CemaTheSlayer ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်တဲ့ Dota2 အသင်း Na’Vi

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းမှာ CIS အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်း Na’Vi အနေနဲ့ အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Bakyt “Zayac” Emilzhanov တစ်ယောက် Virtus Pro Dota2 အသင်းကို ပြောင်းရွေ့သွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ Zayac နေရာအတွက် CemaTheSlayer ကို အစားထိုးကစားသမား အဖြစ် ခေါ်ယူခဲ့ပါတယ်။

CemaTheSlayer အနေနဲ့ Na’Vi Dota2 အသင်းမှာ တစ်လကျော် ကစားပြီးသွားတဲ့ အချိန်မှာတော့ အမြဲတမ်း ကစားအဖြစ် သတ်မှတ်ခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ CemaTheSlayer ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Na’Vi Dota2 အသင်း အနေနဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေ တစ်ဆင့် မတ်လ၊ ၁၉ ရက်နေ့မှာ ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
Finally, our Dota 2 roster is complete! @c_slayerRR became the main player of the line-up. 🙌
— Natus Vincere (@natusvincere) March 19, 2020
📰: https://t.co/GgKJ05Lqbc#navination #Dota2 pic.twitter.com/k7Ix0dOs70
ဒါ့အပြင် CemaTheSlayer ကို ခေါ်ယူလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး Na’Vi Esports အဖွဲ့အစည်းရဲ့ မန်နေဂျာဖြစ်သူ Igor “caff” Sidorenko ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“CemeTheSalyer ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက်ကို ဝမ်းသာမိပါတယ်။ Leipzig Major ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် CemaTheSlayer အနေနဲ့ အသင်းရဲ့ လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ CemaTheSlayer နဲ့ Na’Vi Dota2 အသင်း အနေနဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

လက်ရှိအချိန်မှာ CemaTheSlayer ကို Na’Vi Dota2 အသင်းရဲ့ ကပ္ပတိန်အဖြစ် တရားဝင် တာဝန်ပေးခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကပ္ပတိန် အဖြစ်ပါ တာဝန်ယူသွားရဖွယ် ရှိပါတယ်။ CemaTheSlayer အနေနဲ့ Vega Squadron Dota2 အသင်းမှာ ကစားခဲ့တဲ့ လေးနှစ်တာ ကာလပတ်လုံး ကပ္ပတိန် အဖြစ် တာဝန်ယူ ကစားခဲ့တာကြောင့် Na’Vi Dota2 အသင်းကိုလည်း အခက်အခဲမရှိ ဦးဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

Na’Vi Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Crystallize – Pos 1
- Magical – Pos 2
- 9pasha – Pos 3
- CemeTheSlayer – Pos 4
- Illias – Pos 5
- Mag – Coach
REF: VpEsports