တောထဲမှာနေတဲ့ချစ်စရာကောင်းတဲ့ကြောင်လေးတွေအကြောင်း
အိမ်မွေးတိရစ္ဆာန်တွေထဲကမှချစ်စရာကောင်းတဲ့အမျိုးအစားတွေပါဝင်ပြီးတော့ ဒီတစ်ခါမှာတော့ မိမိတို့ပတ်ဝန်းကျင်မှာမြင်နေကြချစ်စရာကောင်းတဲ့ကြောင်လေးတွေထက် တောရိုင်းသတ္တဝါတွေနဲ့အတူနေထိုင်တဲ့ကြောင်းအမျိုးအစားတွေအကြောင်းပြောပြပေးချင်ပါတယ်။အခုပြောပြချင်တဲ့ကြောင်လေးတွေက မြင်လိုက်ရင်တော့ ကျားတို့ခြင်္သေ့တို့လိုမျိုးမြင်မိကောင်းမြင်မိပါလိမ့်မယ်။ဒါပေမယ့်သူတို့လေးတွေက ကြောင်အမျိုးအစားထဲမှာပါဝင်ပြီးတောရိုင်းကြောင်အမျိုးအစားတွေဖြစ်ပါတယ်။
Leopard Cat
Leopard Cat လေးတွေက တောနက်ကြီးထဲမှာနေထိုင်ကြတာများတယ်၊ သူရဲ့ပုံစံကလည်းကျားသစ်အတိုင်းပဲ မသိရင်ကျားသစ်ပေါက်စလေးလို့တောင်ထင်နိုင်ပါတယ်။တစ်ချို့တွေရဲ့အိမ်တွေမှာဆို Leopard Cat တွေကိုအိမ်မှာလည်းမွေးထားတာတွေ့ရလေ့ရှိပါတယ်။သူတို့လေးတွေက သာမာန်ကြောင်တွေထက်ပိုသန်မာပြီး ရေကူးလည်းကျွမ်းကျင်ကြပါတယ်။နောက်ပြီးသူတို့ရဲ့အတွင်းစိတ်က အရမ်းအစွဲလန်းကြီးတယ်လို့လည်းသုသေသီတွေကဖော်ပြထားပါတယ်။
Photo Credit -Science
Lynx
Lynx တွေက အမွှေးလှတဲ့တောကြောင်အမျိုးအစားထဲမှာပါတယ်။သူ့ရဲ့အမျိုးအစားကလည်း (၄ ) မျိုးလောက်ကိုရှိပါတယ်။နောက်ပြီးတော့ ဒီလို Lynx အမျိုးအစားကတောထဲမှာဆိုရှားပါသတ္တဝါတွေထဲမှာတောင်ပါဝင်နေပါပြီ။သူတို့ကရာသီဥတုအလိုက်အရောင်အပြောင်းအလဲရှိပါတယ်။
Photo Credit -E News
Pallas Cat
Pallas လေးတွေကအရမ်းကိုချစ်စရာကောင်းတဲ့ကြောင်လေးတွေလည်းဖြစ်သလို ဆောင်းရာသီရောင်ရင် Palllas Cat တွေရဲ့အမွေးလေးတွေက မီးခိုရောင်ပြောင်းလဲတတ်ကြပါတယ်။နွေရာသီဆိုရင်တော့ ပါသွားတတ်ကြပါတယ်။ သူတိုလေးတွေကလည်းတစ်ကောင်တည်းသာနေထိုင်လေးရှိပြီး နေရင်တော့ဂူတို့ ၊သစ်ခေါင်းတို့အဲ့လိုနေရာမျိုးတွေမှာရှိတတ်ပါတယ်။
Photo Credit -China Daily
Kelly -Akhayar Lifestyle