ကြောင်လေးတွေက စက္ကူပုံးထဲဝင်ခွေနေရတာကို ဘာလို့ကြိုက်တာလဲ

ကြောင်လေးတွေက စက္ကူပုံးထဲဝင်ခွေနေရတာကို ဘာလို့ကြိုက်တာလဲ

အရောင်အဆင်းမရှိ ၊ သက်သောင့်သက်သာလည်းရှိမယ့်ပုံ မပေါ်တဲ့စက္ကူပုံးတွေထဲမှာ နေရမှာကို လူတွေဘယ်လိုမှကြိုက်မှာမဟုတ်ပေမယ့် ကြောင်တွေကတော့ ဒီစက္ကူပုံးတွေကို အရမ်းအရမ်းသဘောကျကြပါတယ်။ ကြောင်တွေရဲ့အပြုအမူတွေကို ဝေခွဲပြီးခန့်မှန်းရတာ ခက်ခဲတယ်ဆိုတဲ့အချက်ကို တိရစ္ဆာန်ဆရာဝန်တွေ ၊ ကျွမ်းကျင်တွေ ဘယ်လောက်ငြင်းခုံနေပါစေ ကြောင်တွေစက္ကူပုံးကြိုက်တယ်ဆိုတာကိုတော့ အားလုံးလက်ခံကြပါတယ်။ ကြောင်လေးတွေ စက္ကူပုံးမြင်တာနဲ့ မနေနိုင်မထိုင်နိုင် ဝင်ဝင်နေတာကိုကြည့်ပြီး ဘာလို့ဒီလိုနေရတာကြိုက်တယ်ဆိုတာကို လူတိုင်းလည်းစဉ်းစားမိကြမှာပဲ။ အကြောင်းအရင်းက

ကြောင်တွေကလုံခြုံမှုကို ရှာဖွေတတ်တာမို့လို့

ကြောင်တွေရဲ့သဘာဝကိုက ပုန်းလျှိုးကွယ်လျှိုးနေတတ်တာပါ။ ပြောရရင် သူတို့ကဘေးပတ်ဝန်းကျင်ကိုလေ့လာလို့ရတဲ့ ပုန်းလို့ကောင်းမယ့်နေရာမျိုးကို လိုချင်ကြတယ်။ သူတို့တွေကသားရဲတွေလည်းဖြစ်သလို သားကောင်တွေလည်းဖြစ်တာကြောင့် ပုန်းလို့ရမယ့်နေရာရှိတာက သားရဲတွေရဲ့ဘေးရန်ကနေလည်း တိမ်းရှောင်ရာရောက်သလို သားကောင်တွေကိုချောင်းမြောင်းသတ်ဖြတ်ဖို့လည်း လွယ်ကူတယ်။ ဒါကြောင့် စက္ကူပုံးတွေနဲ့ တခြားလုံခြုံတယ်လို့ထင်ရတဲ့ ကျဉ်းမြောင်းတဲ့နေရာတွေက သူတို့အတွက် “Safe Zone” လိုဖြစ်နေပါတယ်။ စက္ကူပုံးထဲကိုဝင်ဝင်ခွေနေတာက သူတို့ရဲ့ “Safe Zone” ထဲမှာ ဝင်နေတာနဲ့ အတူတူပါပဲ။

ကြောင်လေးတွေက အနွေးဓာတ်ကိုလိုအပ်တာမို့လို့

ကြောင်တွေစက္ကူပုံးတွေကိုကြိုက်တဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုက စက္ကူပုံးတွေဟာသူတို့အမြင်မှာသက်သောင့်သက်သာရှိတယ်လို့ထင်ရလို့ပါ။ စက္ကူပုံးတွေက ကြောင်လေးတွေရဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်တယ်။ စက္ကူပုံးတွေက ကြောင်တွေကို နွေးထွေးပြီးလုံခြုံတယ်လို့ ခံစားရစေပါတယ်။ ဘယ်သူမဆို နွေးထွေးလုံခြုံတဲ့နေရာမှာ ခိုဝင်ချင်မှာပဲလေ။ ဒါကြောင့် ကြောင်လေးတွေ စက္ကူပုံးထဲမှာဝင်ခွေရတာကြိုက်တာ မဆန်းပါဘူး။

ကိုယ့်ရဲ့ကြောင်တွေ ပင်ပန်းပြီးတော့ နားဖို့လိုနေတယ်လို့ ထင်ရချိန်မှာ စက္ကူပုံးလေးတွေထားပေးရင် သူတို့ရဲ့စိတ်ဖိစီးမှုတွေပြေစေသလို သူတို့ကို Entertain လုပ်ပေးသလိုလည်းဖြစ်ပါတယ်။ ကြောင်တွေက အဆော့သန်တယ်လေ။ တကယ်လို့ ကိုယ့်ကြောင်လေးက အိမ်မှာရှိတဲ့စက္ကူပုံးတွေထဲဝင်ခွေပြီဆိုရင် အထဲမှာသူတို့ကိုထိခိုက်နာကျင်စေနိုင်မယ့် Tape တို့ အဆူးတို့ရှိနေမှာကိုတော့ သတိထားပါ။ ဘာလို့လဲဆိုတော့ ကြောင်လေးတွေကပွတ်သီးပွတ်သပ်နေတတ်တာမို့လို့ပါ။

Source: Reader Digest

Piki (Akhayar)