Aui_2000, Bryle, KheZu တို့ ပါဝင်တဲ့ catJAMMERS Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

NA Dota2 လောကရဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ catJAMMERS Dota2 အသင်းကတော့ ဖျက်သိမ်းလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပသွားခဲ့တဲ့ DOTA Summit 13 ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာ catJAMMERS Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Aui_2000 နဲ့ Pos3 ကစားသမားဖြစ်သူ Khezu တို့ အနေနဲ့ အသင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
No longer playing with catjammers. No current plans
— Aui 2000 (@Aui_2000) November 10, 2020
Aui အနေနဲ့ catJAMMERS Dota2 အသင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း၊ နောက်ထပ် ဘာဆက်လုပ်သွားမယ် ဆိုတာကို စဉ်းစားထားခြင်း မရှိသေးကြောင်းကို ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် ကြေညာသွားခဲ့သလို Khezu အနေနဲ့လည်း catJAMMERS Dota2 အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း၊ ခရစ္စမတ် အပြီး ကာလအထိ အနားယူသွားမှာဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ EU Dota2 အသင်း တစ်သင်းသင်းမှာ နည်းပြ ဒါမှမဟုတ် ကစားသမား အဖြစ် ပြန်လည် တာဝန်ယူသွားဖို့ စိတ်ကူးထားကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
decided to take a step back from catjammers and i wish the boys the best of luck, I'm feeling a bit drained from playing in NA, and i'd prefer to just take a small break rn during November & christmas. Might look to coach/play in EU afterwards. will pub& play for myself for now
— Maurice Gutmann (@KheZu) November 11, 2020
အခုလို Aui နဲ့ Khezu တို့ အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း တရားဝင် ကြေညာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ catJAMMERS Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်တဲ့ MoonMeander အနေနဲ့ အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းကို ထပ်မံ ကြေညာသွားခဲ့ပါတယ်။
CatJAMMERS has disbanded. Taking a break from davai dota, thanks for everything this year boys it was fun as hell @DubuDota @KheZu @Aui_2000 @bryledota @stinabobinaaa @hFn_k3 @Skiter @EternaLEnVy1991 @Sneyking1995
— David Tan (@MoonMeanderated) November 11, 2020
“catJAMMERS Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်လည်းပဲ Dota2 လောကကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ပါတယ်။ တကယ်ကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးပေးခဲ့တဲ့ အတွက် အသင်းသား အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။”

NA Dota2 လောကရဲ့ အသင်းကြီး တစ်သင်းဖြစ်တဲ့ Evil Geniuses အနေနဲ့ လက်ရှိအချိန်မှာ Dota2 လောကကနေ ကွယ်ပျောက်လျက် ရှိသလို အခုလို နောက်ထပ် နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ catJAMMERS Dota2 အသင်းကိုလည်း ဖျက်သိမ်း သွားခဲ့တာကြောင့် NA Dota2 လောကမှာ ထိပ်သီး အသင်းဆိုလို့ EE ဦးဆောင်တဲ့ 4Fun (Team Zero), Ccnc, Yawar တို့ ပါဝင်တဲ့ Quincy Crew, Gunnar ပါဝင်တဲ့ 4Zoomers တို့သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
REF: VpEsports