Call of Duty Modern Warfare ရဲ့ နာမည်ကျော် မြေပုံနှစ်ခုကို COD Mobile မှာ ထည့်သွင်းပေးသွားမည်

Call of Duty Modern Warfare Franchise ရဲ့ လူကြိုက် အများဆုံး မြေပုံ နှစ်ခုဖြစ်တဲ့ Shipment နဲ့ Terminal တို့ကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ပြီး Call of Duty Mobile မှာ Beta Version အဖြစ် ထည့်သွင်း ပေးခဲ့ပါတယ်။
Terminal မြေပုံကတော့ အလယ်အလတ် အကျယ်အဝန်းရှိ မြေပုံတစ်ခုဖြစ်ပြီး လေဆိပ်တစ်ခု အပေါ် အခြေခံပြီး ဖန်တီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ Terminal မြေပုံရဲ့ တစ်ဝက်ခန့်ကို လေဆိပ်အတွင်းပိုင်း အဖြစ် ပုံဖော်ထားပြီး အခြား တစ်ဝက်ခန့်ကိုတော့ လေဆိပ်အပြင်ပိုင်း အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် COD Mobile မှာ ပါဝင်လာမယ့် Terminal မြေပုံဟာ Modern Warfare 2 ရဲ့ Terminal မြေပုံနဲ့ လုံးဝ ချွတ်စွပ် တူညီနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

COD Mobile မှာ နောက်ထပ် ပါဝင်လာမယ့် မြေပုံကတော့ Shipment ဖြစ်ပြီး အဆိုပါ မြေပုံရဲ့ အကျယ်အဝန်းကတော့ အခြားသော မြေပုံတွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် သေးငယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Shipment မြေပုံမှာ Game Mode တွေ အများကြီး ကစားနိုင်မှာ မဟုတ်ဘဲ Team Deathmatch တို့လို့ Game Mode မျိုးကိုသာ ကစားသမားနိုင်မှာ ဖြစ်ပါတယ်။

COD Mobile အတွက် Shipment နဲ့ Terminal မြေပုံနှစ်ခုကို Beta ဗားရှင်း အဖြစ် ထုတ်ပေးခဲ့ပြီ ဖြစ်ပေမယ့်လည်း Official ဗားရှင်းကိုတော့ လာမယ့် Season စတင်သွားမယ့် ဩဂုတ်လ (၆) ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဩဂုတ်လ (၆) ရက်နေ့မှာ စတင်သွားမယ့် Season အသစ်မှာ မြေပုံ အသစ်နှစ်ခုအပြင် Gunsmith Feature အပါအဝင် Features အသစ်တွေကိုလည်း ထပ်မံ မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
REF: DotEsports