Kristen Stewart ပါဝင်ထားတဲ့ Charlie’s Angels (၂၀၁၉) ဘယ်တော့ ထွက်မှာလဲ

ချာလီရဲ့ နတ်မိမယ်လေးများကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ တကျော့ပြန်တွေ့ရဖို့ ရှိနေပါတယ်။ ဒီတစ်ခါ Charlie’s Angels ကို အသက်သွင်းပေးမှာကတော့ Elizabeth Banks ဖြစ်ပြီး သူက Charlie’s Angels Reboot ကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။

ဘယ်တော့ ရုံတင်မလဲ
Charlie’s Angels ဇာတ်ကားကို ပထမက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ထွက်လာမယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာပဲ ထွက်လာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဘယ်သူတွေက ချာလီရဲ့ နတ်မိမယ်လေးတွေအနေနဲ့ ပါဝင်မှာလဲ
Charlie’s Angels ရဲ့ မူလကျောရိုးကတော့ ရုပ်ရည်ချောမောသလို ခပ်မိုက်မိုက် စုံထောက်အမျိုးသမီးလေး ၃ ယောက်ဟာ ကိုယ့်ရုပ်ကိုယ်တောင်မပြဘဲ လျှို့ဝှက်လွန်းလှတဲ့ ဘီလျံနာကြီးတစ်ယောက်အတွက် အလုပ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒီတစ်ခါတော့ Reboot ဖြစ်တဲ့အတွက် ဘယ်အရာတွေ ပြောင်းလဲထားမလဲ၊ ဘယ်အရာတွေက အရင်ဇာတ်ကားတွေနဲ့ တူမှာလဲဆိုတာ ရင်ခုန်ရမှာ ဖြစ်ပါတယ်။
Naomi Scott
လန်ဒန်မှာ မွေးတဲ့ Naomi Scott ဟာ ၂၀၁၇ ခုနှစ်ထွက် Power Rangers ဇာတ်ကားမှာ ပန်းရောင် Ranger အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ချာလီရဲ့ နတ်မိမယ်လေးတစ်ပါးအဖြစ် မြင်ရတော့မှာ ဖြစ်ပါတယ်။

Ella Balinska

Ella ကလည်း လန်ဒန်ဖွား မင်းသမီးတစ်ဦးပါပဲ။ သူဟာ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ထွက်ရှိတဲ့ A Modern Tale ကားမှာ ပါဝင်ဖူးပါတယ်။ အခုအခါမှာတော့ Charlie’s Angels မှာ ပါဝင်လာတာ ဖြစ်ပါတယ်။
My Team. My Women. Your Angels. #charliesangels 11.1.19 pic.twitter.com/ai12IwjfED
— Ella Balinska (@ellabalinska) December 12, 2018
Kristen Stewart

Kristen Stewart ကတော့ ချာလီရဲ့ နတ်မိမယ်များထဲမှာ နာမည်အကြီးဆုံးမင်းသမီးအနေနဲ့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ Twilight ရုပ်ရှင်ဇာတ်ကားတွဲတွေ၊ Snow White and the Huntress ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ KStew ကို ချာလီရဲ့ နတ်မိမယ်တစ်ပါးအသွင် ဘယ်လို ပြောင်းလဲ သရုပ်ဆောင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်ရဦးမှာပါ။
ဒါရိုက်တာ Elizabeth Banks ကတော့ “ Charlie’s Angels ဆိုတာ ကျွန်မအတွက်တော့ အမျိုးသမီးတွေရဲ့ စွမ်းအားကို ပြသတဲ့ Original Brand တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ခေတ်မီတဲ့ Global Angels တွေကို မိတ်ဆက်ရမယ့် အချိန်ပါပဲ။ Kristen၊ Naomi နဲ့ Ella တို့ရဲ့ ကြိုးစားမှုနဲ့ သရုပ်ဆောင်မှုတွေကို ကမ္ဘာတဝန်းက ပရိသတ်တွေဆီ ယူဆောင်လာပါတော့မယ်။” လို့ ပြောခဲ့ပါတယ်။
#BTS @CharliesAngels on set. Ella, Kristen, Naomi. #4PercentChallenge ✔️ pic.twitter.com/4XhTc2ElA6
— Elizabeth Banks (@ElizabethBanks) February 7, 2019
သူတို့ ၃ ယောက်နဲ့အတူ Bosleys ညီအစ်ကိုတွေထဲက တစ်ယောက်အဖြစ်ပါဝင်လာမှာကတော့ Sir Patrick Stewart ကြီး ဖြစ်ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းအရ Charlie’s Angels မှာ ‘Me Before You’ ရဲ့ မင်းသား Sam Claflin လည်း ပါဝင်လာပြီး သူပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။

အစက Charlie’s Angels Reboot ရဲ့ ဇာတ်ကောင်တွေနေရာမှာ Lupita Nyong’o နဲ့ ရိုက်ဖို့ စိတ်ဝင်စားခဲ့သလို အဆိုတော် Janelle Monae ကိုလည်း ပါဝင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် Kristen Stewart ၊ Naomi Scott နဲ့ Ella Balinska တို့ရဲ့ Charlie’s Angles လေးတွေကိုတော့ ဒီနှစ်ထဲမှာ ကြည့်ရမှာ အသေအချာပဲမို့ တူတူစောင့်ကြည့်လိုက်ရအောင်ဗျား။
Yoe Lu (Akhayar)
www.akhayar.com
Source: denofgeek.com