Caption လေးတွေနဲ့ပုံလေးတွေကိုဖမ်းစားမယ်

Caption လေးတွေနဲ့ပုံလေးတွေကိုဖမ်းစားမယ်

ဓာတ်ပုံကောင်းတစ်ပုံဖန်တီးဖို့မလွယ်ကူသလို ပုံနဲအတူ Social  Media မှာစာရေးပြီးတင်ဖို့ကလည်းသူများနဲ့မတူတဲ့စာကြောင်းလေးဖြစ်ဖို့လည်းလိုတယ်နော်။ ပုံကလှပြီးတွဲတင်ထားတဲ့က Caption ကဖတ်ရသူအတွက်အဆင်မပြေရင်လည်းပုံနဲ့စာနဲ့မအပ်စပ်ဘူးလို့ခံစားရမှာပေါ့။ကယ်ဒီလိုဆိုရင် စာဖတ်သူတို့ကိုဘယ်လို Caption လေးတွေဆိုဘယ်လိုပုံလေးတွေနဲ့တွဲပြီးတင်သင့်လဲဆိုတာကိုနည်းလမ်းလေး (၅)ခုနဲ့ပြောပြပေးချင်ပါတယ်။

ရည်ရွယ်ချက်ဖြင့်စာတန်းလေးဖန်တီးပါ
ကိုယ့်ရဲ့ပုံကို Social Media ပေါ်တင်တော့မယ်ဆိုရင် ပုံရဲနောက်ကွယ်ကအကြောင်းအရာလေးဖြင့်ဖြင့်၊ဓာတ်ပုံထဲမှာပါဝင်တဲ့လူတွေနဲ့ပတ်သက်တဲ့စာကြောင်းလေးတွေလည်းရေးလို့ရပါတယ်။

မေးခွန်းလေးတွေမေးပေးပါ
ကိုယ့်ပုံကတစ်ခုခုစားနေတယ်ဒါမှမဟုတ်ရေခဲမုန့်စားနေတယ်ဆိုရင်ကိုယ်ကတော့ရေခဲမုန့်ကြိုက်တယ်။ယူတို့ရောရေခဲမုန့်ကြိုက်လား? ဆိုတာမျိုးလေးတွေမေးရင်ပုံလေးကစိတ်ဝင်စားစရာကောင်းပြီးမေးခွန်းလေးတွေရှိတော့ချစ်ရတဲ့လူအကြောင်းလည်းသိတာပေါ့။

လုပ်ဆောင်ချက်တစ်ခုပါဝင်ပါ
ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့လုပ်ဆောင်မှု၊ လူအဖွဲ့အစည်းနဲ့ဆိုင်တဲ့လှုပ်ရှားမှုလေးတွေ၊ဘာသာရေးလုပ်ဆောင်မှုတွေ၊ကောင်းမွန်တဲ့လှုပ်ရှားမှုလေးတွေဆိုရင် ကိုယ်နဲ့အတူတူလိုက်လုပ်ဖို့နှိုးဆော်တဲ့စကားလုံးတွေရေးသင့်တယ်နော်။

ပေါ့ပေါ့ပါးပါးလေးရေးပါ
တစ်ပါးသူကကိုယ့်ရဲ့ဓာတ်ပုံလေးနဲ့ရေးထားတဲ့စာကြောင်းလေးမြင်လိုက်တာနဲ့ ရီရတဲ့အခိုက်အတန့်လေးတွေဖြစ်စေချင်ရင်တော့ဟာသဖြစ်စေမဲ့စာလုံးတွေ၊အလွဲလေးတွေဖြစ်ခဲ့တဲ့အကြောင်းလည်းထည့်ရေးသင့်ပါတယ်။

Emojis လေးတွေနဲ့တင်ပါ
စာတွေလည်းမရေးချင်ဘူး၊စဉ်းစားရမှာကလည်းခေါင်းစားနေပြီဆိုရင်ထွေထွေထူးထူးဘာမှမလုပ်ပဲ Keyboard မှာပါတဲ့ Emoji လေးတွေကိုသာအမူအရာလေးပုံဖော်သလိုသာတင်လိုက်ပါနော်။

Kelly (Akhayar Lifestyle)

Photo Credit