မထင်ထားလောက်အောင် အသက်ငယ်သေးတဲ့ ကမ္ဘာကျော်ဆယ်လီများ

တစ်ခါတလေ အသက်အရွယ်နဲ့ ရုပ်နဲ့ ထပ်တူမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဆိုရင်လည်း ရုပ်က အသက်ထက် ကြီးသယောင်ထင်ရတော့ တွေ့တဲ့လူတိုင်းက (ကိုယ့်ထက်ကြီးရင်တောင်) အစ်မ လို့ ခေါ်နေကြတယ်။ အစပိုင်းတုန်းကတော့ စိတ်ညစ်မိပေမယ့် အခုတော့ ရိုးနေပါပြီ။ နုတာရင့်တာနဲ့ အသက်အရွယ်နဲ့ နောက်ပြီး အလှအပဆိုတာ လားလားမှ မသက်ဆိုင်ပါဘူးနော်။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တွေတင်မဟုတ်ပါဘူး။ နိုင်ငံတကာမှာ နာမည်ကြီးကျော်ကြားတဲ့အနုပညာရှင်တွေထဲမှာလည်း ယူတို့ မထင်ထားလောက်အောင် အသက်နဲ့ ရုပ်နဲ့ ကွာနေတဲ့သူတွေအများကြီးပါ။
Willow Smith (18)
Will Smith ရဲ့ သမီးချော Willow Smith ကတော့ အခုမှ အသက်က ၁၈နှစ်ပဲ ရှိသေးတာပါ။ ဒါပေမယ့် သူ့ရဲ့ ထက်မြတ်မှုတွေနဲ့ ကျော်ကြားမှုတွေကြားမှာ သူ့ရဲ့ အသက်အရွယ်ဟာ တိမ်မြုပ်နေပါတယ်။ တကယ်တော့ သူဟာ အသက် ၁၈နှစ်ပဲ ရှိပါသေးတယ်။

Kylie Jenner (21)
သူရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ခန္ဒာနဲ့ အလှအပဟာ သူ အသက် ၂၁နှစ်ပဲ ရှိသေးတယ်ဆိုတာကို မေ့စေပါတယ်။ တကယ်ကို အခုမှ ၂၁နှစ်အရွယ်ပဲ ရှိသေးတဲ့ Kylie Jenner ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါပဲ။ အသက် ၂၀မှာပဲ သမီးလေးဖြစ်တဲ့ Stormi ကို မွေးဖွားပြီးပါပြီ။

Bella Hadid (22)
Bella ကတော့ Runway ပေါ်မှာ တစ်ချိန်လုံးတွေ့နေရတဲ့ အလှပဂေးလေးတစ်ပါးပါပဲ။ Victoria’s Secret Model အဖြစ်ရော၊ နာမည်ကြီး Magazine Cover Star အဖြစ်ရော အချိန်တိုင်း တွေ့နေရတဲ့အခါ သူရဲ့ အသက်ကို တွေးဆမိကြရဲ့လား။ သူဟာ လက်ရှိမှာတော့ ၂၂နှစ်ပဲ ရှိသေးတာပါ။ သူ့ရဲ့ အောင်မြင်မှုကြီးက သူ့ရဲ့ အသက်ထက် အဆပေါင်းများစွာ ကြီးမားပါတယ်။

Meghan Trainor (25)
ချစ်စရာကောင်းတဲ့ Chubby လေး Meghan Trainor ကို သူ့ရဲ့ ကိုယ်ခန္ဒာဖွံ့ဖြိုးမှုကြောင့် အသက်ကြီးနေသလို ထင်နေကြတာ ဖြစ်မှာပါ။ သူမရဲ့ Emotion လေးတွေကို သေချာ ဂရုစိုက်ကြည့်ပါ။ အသက်က ၂၅နှစ်ပဲ ရှိသေးတာပါနော်။

Jennifer Lawrence (28)
အခုခေတ် လူငယ်တွေတော်တော်များများက Jennifer Lawrence လို့ကြားလိုက်ရင် သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးကြောင့် အသက်ကြီးပြီလို့ ထင်မိကြပါလိမ့်မယ်။ သူဟာ အခုမှ ၂၈နှစ်ပဲ ရှိသေးတာပါနော်။

Miley Cyrus (26)
Miley Cyrus ဟာ ဂီတလောကမှာ ကျင်လည်နေခဲ့တာ ကြာပါပြီ။ အောင်မြင်မှုရရှိခဲ့တာလည်း ကာလကြာပြီဖြစ်တာကြောင့် သူ့ကို အသက်ကြီးတယ်လို့ ကိုယ်လည်း မြင်နေမိပါတယ်။ အခုမှ သတိထားမိတာက သူ့ရဲ့ အသက်ဟာ ၂၆နှစ်ပဲ ရှိသေးတာပါ။

ဟုတ်ပြီလား။ ရုပ်ရင့်တာနဲ့ အလှအပဟာ ဘာမှမဆိုင်ဘူးဆိုတာ။ အစ်မလို့ လာခေါ်လို့လည်း စိတ်ဆိုးမနေပါနဲ့။ ကိုယ်တွေရဲ့ ကျက်သရေအဖြာဖြာနဲ့ အောင်မြင်မှုတွေကို သူတို့ရှိန်လို့ အဲဒီလိုခေါ်ကြတာပါကွာ။
(Photo Credit)
Moethaesay (Akhayar)