပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုအနားပေရမယ့်အချိန်မှာအနားပေးပါ၊အပန်းဖြေပါ။သဘာဝပတ်ဝန်းကျင်နဲ့ဆက်သွယ်ပါ။သစ်ပင်လေးတွေကိုပြုစုပါ၊သဘာဝတရားကြီးမှာမယုံကြည်နိုင်လောက်တဲ့စွမ်းအားတွေရှိပါတယ်။အဲ့တော့အပင်လေးတွေကကိုယ့်ရဲ့နာကျင်မှုတွေဝမ်းနည်းမှုတွေကိုလျော့ချပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။အဲ့တော့သစ်ပင်လေးတွေစိုက်ပြီးကိုယ့်ရဲ့စိတ်ဖိစီးမှုတွေလျော့ချပေးနိုင်ပါစေနော်။

Kelly (Akhayar Lifesyle)

Photo Credit-Pinterest