ကာတွန်းတွေကို အသက်သွင်းလှုပ်ရှားစေတဲ့ ကိုနိုဘယ်အောင်

ကာတွန်းတွေကို အသက်သွင်းလှုပ်ရှားစေတဲ့ ကိုနိုဘယ်အောင်

Animated Video တွေကို လူငယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ မြန်မာနိုင်ငံက ဆယ်ကျော်သက်လူငယ်တွေ တော်တော်များများဟာ Japanese Anime တွေကို နှစ်သက်စွာ အားပေးလေ့ရှိကြပါတယ်။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေထဲမှာ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာကလို စိတ်ဝင်စားဖွယ် Animated Video တွေ အားပေးရဖို့လည်း တစ်ခုအပါအဝင်ဖြစ်နေနိုင်ပါတယ်။ အခုတော့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အကြိုက်ကိုလိုက်နိုင်မယ့် စိတ်ဝင်စားဖွယ်လူငယ်တစ်ဦး ပေါ်ထွက်လာပါတယ်။ သူကတော့ နိုဘယ်အောင်ပါပဲ။

ကိုနိုဘယ်အောင်ဟာ Pencell Studio ရဲ့ Co-Founder နဲ့ Art Director တစ်ဦးဖြစ်ပြီး ကာတွန်းတွေကို လှုပ်ရှားနိုးထလာအောင် အသက်သွင်းဖို့ စိတ်အားပြင်းထန်တဲ့သူပါ။ ဒါကြောင့်လည်း ညီဖြစ်သူ ဉာဏ်ကျယ်စေနဲ့ ပူးပေါင်းပြီး Pencell Studio ဆိုတာ ပေါ်ပေါက်လာပါတော့တယ်။ Pencell Studio ရဲ့အောင်မြင်မှုပဲတင်သံတွေလည်း ပြင်းထန်ခဲ့ပါတယ်။ ပထမဆုံး Animated Music Video ဖြစ်တဲ့ Big Bag ရဲ့ “သတိရတယ်” ကစလို့ နောက်ဆုံးထွက် “ငါ့ရည်းစားက ပိုမိုက်တယ်” အထိ ပရိသတ်တွေရဲ့ အားပေးမှုက အံ့မခန်းပါပဲ။

“ဒီ Music Video က ကျွန်တော်တို့အတွက် ငွေကြေးပိုင်းဆိုင်ရာ အများကြီးရတာမဟုတ်ပါဘူး။ အဓိကတော့ အားထည့်ပြီးလုပ်ထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုပါပဲ။ လူတွေက ကြိုက်ကြတယ်ဆိုတော့ အားရှိပြီး ပီတိဖြစ်ရတယ်။ နောက်တစ်ခုဆက်လုပ်ဖို့အတွက် အားရှိလာပါပြီ။”

Pencell Studio ရဲ့ နာမည်ကြီး Animated Music Video နှစ်ခုစလုံးကို ကြည့်ရမယ်ဆိုရင် မတူတဲ့အရာနှစ်ခုဖြစ်ပြီး Mood လည်းမတူ၊ ပရိသတ်လည်းမတူတဲ့အမျိုးအစားနှစ်ခုဖြစ်ပြီး နှစ်မျိုးစလုံးကို အားပေးမှုပြင်းထန်တဲ့အတွက် လူအများရဲ့ နှစ်သက်မှုကို အရယူနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။

“သတိရတယ်ဆိုရင် သူ့ရဲ့ Mood က သတိရနေတယ်ဆိုပြီး Serious ဖြစ်တယ်။ ကျွန်တော်တို့ ဆွဲရတဲ့ Art Style ဟာဆိုရင်လည်း Artistic ဖြစ်တဲ့ဘက်ကိုသွားတယ်။ ငါ့ရည်းစားကပိုမိုက်တယ်ကြတော့ သူက Serious မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်တဲ့ဘက်ကို သွားတယ်။ Character တွေလည်း ပိုများတယ်။ ပြီးတော့ ပိုမြန်တယ်။ ပရိသတ်မတူဘူး။”

သူ့ရဲ့ Animation တွေတိုင်းဟာ တစ်ခုမဟုတ် တစ်ခု လျှို့ဝှက်ချက်လေးတွေနဲ့ ပဟေဠိလေးတွေ ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။ သတိရတယ်မှာဆိုရင် တစ်ယောက်တည်းအထီးကျန်နေတဲ့ ကောင်လေးတစ်ယောက်ကို ပြတဲ့အခါမှာ သူ့ရဲ့ဘေးနားမှာ ဘယ်သူမှမရှိဘူး။ သူ့အရိပ်ပဲရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ပရိသတ်တွေ ခံစားရဖို့အတွက် အရိပ်ထင်းထင်းကြီးတွေနဲ့ ဇာတ်ကောင်ကို ရုပ်လုံးပိုကြွစေသလိုပဲ ငါ့ရည်းစားက ပိုမိုက်တယ်မှာဆိုရင်လည်း လူတွေသတိမထားမိတဲ့ ထူးခြားချက်လေးတွေကို သူတို့ထည့်ထားပါသေးတယ်။

“ကျွန်တော်တို့ ပရိသတ်ကို ရှာစေချင်လို့ ထည့်ထားတာလေးတွေရှိတယ်။ တခြား နံပါတ်တွေနဲ့ ကိန်းဂဏန်းတွေအားလုံးကလည်း အဓိပ္ပာယ်ရှိတယ်။ တော်တော်များများမြုပ်ထားတယ်။ နောက်ထွက်မယ့် ကာတွန်းကားနာမည်တွေတောင်ပါတယ်။”

ဒီလို ဖန်တီးတီထွင်နိုင်မှုကောင်းပြီး အနုပညာမြောက်တဲ့ Pencell Studio ရဲ့ Co-Founder နှစ်ဦးဖြစ်တဲ့ ကိုနိုဘယ်အောင်နဲ့ ကိုဉာဏ်ကျယ်စေဟာ မျိုးရိုးကို ထိန်းသိမ်းပြီး လက်ဆင့်ကမ်းနေသူတွေလို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့နှစ်ဦးရဲ့ ဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကာတွန်းဆရာကြီး အော်ပီကျယ်ဖြစ်နေလို့ပါပဲ။ ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူရဲ့ ကာတွန်းတွေ၊ ပုံရိပ်တွေနဲ့ ရင်းနှီးခဲ့ရပြီးတော့ မတူညီတဲ့ပညာရပ်တွေကို သင်ကြားနေရင်းနဲ့ နောက်ဆုံးမှာတော့ ရင်ထဲက ပြင်းပြတဲ့ဆန္ဒအတွက် ဆရာဝန်နဲ့ ကွန်ပျုတာပရိုဂရမ်မာဆိုတဲ့ ရာထူးတွေကို စွန့်လွှတ်ပြီး အနုပညာကိုပဲ ဖော်ထုတ်ခဲ့ကြသူတွေပါ။

“အဖေက ကျွန်တော်တို့ကို သိပ်ဝင်စွတ်ဖက်တာမျိုးမရှိဘူး။ ကျွန်တော်တို့ အကြံဉာဏ်လိုရင်တော့ အဖေ့ကို တောင်းလေ့ရှိတယ်။ သားတို့ ကြိုက်တာသာလုပ်ပဲ။ သူ ဂုဏ်ယူတယ်။ ကျွန်တော်တို့အတွက်ပေါ့။ ငါ မလုပ်နိုင်ခဲ့တဲ့အရာတွေကို ငါ့သားတွေလုပ်နေတယ်ဆိုတဲ့ ဂုဏ်ယူမှုမျိုး ရှိတယ်။”

ကိုနိုဘယ်အောင်အတွက်ကတော့ သူဖန်တီးတဲ့ ဇာတ်ကောင်လေးတွေနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ကာတွန်းရုပ်လေးတွေဟာ သူ့ရဲ့ မျှော်လင့်ချက်တွေချည်းဖြစ်နေမှာပါ။ ဒီလိုပဲ သူ့အနေနဲ့ ဘဝမှာ ဘယ်လိုအခက်အခဲ၊ အတားအဆီးမှမရှိဘူးဆိုရင် လုပ်ချင်နေတဲ့အနုပညာဖန်တီးမှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရုံတင်ရုပ်ရှင်ပဲဖြစ်ပါတယ်။

“ကျွန်တော်တို့က ဖြစ်နိုင်ရင် တစ်နာရီခွဲစာလောက်ရှိတဲ့ ရုံတင်ရုပ်ရှင်ကားပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် TV Series ပဲဖြစ်ဖြစ် လုပ်ချင်တာ။ မဖြစ်နိုင်ဘူးဘဲပြောပြော ကျွန်တော်တို့ရဲ့ Main Target က အဲဒါပဲ။ အခုလို Music Video တွေလုပ်နေတာကလည်း ဒီအရာအတွက် အစပျိုးနေတာပေါ့။”

ကိုနိုဘယ်အောင်တို့ Pencell Studio အနေနဲ့ ထားရှိတဲ့ စံနှုန်းကိုလည်း အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ဆီက ထွက်တာမှန်ုသမျှအားလုံးဟာ ကောင်းရမယ်လို့ စံရှိတယ်။ ဈေးကိုလည်း တန်ရာတန်ကျေးတော့ တောင်းတာပေါ့။ ကျွန်တော်တို့ကလည်း လုံးဝလျှော့မလုပ်ပါဘူး။ အကောင်းဆုံးပဲ လုပ်တယ်။ ကျွန်တော်တို့ လုပ်နိုင်သမျှအားလုံးလုပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Animation လုပ်တဲ့ဈေးဟာ သရုပ်ဆောင်တွေသုံးပြီးရိုက်တာထက် အများကြီးသက်သာပါတယ်။ နောက်တစ်ခုက ကြော်ငြာတာတို့၊ ပညာပေးတာတို့လုပ်တဲ့အခါမှာ Product ကြီးကိုင်ပြီးရိုက်တာထက် Story နဲ့ပဲ သွားတာများတယ်။ ကျွန်တော်တို့က အဲဒီတော့ Idea တို့၊ Story တို့ကို အကောင်းဆုံး Quality ရအောင် စံထားတယ်။”

ကိုနိုဘယ်အောင်ဟာ ပရိသတ်တွေစောင့်မျှော်နေပြီး တောင်းဆိုနေတဲ့အရာတစ်ခုကို ချပြသွားနိုင်ဖို့ လက်ရှိမှာ ကြိုးစားနေပါတယ်။

“Pencell ရဲ့ ပရိသတ်တွေလုပ်ချင်နေတာနဲ့ ကျွန်တော်တို့လုပ်ချင်တာနဲ့က တစ်ထပ်တည်းပါပဲ။ လုပ်နေပါတယ်။ အဲဒါတွေအားလုံးကိုလည်း သည်းခံပြီးတော့ စောင့်ပေးပါ။ ကျွန်တော်တို့ ပရိသတ်တွေလိုချင်တာကို ချပြဖို့ ကြိုးစားနေပါတယ်။ ဝိုင်းဝန်းပြီးတော့လည်း အားပေးကြပါဦး။”

ဒီတစ်ခေါက် “Catch Up, Ketchup” အစီအစဉ်မှာတော့ လူငယ်တွေရဲ့ အသည်းနှလုံးကို Animation တွေနဲ့ သိမ်းပိုက်ထားနိုင်တဲ့ Pencell Studio က ကိုနိုဘယ်အောင်နဲ့ အခုလိုပဲ တွေ့ဆုံပြီး စကားတွေပြောဖြစ်၊ မေးခွန်းတွေမေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်ရော ဘယ်သူတွေနဲ့ ဘယ်လိုအကြောင်းအရာတွေကို ယူဆောင်လာပေးဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle