Call of Duty: Warzone ကို မိုဘိုင်းဂိမ်း အဖြစ် မြင်တွေ့ရတော့မည်

Call of Duty: Warzone ကို မိုဘိုင်းဂိမ်း အဖြစ် မြင်တွေ့ရတော့မည်

Call of Duty Franchise ဂိမ်းတွေ အထဲမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Call of Duty: Warzone ကို မကြာခင် အချိန်အတွင်း မိုဘိုးဂိမ်း အဖြစ် မြင်တွေ့ရတော့မှာ ဖြစစ်ပါတယ်။ Call of Duty: Warzone ကို မိုဘိုင်းဂိမ်း အဖြစ် မြင်တွေ့ရဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေဟာ ထွက်ပေါ်လာခဲ့တဲ့ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယခုအခါမှာတော့ ကျိမ်းသေသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Activision အနေနဲ့ လွန်ခဲ့တဲ့ ၂ လခန့်က စတင်ပြီး Call of Duty: Warzone Mobile အတွက် ဝန်ထမ်း ရှာဖွေမှုတွေကို စတင် ပြုလုပ်ခဲ့ပြီး ယခုအခါမှာတော့ ဂိမ်းဖန်တီးမှုကို စတင် ပြုလုပ်လျက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Activision ရဲ့ အဆိုအရ Call of Duty: Warzone မိုဘိုင်းဂိမ်းမှာ Call of Duty: Warzone Console နဲ့ PC တို့မှာ ပါဝင်တဲ့ အရေးကြီး Features အများစု ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

Activision အနေနဲ့ Call of Duty: Mobile ကို စတင် ထုတ်လွှင့်ပြီး တစ်နှစ် အတွင်းမှာ ဒေါင်းလုဒ်ဆွဲ အသုံးပြုမှု သန်း ၃၀၀ ကျော် ရှိလာခဲ့တာကြောင့် PC နဲ့ Console လောကမှာ ရေပန်းစားလျက်ရှိတဲ့ Call of Duty: Warzone နဲ့အတူ မိုဘိုင်းလောကကို ဆက်လက် ထိုးဖောက်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Activision Blizzard ရဲ့ COO ဖြစ်သူ Daniel Alegre အနေနဲ့လည်း Activision Franchise ဂိမ်းတွေကို မိုဘိုင်းဖုန်းတွေမှာ ဘီလီယံနဲ့ချီပြီး အသုံးပြုသူတွေ ရှိလာစေဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် မကြာခင် နှစ်အနည်းငယ် အတွင်းမှာ Activision Franchise ဂိမ်းအများစုကို မိုဘိုင်းဂိမ်းတွေ အဖြစ် မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

ဒါ့အပြင် Activision အနေနဲ့ ယခင်အချိန်တွေတုန်းက ကျွန်တော်တို့ မိုဘိုင်းဖုန်း အများစုမှာ မရှိမဖြစ် နေရာယူခဲ့တဲ့ Candy Crush မိုဘိုင်းဂိမ်းကို ဖန်တီးထုတ်လုပ်ခဲ့တဲ့ King ကုမ္ပဏီကို ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့သလို လက်ရှိအချိန်မှာ Crash Bandicoot: On the Run အမည်ရ Subway Surfers ဆန်ဆန် မြေခွေးလမ်းလျှောက် ဂိမ်းတစ်မျိုးကို ဖန်တီးလျက် ရှိတာကြောင့် မကြာခင် အချိန်အတွင်းမှာ Crash Bandicoot Universe အတွင်းမှ ဂိမ်းတစ်ခုကိုလည်း မိုဘိုင်းဂိမ်း အဖြစ် မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle