Voltage ကို အမြဲတမ်း ကစားသမားအဖြစ် ခေါ်ယူလိုက်ပြီဖြစ်တဲ့ CSGO အသင်း Chaos

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်နိုင်ငံ အခြေစိုက် CSGO အသင်း Chaos အနေနဲ့ ကစားသမားဖြစ်သူ Owen “Smooya” Butterfield တစ်ယောက် COVID-19 ကပ်ဘေးကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာကြောင့် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

Smooya အနေနဲ့ မွေးရပ်မြေဖြစ်တဲ့ ယူကေနိုင်ငံမှာ ရောက်ရှိလျက်ရှိပြီး ဗီဇာအခက်အခဲကြောင့် အသင်းတည်ရှိရာ အမေရိကန်နိုင်ငံကို ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ Smooya တစ်ယောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိတဲ့ အချိန်အတွင်း Chaos CSGO အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခဲ့တဲ့ Triumph CSGO အသင်းမှ Logan “Voltage” Long ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။
We are happy to announce that we have come to an agreement with @TriumphGamingGG and @onevoltage will be officially joining our CS:GO roster full time.
— Chaos EC☣️ (@ChaosEC) April 5, 2020
Welcome Voltage!
📰 https://t.co/T0HLgn2ADk pic.twitter.com/HyozScKsGh
Voltage အနေနဲ့ FLASHPOINT Season 1 ပြိုင်ပွဲမှာ Chaos CSGO အသင်း ကိုယ်စားပြု ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါ ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့်လည်း အခုလို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခြင်းကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် Chaos CSGO အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Matthew “mCe” Elmore ဟာဆိုရင်လည်း ယခင်အချိန်တွေတုန်းက Voltage ကစားခဲ့တဲ့ Triumph CSGO အသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတာကြောင့် Chaos CSGO အသင်းမှာလည်း mCe လိုချင်တဲ့ ကစားဟန်မျိုးကို Voltage အနေနဲ့ အလွယ်တကူပဲ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
Chaos CSGO အသင်း အနေနဲ့ လက်ရှိအချိန်မှာ FLASHPOINT Season 1 ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို ဧပြီလ (၉) ရက်နေ့မှာ HAVU CSGO အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဆိုပါ ပွဲစဉ်မှာလည်း Voltage တစ်ယောက် လက်စွမ်းကောင်းတွေ ပြသနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Chaos CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Joshua “Steel” Nissan
- Hunter “Sick” Mims
- Anthony “Vanity” Malaspina
- Cameron “cam” Kern
- Logan “Voltage” Long
- Matthew “mCe” Elmore (Coach)
REF: VpEsports