ရန်ကုန်မြို့ရဲ့ ညနေခင်းတွေမှာ chill လို့ကောင်းတဲ့ အကောင်းဆုံး နေရာ ၉ ခု

ရန်ကုန်မြို့ရဲ့ ညနေခင်းတွေမှာ chill လို့ကောင်းတဲ့ အကောင်းဆုံး နေရာ ၉ ခု

Akhayarပရိသတ်ကြီးရေ၊ နှစ်သစ်ကူး New Year မှာကောင်းကောင်းပျော်ခဲ့ကြရဲ့လား

ခရီးမထွက်ဖြစ်တဲ့သူတွေအတွက်ရော ပိတ်ရက်တွေပြီးလို့ လုပ်ငန်းခွင်ထဲပြန်ဝင်ကြတဲ့ ဘော်ဒါတွေအတွက်ရော ရန်ကုန်မြို့ထဲမှာပဲ အေးအေးဆေးဆေးနဲ့ Chill လို့ကောင်းမယ့် နေရာလေးတွေရှာတွေ့ထားတယ်ဗျ။ ဒီတော့ကျွန်တော်က တစ်ယောက်တည်း ဥမထားတော့ဘဲ အကောင်းဆုံးနေရာလေးတွေကို ပြောပြပါရစေ။

1. Orchard – 8 mile

Orchard BBQ & Restaurant ကတော့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းမှာ တည်ရှိပြီးတော့ သန့်ပြန့်ပြီး စျေးသင့်တဲ့ BBQ & Restaurant ဖြစ်ပါတယ်။ အမြည်းအမျိုးအစားစုံလင်ပြီး အဲဒီက နာမည်ကျော်ပုစွန်အစိမ်းသုပ်လေးနဲ့ လတ်ဆတ်တဲ့ Chang Beer အေးအေးလေးနဲ့Chill လိုက်လို့ကတော့ ဘော်ဒါတို့အတွက် ပြီးပြည့်စုံတဲ့ ည ဖြစ်မှာ အမှန်ပါပဲ။

2. 7 Colour Restaruant

မရမ်းကုန်းဘက်မသွားနိုင်ဘူး၊ ဝေးတယ်ဆိုတဲ့ ညီအစ်ကိုတွေအတွက်တော့ ပုစွန်တောင် ၄၉ လမ်းမှာ 7 Colour ဆိုတဲ့ ဆိုင်လေးရှိတယ်နော်၊ ကန်စွန်းပလိန်းလေးနဲ့ ငါးကင်လေးမှာ၊ ထိုင်းနိုင်ငံက Chang Beer မှာ ပါဝင်တဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေအတိုင်းပါဝင်တဲ့ မြန်မာပြည်အတွက် Chang Beer လေးကို မေ့ာပြီး သူငယ်ချင်းတွေနဲ့အတူ ကုန်ဆုံးလို့​ရတယ်။

3. The Broadway Bistro

ဒါကတော့ အထာကျကျ တောင်ဥက္ကလာမှာ ရှိတဲ့ Bistroလေးဗျ။ ကောင်မလေးတွေအကြိုက် ရေဘဝဲထောင်းနဲ့ ပုစွန်ကင်ရှိသလို Chill ဖို့အတွက်လည်း ပူစရာမလို လတ်ဆတ်အေးမြတဲ့Change Beer ရှိတယ်။ ကားပါကင်နေရာလည်းကျယ်တော့ တိုင်ပတ်မနေဘဲ ပျော်ပျော်ကြီးကဲနိုင်တာပေ့ါ။ ဆိုင်လိပ်စာကတော့ အမှတ် ၆၂ သစ္စာလမ်းမကြီးပေါ်၊ ပုဏ္ဏမီမှတ်တိုင်အနီး (ဝေဇယန္တာလမ်းနဲ့ သုမင်္ဂလာလမ်းမကြား) ဗျား။

4. Country Club Bar & Grill

ကျောက်မြောင်းဘက်မှာရောလို့ မေးရင်တော့ ကျောက်မြောင်းဘက်မှာလည်း Chill ဖို့ ဆိုင်လေးတွေ့ထားတယ်ဗျ။ European Food နဲ့မှ မြည်းချင်သူအတွက် အမြည်းတွေ ရှိသလို အရည်အသွေးမြင့် ချောမွေ့ညက်ညောတဲ့ အရသာနဲ့ Chang Beerလေးလည်း​ရတော့ ဘာလိုသေးလဲ။ လိပ်စာလေးတော့ မှတ်ထားပါ၊ အမှတ် ၂၈၊ သီတာလမ်း၊ ကျောက်မြောင်းနော်။

5. World King Food & Drink

ဥထားတဲ့ နေရာကောင်းလေးထဲက နောက်တစ်နေရာကတော့ သင်္ကန်းကျွန်းပေါ်ဆန်းမွှေးလမ်း အမှတ် ၁၉ မှာ​​​​ရှိတဲ့ World King ဆိုတဲ့ ဆိုင်လေးကျန်သေးတယ်။ ကိုယ်တွေချည်းပဲ စကားမပြောချင်ဘူး၊ သီချင်းလေးနဲ့မှ ဆိုတဲ့ ဘော်ဒါတွေအတွက် တီးဝိုင်းရှိတော့ ဂီတဝါသနာပါတဲ့ ညီအစ်ကိုတွေအတွက် အတိုင်းထက်အလွန်ပဲ။ နေရာကျယ်ဝန်းပြီး Decoration လည်းလှတော့ ချစ်သူကောင်မလေးနဲ့ ရိုမယ်ဆိုရင်လည်း အိုကေတာပဲ။ သောက်စရာဆိုရင်တော့ တခြားသောက်စရာတွေနဲ့အတူ သင်းပျံ့တဲ့ တစေးအနံ့နဲ့ Chang Beer ရတယ်ဗျား။

6. Royal Jasmin

ဒါကတော့ နောက်တစ်ဆိုင်၊ ဒီ Admin သွားလှချည်လားလို့တော့ မပြောနဲ့လေ၊ ကိုယ့်လူတွေအတွက် အနစ်နာခံပတ်ရှာပေးထားတာဗျ။ ကမာရွတ်မှာလည်း နေတယ်၊ ထိုင်းစာလည်းကြိုက်တဲ့ ဘော်ဘော်တွေအတွက် Royal Jasmin Authentic Thai Cuisine ဆိုင်လေးရှိတယ်။ အဲဒီဆိုင်ရဲ့ နောက်ထပ်အကောင်းဆုံးအချက်ကတော့ ထိုင်းဆိုင်ပီပီ ထိုင်းစာအပြင် International Chang Beer ရဲ့ အရည်အသွေးအတိုင်းချက်လုပ်ထားတဲ့ Chang Beer ရတာပါပဲ။ လိပ်စာပြောဖို့ မေ့နေလို့ဗျာ၊ အမှတ် ၁၁၃၊ ၁၁၅၊ ၁၁၇ Diamond Condo မှာပါ။ ထိုင်းစာနဲ့ Chang Beer ကို မြည်းဖို့ ဒီဆိုင်လေးလည်း​ရှိနေပါတယ်။

7. Sea Bass

စမ်းချောင်းသားတွေအတွက်တော့ ဒီဆိုင်က ပြောစရာမလိုဘူး ဖြစ်မှာပါ၊ အမှတ် ၃၇၊ ကျွန်းတောလမ်း၊ ကားပွဲစားတန်းမှာ ရှိတဲ့ Sea Bass ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်မှာလည်း အသင့်သောက်သုံးနိုင်တဲ့ Chang Beer အေးအေးလေးရသလို အမြည်းတွေစုံတဲ့အတွက် သူငယ်ချင်းတွေနဲ့ အေးဆေးသွားလို့အဆင်ပြေပါတယ်၊ သောက်ပြီးရင်လည်း ဆက်သွားစရာ ကာရာအိုကေဆိုင်လေးတွေလည်း အနားမှာ ရှိတယ်နော့။

8. Win Star Bar

ကဲ Win Star ချစ်သူတွေအတွက် နောက်တစ်ဆိုင်၊ စမ်းချောင်းလမ်းမှာ Win Star ဆို လူတိုင်းသိတယ်၊ အကင်တွေ ကောင်းပြီး စျေးသင့်သလိုစားစရာလည်း စုံလင်လို့ လူသိများတာပါ၊ ပိုပြီး ပြည့်စုံစေတဲ့အချက်ကတော့ ထိုင်းနိုင်ငံရဲ့ အမှတ်တံဆိပ် Chang Beer ရဲ့ ပါဝင်ပစ္စည်းတွေအတိုင်း ချက်လုပ်ထားသလို အရည်အသွေးပိုင်း ထပ်တူကျတဲ့ Chang Beer ရတာ ဖြစ်တဲ့အတွက် သူငယ်ချင်းအုပ်လိုက်ကြီးနဲ့  ပျော်ပျော်ပါးပါး chill လို့ရတယ်နော်။

9. The Broadway Avenue

ဒါကတော့ မြို့ထဲဘက်က ဆိုင်လေး ညွှန်းပါဦးဆိုသူတွေအတွက်ပါပဲ၊ဒီဆိုင်လေးကတော့ ပုစွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ၄၅လမ်းထောင့်၊ အမှတ် ၁၆၈ မှာ​ရှိတဲ့ The Broadway Avenue ဆိုတဲ့ ဆိုင်လေးပါပဲ၊ ဆိုင်လေးက သေးသေးလေးဆိုပေမယ့် စားစရာကတော့ စုံတယ်နော် ကိုယ့်လူတို့၊အခေါက်ကင်၊ စီချွမ်ပုစွန်စပ်မွှေးဘာစားချင်လဲ အကုန်ရှိတယ်၊ သောက်စရာဆိုလည်း ဘော်ဒါတို့အကြိုက် အရည်အသွေးမြင့် တရားဝင်ချက်လုပ်ရောင်းချနေတဲ့ Chang Beer ရတယ်ဆိုတော့ ကိုယ့်အုပ်စုလေးနဲ့ ကိုယ်chill မယ်ဆိုရင် ဒီဆိုင်လေးက အဆင်ပြေတယ်လို့ လက်တို့ပါရစေ။

Chang Beer မှ Chang Beer ညွှန်းနေလို့ဆို Chang Beer မှာ Free Beer က စပြီး KIAကားအထိပါ ကံထူးနိုင်မယ့် Luck Draw ရှိတယ်ဗျ။ Campaign ကာလ ကို ဇန်နဝါရီလလယ် ကနေ မေလ အထိသတ်မှတ်ထားပြီး ငွေသားကံစမ်းမဲ ၁၀၀၀,၃၀၀၀,၅၀၀၀, iPhone 11 ၉ လုံး နဲ့ KIA Sportage ကား တစ်စီးကိုပေးမှာပါတဲ့။ ဒီတော့ Change Beer ဘူးခွံ,ပုလင်းအဖုံး တွေကို စစ်ကြည့်ကြဖို့မမေ့နဲ့နော်။ ကံထူးရှင်ဖြစ်သွားရင်တော့ ဇွန်လ ၃၀ ရက်နေ့မှာ Chang Beer က ကံထူးရှင်တွေကို ဆုလက်ဆောင်တွေပေးမှာပါ။ Akhayar ပရိသတ်ကြီးအတွက် chill လို့လည်းကောင်း ကံထူးရှင်ပါဖြစ်နိုင်မယ့်အကြောင်းကို အလင်းပြပေးလိုက်ပြီနော်။

Chang Beer - Time to Win

[Unicode] Chang ဘီယာနဲ့အတူ အလန်းစားဆုကြီးတွေ ပိုင်ဆိုင်ဖို့အချိန်ကျပြီဗျို့🍻 Chang ဘီယာ (620ml & 320ml) ပုလင်းအဖုံး နဲ့ သံဗူး (500ml & 330ml) လက်ကိုင်ကွင်းတွေကို ဖွင့်လိုက်ရုံနဲ့ Free Chang ဘီယာ 330ml သံဗူးတစ်ဗူး၊ ၅၀၀၀ ကျပ် ၊ ၁၀၀၀ ကျပ် ၊ ၃၀၀ ကျပ် စတဲ့ဆုတွေအပြင် အထူးဆုဖြစ်တဲ့ KIA Sportage 2020 model ကားသစ်ကြီး နဲ့ iPhone 11 ဆုတွေကို ပိုင်ဆိုင်နိုင်မှာဗျ😎 ဆုမဲတွေကို ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိ လဲလှယ်ပေးသွားမှာဆိုတော့👍 အခုဘဲ... များများသောက်ပြီး များများကံထူးလိုက်ကြရအောင်ဗျာ... #TimeToWin #Changအချိန်မှာပြောင်းလဲမှုတွေဖွေရှာ [Zawgyi] Chang ဘီယာနဲ့အတူ အလန်းစားဆုကြီးတွေ ပိုင်ဆိုင်ဖို့အချိန်ကျပြီဗျို့🍻 Chang ဘီယာ (620ml & 320ml) ပုလင်းအဖုံး နဲ့ သံဗူး (500ml & 330ml) လက်ကိုင်ကွင်းတွေကို ဖွင့်လိုက်ရုံနဲ့ Free Chang ဘီယာ 330ml သံဗူးတစ်ဗူး၊ ၅၀၀၀ ကျပ် ၊ ၁၀၀၀ ကျပ် ၊ ၃၀၀ ကျပ် စတဲ့ဆုတွေအပြင် အထူးဆုဖြစ်တဲ့ KIA Sportage 2020 model ကားသစ်ကြီး နဲ့ iPhone 11 ဆုတွေကို ပိုင်ဆိုင်နိုင်မှာဗျ😎 ဆုမဲတွေကို ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိ လဲလှယ်ပေးသွားမှာဆိုတော့👍 အခုဘဲ... များများသောက်ပြီး များများကံထူးလိုက်ကြရအောင်ဗျာ... #TimeToWin #Changအချိန်မှာပြောင်းလဲမှုတွေဖွေရှာ

Geplaatst door Chang Beer op Donderdag 9 januari 2020

Chang Beerရဲ့ အကောင်းစားအရသာနဲ့ ချက်လုပ်ပုံတွေကို သိချင်လာပြီဆိုရင်တော့ Chang Beer Pageမှာ သွားကြည့်နိုင်သလို Chang Beer ရဲ့ တရားဝင် Website မှာလည်း လေ့လာအားပေးနိုင်ပါတယ်။

Chang Beer Facebook Page -  https://www.facebook.com/changbeermm/

Chang Beer Website -  https://www.changbeer.com/whats-new/?lang=en