နာမည်ကျော်တွေက သူတို့ရဲ့ လက်တွဲဖော်တွေကို တွေ့တွေ့ချင်း ဘယ်လိုခံစားခဲ့ရလဲ

နာမည်ကျော်တွေက သူတို့ရဲ့ လက်တွဲဖော်တွေကို တွေ့တွေ့ချင်း ဘယ်လိုခံစားခဲ့ရလဲ

လူတစ်ယောက်ဟာ သူ့ရဲ့ လက်တွဲဖော်အိမ်ထောင်ဘက်ကို တွေ့တွေ့ချင်း ဒီလူဟာ ငါ့အတွက် The Right One လို့ သိတဲ့ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို The Right One လို့ ထင်မြင်မှုဟာ လက်တွေ့မှာ လွဲတာမျိုးလည်း ရှိပေမယ့် မှန်တဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီတစ်ခါမှာတော့ နာမည်ကျော်ကြား အောင်မြင်သူတွေဟာ သူတို့ရဲ့ လက်တွဲဖော်ကို တွေ့တွေ့ချင်း ဒီလူဟာ ငါ့လူပဲ၊ ငါ့ဘဝအတွက် သင့်တော်မယ့်သူလို့ သိတဲ့ အခိုက်အတန့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Nick Jonas နဲ့ Priyanka Chopra

Nick Jonas ကတော့ Priyanka Chopra ကို တွေ့တွေ့ချင်း ခံစားချက်တွေ ဖြစ်တာမဟုတ်ဘဲ သူ့ကို ဒီတိုင်းသိခဲ့တာတောင် ၂ နှစ်လောက်ရှိခဲ့ပါတယ်တဲ့။ အရင်ဆုံး သူငယ်ချင်းလို သိအောင်လုပ်ပြီးမှ Date ဖို့ ကြံရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ Date လုပ်ပြီး ချိန်းတွေ့တဲ့အခါမှာတော့ “ Wow, ဒါဟာ ငါ့အတွက်လူပဲ” လို့ ထင်မြင်ခဲ့ပြီး သူတို့ရဲ့ First Date အပြီး တစ်ပတ်အတွင်းမှာပဲ “ငါသူ့ကို ဒီနှစ်ထဲ Propose လုပ်တော့မယ်” လို့ Nick က သူ့အစ်ကိုတော်တွေကို ပြောခဲ့ပါတယ်တဲ့။ တကယ်လည်း သူပြောတဲ့အတိုင်း သိပ်မကြာခင်မှာ Propose လုပ်ဖြစ်ပြီး အဆင်ပြေခဲ့ကြပါတယ်။

Prince Harry နဲ့ Meghan Markle

Harry ရဲ့ Meghan Markle ကို ကြွေသွားတဲ့ အခိုက်အတန့်လေးကလည်း ရိုးရှင်းပါတယ်။ Meghan ကို တွေ့တဲ့အချိန်မှာ အရာအားလုံးက ပြည့်စုံနေတယ်လို့ ခံစားရပြီး Meghan ဟာ တကယ့်ကို လှပတဲ့ အမျိုးသမီးဖြစ်ပြီး သူ့ဘဝထဲကို ဝင်ရောက်ချင်ခဲ့ပါတယ်လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

Ellen DeGeneres နဲ့ Portia De Rossi

Ellen ကတော့ သူ့ရဲ့ အချစ်ရေးအတွေ့အကြုံကို ပြောပြခဲ့ရာမှာ “ကျွန်မက Relationship တိုင်းမှာ အမြဲပြောလေ့ရှိတာကတော့ ပျော်တယ်ဆိုတာပါပဲ။ ဒါပေမယ့် Portia De Rossi နဲ့ ကျတော့ ပျော်ရွှင်မှုအပြင် အချစ်တွေနဲ့ ပြီးပြည့်စုံမှုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ တခြားအဆင်ပြေတဲ့ ချစ်သူတွေ ရှိခဲ့ပေမယ့် ဒီတစ်ခါတော့ လုံးဝကို ပြီးပြည့်စုံတဲ့ သူကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့က ကျွန်မကို ဘဝအကြောင်းသင်ပေးတယ်၊ ကျွန်မတို့ နှစ်ယောက် ပြောင်းလဲသလို အတူတူ ရင့်ကျက်ကြီးပြင်းလာကြတာ ဖြစ်ပါတယ်။” လို့ ကြည်နူးဖွယ်ပြောကြားသွားခဲ့ပါတယ်။

Blake Lively နဲ့ Ryan Reynolds

Ryan Reynolds ကို သူ့မိန်းမ Black Lively နဲ့ တွေ့ရာမှာတော့ “ကျွန်မသူ့ကို ဘဝတစ်လျှောက်လုံး အကောင်းဆုံးသူငယ်ချင်းအနေနဲ့ပဲ သိခဲ့တာပါ။ သူနဲ့ ခင်ခဲ့ရတဲ့ သူငယ်ချင်းဘဝလောက် ကောင်းတာ မသိတော့ပါဘူး။ သူ့ကို ချစ်လည်း ချစ်သလို ကြိုက်လည်း ကြိုက်ပါတယ်။

John Legend နဲ့ Chrissy Teigen

John Legend ကတော့ Chrissy Teigen ကို တွေ့တဲ့အခါမှာ “ကျွန်တော်သူ့ကို ချစ်မှန်းလည်း သိတယ်။ သူနဲ့ အတူ တစ်ဘဝလုံး ကုန်ဆုံးချင်တယ်ဆိုတာလည်း သိခဲ့ပါတယ်။ သူ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ကောင်းပဲလို့ သိခဲ့ပေမယ့် Chrissy ဘက်ကတော့ ဖိအားမပေးခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လက်ထပ်ဖို့ အချိန်ကောင်းပဲလို့ကို ခံစားရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Victoria Beckham နဲ့ David Beckham

Victoria Beckham ကတော့ David Beckham ကို မြင်မြင်ချင်း အတွေ့အကြုံကို ပြောခဲ့ရာမှာ “ မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိပါတယ်။ ကျွန်မတို့ နှစ်ယောက်စတွေ့တုန်းက နှစ်ယောက်လုံး သောက်ထားကြတဲ့အတွက် တချို့အရာလေးတွေတော့ မမှတ်မိဘဲ ဝိုးတိုးဝါးတား ဖြစ်နေတာတော့ ရှိပါတယ်။ အဲဒီတုန်းက David Beckham ဟာ ပထမအသင်းမှာတောင် မကစားရသေးပါဘူး။ တခြားကစားသမားတွေလည်း သူတို့အဖော်တွေနဲ့ ရှိနေပြီး David ကတော့ သူ့မိသားစုတွေနဲ့ တူတူရှိနေပါတယ်။ David မှာ ချစ်ဖို့ ကောင်းတဲ့ အပြုံးချိုချိုရှိပြီး ကျွန်မဖုန်းနံပါတ်ကို လာမေးပါတော့တယ်။” လို့ ရင်ခုန်ဖွယ်ပြောပြခဲ့ပါတယ်။

Jessica Alba နဲ့ Cash Warren

Jessica Alba ကတော့ သူ့အမျိုးသား Cash Warren ကို တွေ့တွေ့ချင်းပဲ “သူနဲ့ တစ်သက်လုံးတွေ့ရတော့မယ်လို့ ခံစားရသလို မိသားစုလိုလည်း ခံစားရပါတယ်။ တခြားသူတွေနဲ့ဆိုရင် အစစအရာရာ သတိထားပြီး နေတတ်ပေမယ့် သူနဲ့တွေ့တဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်နေလို့ ရပါတယ်။ သူလည်း အဲဒီလိုခံစားရပါတယ်” တဲ့။

အခရာစာဖတ်သူတွေကရော ကိုယ့်ချစ်သူနဲ့ ပထမဆုံးတွေ့ချိန်မှာ ဘယ်လို ခံစားချက်တွေ ရှိလဲဆိုတာ ပြောပေးသွားပါဦးနော်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle