OG ကို Ceb ပြန်လည်ရောက်ရှိလာပြီး Sumail ကတော့ထွက်ခွာသွားခဲ့
မမျှော်လင့်ထားတဲ့ Roster အပြောင်းအလဲကို OG ဟာ လွန်ခဲ့တဲ့ ၁၂ နာရီခန့်က ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ Sumail ဟာ OG ကနေ ထွက်ခွာသွားခဲ့ပြီး၊ ကစားသမားဟောင်း Ceb ကတော့ OG ထဲကို ပြန်လည်ဝင်ရောက်လို့လာခဲ့ပြီဖြစ်ပါတယ်။
Today, we would also like to thank @SumaaaaiL for his time with OG, we wish him the best of luck for what will come next for him.
— OG (@OGesports) July 25, 2020
He is one of the best players in the world and a fantastic person to work with, we will miss him.#DreamOG pic.twitter.com/oVvpwUJpDO
Sumail ဘာကြောင့် ဒီလိုထွက်ခွာသွားခဲ့ရတယ်ဆိုတာကိုတော့ မသိရှိရပေမယ့် OG ဟာ “Sumail က ကမ္ဘာမှာအကောင်းဆုံး player ထဲကတစ်ယောက်ဖြစ်ပြီး အတူအလုပ်လုပ်ရတာလည်း အလွန်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်” လို့ရေးသားထားခဲ့ပြီး၊ နောက်အနာဂတ်မှာလည်း အောင်မြင်မှုတွေအများကြီး ရရှိပါစေလို့ ဆုတောင်းပေးထားပါတယ်။
Sumail ထွက်သွားတော့ Sumail ရဲ့နေရာမှာ Yeik “MidOne” Nai Zheng က Offlaner (Position 3) ကနေ Carry (Position 1) ကိုပြောင်းလဲဆော့ကစားပေးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် Position 3 နေရာကိုတော့ TI Back-to-back Champion ဆုကို အရယူပေးခဲ့တဲ့ Ceb က ပြန်လည်ဝင်ရောက်ဆော့ကစားပေး တော့မှာဖြစ်ပါတယ်။
The cold-headed offlane player of a lifetime, the unmatched starving will of OG and chatwheel god @Ceb is back.🌻
— OG (@OGesports) July 25, 2020
Read more : https://t.co/gbsRPU7tEL#DreamOG pic.twitter.com/nhDBRq95Bv
Ceb ဟာ ၂၀၁၆ လောက်တုန်းက OG ရဲ့ နည်းပြအနေနဲ့ ဝင်ရောက်လာခဲ့ပြီး Major လေးခု Champion ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ OG လူစုကွဲသွားတဲ့ TI8 မှာတော့ Ceb ကိုယ်တိုင် နည်းပြနေရာကနေ ကစားသမားအဖြစ် ဝင်ရောက်ဆော့ကစားပေးခဲ့ပြီး၊ TI8 Champion ဆုကို အရယူပေးခဲ့ပါတယ်။ ဒါ့အပြင် TI9 မှာလည်း Ana, Topson, Ceb, Jerax, Notail ဆိုတဲ့ ဒီ Roster နဲ့ပဲ Champion ဆုကို အရယူပေးခဲ့ပြီး OG ဟာ ပထမဦးဆုံး Back-to-back TI Champion ဆုကို အရယူနိုင်ခဲ့တဲ့အသင်း ဖြစ်ခဲ့ပါတယ်။
TI9 အပြီးမှာတော့ Ana နဲ့ Jerax အနားယူသွားခဲ့တဲ့အခါ Ceb ကိုယ်တိုင်လည်း Stand In နေရာကနေပဲ ဝင်ရောက်ဆော့ကစားခဲ့ပါတယ်။ Sumail၊ Saksa နဲ့ MidOne တို့ရောက်လာတဲ့အခါမှာတော့ Ceb လည်းအနားယူသွားခဲ့ပြီး OG ရဲ့နောက်ကွယ်ကနေပဲ စောင့်ကြည့်နေခဲ့ပါတော့တယ်။ COVID Pandemic ကြောင့် Tournament တွေကို Online မှာပဲ ဆော့ကစားနေရတဲ့အခါမှာလည်း MidOne နဲ့ Topson က SEA မှာ၊ Sumail က US မှာရောက်ရှိနေတာကြောင့် European Tournament တွေမှာ OG ဟာ Ping ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အခုချိန်မှာတော့ Ceb အနေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ OG ထဲကိုပြန်ရောက်လာခဲ့ပြီး ဘာကြောင့်ဒီလိုပြန်ရောက်လာခဲ့လည်းဆိုတာကို ရှင်းပြထားခဲ့ပါတယ်။ Ceb ဟာ “တခြားအသင်းတွေဟာ ကျွန်တော်တို့အသင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ရိုးရိုးလေးတွေးနေတာကို သဘောမကျလို့ အခုလိုဝင်ရောက်ခဲ့တာဖြစ်တယ်” လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် “ကျွန်တော့် Teammates တွေကို အရမ်းလွမ်းပါတယ်။ ကျွန်တော်တို့တတွေ အများကြီးကျော်ဖြတ်ခဲ့ဖူးကြတယ်။ ဂိမ်းတိုင်းသူတို့ဆော့ကစားနေတဲ့အချိန် ကျွန်တော်ဝင်ရောက် မကစားရတဲ့အခါ ကျွန်တော်ဟာ အချိန်တွေ အလကားသက်သက်ဖြုန်းတီးနေသလို ခံစားရတယ်။ သူတို့နဲ့အတူဆော့ရတဲ့အချိန်တွေဟာ ကမ္ဘာမှာဘာနဲ့မှလဲလို့မရနိုင်တဲ့ အချိန်တွေပါပဲ” လို့ပြောကြားထားပါတယ်။
လက်ရှိ OG Roster ကိုတော့ အောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်။
· Yeik “MidOne” Nai Zheng (Position 1)
· Topias “Topson” Taavitsainen (Position 2)
· Sébastien “Ceb” Debs (Position 3)
· Martin “Saksa” Sazdov (Position 4)
· Johan “N0tail” Sundstein (Position 5)
OG ရဲ့ အခု Lineup အသစ်ကို နောက်တစ်ပတ် Europe နဲ့ CIS division ပွဲတွေဖြစ်တဲ့ OGA Dota PIT Online Season 2 မှာ စ တင်တွေ့မြင်ရမှာပါ။ ဒီ Tournament ကို ဇူလိုင် ၂၇ ရက်မှာ စ တင်မှာဖြစ်ပြီး ရွေးချယ်ထားတဲ့အသင်း ရှစ်သင်းဟာ Double Elimination Bracket နဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။