Global Box Office မှာ ဝင်ငွေ ၁ ဘီလီယံထိ ရောက်ရှိသွားပြီဖြစ်တဲ့ Captain Marvel

Global Box Office မှာ ဝင်ငွေ ၁ ဘီလီယံထိ ရောက်ရှိသွားပြီဖြစ်တဲ့ Captain Marvel

Captain Marvel ဆိုတာ ပြီးခဲ့တဲ့လကမှ ရုံတင်သွားတဲ့ Marvel ရဲ့စူပါဟီးရိုးရုပ်ရှင်ကားလေးပါ။ ဒီကားမှာ Barie Larson က ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်သရုပ်ဆောင်ထားတယ်။ Captain Marvel က ရုံတင်တာတောင်သိပ်မကြာသေးပေမယ့်လည်း ဘီလီယံဒေါ်လာတန်ကားလေးဖြစ်သွားပါပြီနော်။

ဟုတ်ပါတယ် Brie Larson ပါဝင်သရုပ်ဆောင်ထားတဲ့ MCU ရဲ့ Captain Marvel က တစ်ကမ္ဘာလုံးမှာ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁ ဘီလီယံကို ကျော်သွားပါပြီတဲ့။ ဒီကားက Marvel ရဲ့ ပထမဆုံး အမျိုးသမီးဇာတ်ကောင် ခေါင်းဆောင်တဲ့ ကားဖြစ်ပြီး အမျိုးသမီးစူပါဟီးရိုးတွေလည်း သူတို့ဘာသာသူတို့ ရပ်တည်နိုင်ပြီဆိုတာကို အတည်ပြုလိုက်တဲ့ ကားလေးပါပဲ။ Captain Marvel က Blockbuster ကားတစ်ကားလို့ပြောလို့ရပါတယ်။  မထင်မှတ်ထားလောက်အောင်ကို ဝင်ငွေတွေ သောက်သောက်လဲရှာပေးနိုင်ခဲ့တယ်။ ဒီ Blockbuster လေးကလည်း ပြည်တွင်းမှာ ဝင်ငွေ ဒေါ်လာ ၃၈၅ မီလံယံရှာပေးနိုင်ခဲ့ပြီး နိုင်ငံရပ်ခြားမှာလည်း ဒေါ်လာ ၆၄၅ မီလီယံရှာပေးနိုင်ခဲ့ပါတယ်။

Captain Marvel က Avengers: Infinity War ၊ Black Panther ၊ The Avengers ၊ Captain America: Civil War ၊ Avengers: Age of Ultron ၊ Iron Man 3 တို့နဲ့အတူ MCU မှာ ဒေါ်လာ ဘီလီယံချီရှာပေးနိုင်တဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်လာပါတယ်။ ပြီးတော့ Disney ရဲ့ရုပ်ရှင်တွေထဲမှာ ဒေါ်လာ ၁ ဘီလီယံကျော်ရတဲ့ ၁၈ ကားမြောက်လည်းဖြစ်ပါတယ်။ အိုး…ဟုတ်ပါ့ Disney က Marvel Studios ကိုဝယ်ထားတာလေ။ ဆိုတော့ကား…..

DC ရဲ့ Wonder Woman ဇာတ်ကားက ဟောလိဝုဒ်စူပါဟီးရိုးလောကမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့ပြီး အမျိုးသမီးတွေလည်း တတ်နိုင်တယ်ဆိုတာကို ပြသနိုင်အောင် လမ်းခင်းပေးသွားခဲ့တယ်။ အခုဆို Marvel လည်း Captain Marvel နဲ့ အမျိုးသမီးတွေရဲ့ ခွန်အားကို ပြသလာခဲ့ပါပြီ။

ဒါ့အပြင် Captain Marvel က Avengers: Endgame မှာလည်း ပါဝင်လာဦးမှာမို့ စောင့်မျှော်ရှုစားရဦးမှာပါပဲ။ ကဲဒီတော့…… ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။

Piki (Akhayar)

Ref: www.variety.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle