Smooya ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ CSGO အသင်း Chaos

အမေရိကန် အခြေစိုက် CSGO အသင်း Chaos အနေနဲ့ အသင်းရဲ့ AWP ကစားသမားဖြစ်သူ Owen “Smooya” Butterfield ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Smooya အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပြန့်ပွားခြင်း မရှိစဉ် ကာလမှာ နေအိမ် တည်ရှိရာ UK နိုင်ငံကို ခေတ္တ ပြန်သွားခဲ့ပါတယ်။

နေအိမ်ကို ရောက်ရှိပြီး သိပ်မကြာခင် အချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပြန့်ပွားလာခဲ့ပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ အတွက် ဗီဇာ လျှောက်ထားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
“လက်ရှိအချိန်မှာ ကမ္ဘာအနှံ့ ရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီးကြောင့် Smooya တစ်ယောက် ဗီဇာလျှောက်ထားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိသလို အသင်းနဲ့ ဘယ်အချိန်မှ ပြန်လည် ပူးပေါင်းနိုင်မယ် ဆိုတာကို သိရှိနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် Smooya ကို Chaos CSGO အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ Smooya ဆိုတာ တကယ်ကို ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် မကြာခင် အချိန်အတွင်းမှာ အသင်းသစ်ကို ရှာဖွေတွေ့ရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

Smooya အနေနဲ့ Chaos CSGO အသင်းကို ဇန်နဝါရီလကမှ ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အသင်းကနေ ပြန်လည် ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း Chaos CSGO အသင်း အပေါ် အပြစ်တင်သွားဖို့ ဆန္ဒမရှိကြောင်း ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ Chaos CSGO အသင်း အနေနဲ့ Smooya နေရာ အတွက်် Triumph CSGO အသင်းရဲ့ ကစားသမားဖြစ်သူ Logan “Voltage” Long ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူထားတာကြောင့် Voltage ကိုပဲ အမြဲတမ်း ကစားသမား အဖြစ် ပြောင်းလဲ ခေါ်ယူသွားမလား ဒါမှမဟုတ် NA CSGO လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ ShahZam အနေနဲ့ အသင်း လက်မဲ့ အနေအထား အဖြစ် တည်ရှိလျက် ရှိတာကြောင့် Shazam ကိုပဲ ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Chaos CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Joshua “Steel” Nissan
- Hunter “Sick” Mims
- Anthony “Vanity” Malaspina
- Cameron “Cam” Kern
- Logan “Voltage” Long (Stand-In)
- Matthew “mCe” Elmore (Coach)
REF: VpEsports