တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Call of Duty: Mobile

တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Call of Duty: Mobile

နာမည်ကျော် ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီကြီး Activison ရဲ့ Call of Duty: Mobile ဟာ အခုဆိုရင် တရားဝင် ထွက်ရှိခဲ့တာ တစ်နှစ်ပြည့်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ စတင် ထွက်ရှိခဲ့တဲ့ Call of Duty: Mobile ဟာ စတင် ထွက်ရှိပြီး တစ်ပတ် အတွင်းမှာ ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ သန်း ၁၀၀ အထိ ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ထွက်ရှိခဲ့တဲ့ စစ်တမ်းများအရ Call of Duty: Mobile ကို ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ သန်း ၂၅၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Call of Duty Mobile ဟာ Mobile Shooting Game လောကရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ Tencent ရဲ့ PUBG Mobile, Garena ရဲ့ Free Firee တို့ကို လိုက်မီခြင်းတော့ မရှိသေးပါဘူး။ Call of Duty Mobile ဟာ အာရှတိုက်တစ်ဝှမ်းမှာ ထင်သလောက် နာမည်ကျော်ကြားခြင်း မရှိပေမယ့်လည်း မြောက်အမေရိက တစ်ဝှမ်းမှာတော့ လူကြိုက်များတဲ့ Mobile ဂိမ်းတစ်ခု အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

Call of Duty: Mobile ဟာ ထွက်ရှိပြီး တစ်နှစ်အတွင်းမှာ ပရိသတ်တွေ တောင်းဆိုတဲ့ အတိုင်း Gameplay, Gunplay Update ပေါင်း မြောက်များစွာ ထည့်သွင်းပေးခဲ့သလို မိုဘိုင်းဂိမ်မာတွေ နှစ်သက်တဲ့ အခြားသော Features တွေကိုလည်း မကြာခဏ ဆိုသလို ထည့်သွင်းပေးလေ့ ရှိတာကြောင့် မကြာခင် အချိန်အတွင်းမှာ Call of Duty: Mobile ရဲ့ ပရိသတ်အင်အားဟာ ယခုထက်ပိုပြီး တောင့်တင်းလာဖွယ် ရှိနေပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာလည်း နာမည်ကျော် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Sony XPERIA နဲ့ ပူးပေါင်းကာ ဆုကြေးငွေ ဒေါ်လာ ၁ သန်း ချီးမြှင့်သွားမယ့် Call of Duty: Mobile World Championship ပြိုင်ပွဲကြီးကိုလည်း ကျင်းပသွားဦးမှာ ဖြစ်တာကြောင့် ယခုလို စွဲမက်ဖွယ်ကောင်းတဲ့ ဆုကြေးငွေ ပေးအပ် ချီးမြှင့်သွားမယ့် ပြိုင်ပွဲတွေကိုသာ မကြာခဏ ကျင်းပသွားခဲ့မယ်ဆိုရင် နောင်တော်ကြီးတွေဖြစ်တဲ့ PUBG Mobile, Garena Free Fire တို့လို Mobile Esports လောကမှာ နာမည်ကျော် ဂိမ်းတစ်ခု အဖြစ် အချိန် အကြာကြီး ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle